အောက်တိုဘာ (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သဲဖြူချောင်းတောင်ကျော အထက်ဘက်သို့ စစ်ကြောင်းထိုးရောက်ရှိနေသည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများပြား၍ လေယာဥ်ဗုံးကြဲကာ အကာအကွယ်ယူနေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များအရ သိရသည်။
စစ်အုပ်စုသည် ပြီးခဲ့သည့် စက်တင်ဘာလ(၂၅)ရက်မှစ၍ ဖလူး-ဝေါလေ လမ်းပိုင်းအတိုင်း စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး...