Home သတင်း လူသားချင်းစာနာမှု အကူအညီများပေးရာတွင် ကုလသမဂ္ဂ၊ ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အာဆီယံအား EROs နှင့် NUG တို့ တိုက်တွန်း

လူသားချင်းစာနာမှု အကူအညီများပေးရာတွင် ကုလသမဂ္ဂ၊ ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အာဆီယံအား EROs နှင့် NUG တို့ တိုက်တွန်း

569

မေလ ၁၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

အာဆီယံအနေဖြင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများ ပိုမိုပေး အပ်နိုင်ရန်အတွက် ကုလသမဂ္ဂနှင့်ရော ပြင်ပမိတ်ဖက်အဖွဲ့အစည်းများဖြင့်ပါ ပူးပေါင်းဆောင်ရွက်ပေးရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ(EROs)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ -NUG က ယမန်နေ့ မေလ(၁၀)ရက်နေ့ ပူးတွဲထုတ်ပြန်ချက်တွင် တိုက်တွန်းပြောဆိုသည်။

ပြီးခဲ့သည့် မေလ(၇)ရက်နေ့က ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့ရှိ စစ်ဘေးရှောင်များကို ထောက်ပံ့ကူညီရန် လာရောက်သည့် အာဆီယံ သံတမန်အချို့နှင့် အာဆီယံညှိနှိုင်း ရေးရုံး(AHA Centre) မှ ကိုယ်စားလှယ်များစီးနင်းလိုက်ပါလာသော ယာဥ်တန်းအား ထိုမြို့သို့မရောက်ရှိခင် နန်းအောရွာတွင် အမည်မသိလက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းနှင့်စပ်လျဥ်းပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့က ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် နိုင်ငံအတွင်း လက်နက်ကိုင်အကြမ်းဖက်မှုများ အရှိန်အဟုန်မြင့် မားနေရခြင်းမှာ စစ်ကောင်စီ၏ မတရားအာဏာသိမ်းယူမှုကြောင့် ဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုအား စစ်ကောင်စီနှင့်ဆက်စပ်သည့်လက်နက်ကိုင်အဖွဲ့မှ လုပ်ဆောင်ခဲ့ သည်ဟုဆိုထားသလို ထိုသို့တိုက်ခိုက်ခံရမှုသည် ဘေးကင်းလုံခြုံစွာဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် အရေးကြီးကြောင်း သတိပေးနေသည့်အချက်ဖြစ်သည်ဟု ဆိုထားသည်။

ထို့အပြင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူပိုင်နေရာများအား စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် သေဆုံးမှုများရှိသလို နိုင်ငံတစ်ဝှမ်း ရှိပြည်သူ ၁ ဒသမ ၅ (၁.၅) သန်းကျော်သည် လူသားချင်းစာနာရေး အကူအညီများ ရရှိရန်လိုအပ်နေပြီး စစ်ကောင်စီ၏ပိတ်ဆို့တားဆီးမှုများကြောင့် မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကပ်ဘေးတစ်ရပ်ကိုရင်ဆိုင်နေရကြောင်း ၎င်းပူးတွဲထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ထုတ်ပြန်ချက် ထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ “အရင်တုန်းက နယ်စပ်ဖြတ် ကျော်ြပီး ပဲဖြစ်ဖြစ်၊ ပြည်တွင်းကပဲဖြစ်ဖြစ် စစ်ဘေးရှောင် ကူညီသူတွေရှိတယ်။ အဲဒီတုန်း ကတော့ စစ်ဘေးရှောင်ပြည်သူက ဒီလောက်ထိမရှိဘူးပေါ့၊ အခုရှိနေတဲ့စစ်ဘေး ရှောင်ဦးရေရဲ့ လိုအပ်ချက်က ကူညီနိုင်တာ ထက်ကိုကျော်လွန်နေတဲ့အတွက် အရင်ကရှိနေတဲ့ နယ်စပ်ဖြတ်ကျော် အကူအညီပေးမှုတွေ ပိုပြီးတော့ အားကောင်းလာဖို့ ရည်ရွယ်တာပါ” ဟု ထုတ်ပြန်ချက်၏ ပြောရေးဆိုခွင့်ရှိသူ စောဆာကဒါးဖောဆိုးက ပြောသည်။

