Home သတင်း ရေကစားသူမရှိသည့် ဖားအံမြို့ သင်္ကြန်အကြိုနေ့

ရေကစားသူမရှိသည့် ဖားအံမြို့ သင်္ကြန်အကြိုနေ့

686
Photo: CJ

ဧပြီလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၏ မြို့တော် ဖားအံတွင် ယနေ့ကျရောက်သည့် သင်္ကြန်အကြိုနေ့တွင် ရေကစားသူမရှိမရှိဘဲ စစ်ကောင်စီ လက်အောက်ခံ လုံခြုံရေးအဖွဲ့ဝင်များသာ တွေ့ရှိရသည်ဟု ဖားအံမြို့ခံတစ်ဦးက ပြောသည်။

၎င်းက “ကမ်းနားလမ်းမှာကျတော့ ခွေး(စကစ လုံခြုံရေးအဖွဲ့ဝင်)သက်သက်ပဲ။ ရေကစားတဲ့သူမရှိဘဲ လာကတဲ့သူ ဆယ်ယောက်လောက်တော့တွေ့ရတယ်။ စုပေါင်းရုံးဆို ခြောက်ကပ်နေတယ်။ ဖားအံကလူတွေတောင် မထွက်ရဲဘဲ အပြင်ကလူဘယ်လာမလဲ “ဟု ယနေ့ ၄နာရီခွဲအချိန်တွင် ကေအိုင်စီသို့ ပြောသည်။

ယနေ့ နံနက်က ဖားအံမြို့ ထုံးအိုင်လမ်းမကြီး၊ ဖားမဲတောင်တောင်ခြေတွင် ကျင်းပသည့် အကြိုနေ့ လမ်းလျှောက်သင်္ကြန်အခမ်းအနားကို ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူများနှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးတို့ တက်ရောက်ခဲ့သည်ဟု သိရှိရသည်။