ထို့ကြောင့် လိုအပ်သောအကူအညီများပိုမိုပေးနိုင်ရန် အာဆီယံအနေဖြင့် ကုလသမဂ္ဂ အပြင် ပြင်ပမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းလုပ်ဆောင်ရန် တိုက်တွန်းထား သည့်အပြင် ပြီးခဲ့သည့်တစ်နှစ်အတွင်း KNU ၏ လေ့လာဆန်းစစ်ချက်များအရ အကူ အညီများကို နိုင်ငံ၏အရှေ့ဘက်နှင့်အနောက်ဘက်နယ်စပ်တစ်လျှောက်မှသာ ပေးနိုင်မည်ဖြစ်ပြီး တိကျသောအချိန်၊ ယာယီအပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှုများနှင့် အကူအညီပေးမှု စောင့်ကြည့်ရေးလုပ်ငန်းစဥ်များအား ထည့်သွင်းဆောင်ရွက်ရန် လိုကြောင်း အကြံပြုထားသည်။

“နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ပြည်တွင်းမှာ ဖြစ်နေတဲ့လူ့ အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်ဖို့၊ လူသားချင်းစာနာတဲ့အကူအညီတွေ ပေးတဲ့အချိန်မှာလည်း ပစ်ခတ်မခံရဖို့ပေါ့။ နိုင်ငံတကာက တချို့အဖွဲ့တွေက အကူအ ညီပေးဖို့ ကျနော်တို့ကို ဆက်သွယ်လာတာရှိပေမယ့် လောလောဆယ်မှာတော့ အစီ အစဥ်ကြီးအနေနဲ့မလုပ်ဆောင်ရသေးတဲ့အတွက် အခုလိုအကြုံပြုတောင်းဆိုရတာပါ” ဟု ထုတ်ပြန်ချက် ပြောရေးဆိုခွင့်ရှိသူ စောဆာကဒါးဖောဆိုးက ဖြည့်စွက်ပြောသည်။

ဆက်လက်၍ စစ်တပ်အာဏာသိမ်းယူသည့်အချိန်မှစ၍ စစ်ကောင်စီ၏ဖိနှိပ်မှုများကို ခံစားနေရသည့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသော ပြည်သူများ၏ အခွင့်အရေး များကိုကာကွယ်ရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် NUG တို့က ဆန့်ကျင် တွန်းလှန်နေကြခြင်းဖြစ်ပြီး AHA Centre ၏ အကူညီပေးရန် ကြိုးပမ်းမှုအားလည်း လက်ခံကြိုဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ မြန်မာနိုင်ငံ၏လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကြပ် အတည်းကြောင့် စိုးရိမ်ပူပန်ရမှုသည် နိုင်ငံတကာ အဆင့်ကိုရောက်ရှိလာပြီဖြစ်ပြီး မိမိတို့အနေဖြင့်လည်း လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလတစ်လျှောက် သက်ဆိုင်ရာနိုင်ငံအားလုံးပူးပေါင်းပါဝင်သော လူသားချင်းကူ ညီစာနာမှုဖိုရမ်တစ်ခုပြုလုပ်နိုင်ရေး နိုင်ငံတကာသို့ တိုက်တွန်းထားသလို အာဆီယံနှင့် ကုလသမဂ္ဂတို့တွင်လည်း ဆက်လက်တွန်း အားပေးခဲ့ခြင်းကြောင့် ပိုမိုကျယ်ပြန့် သောထောက်ခံမှုလည်း ရရှိထားသည်ဟု အဆိုပါပူးတွဲထုတ်ပြန်ချက်အရ သိရသည်။