Home သတင်း စစ်ကောင်စီတပ်ဖွဲ့အသွင်ယူ ရေကစားသူများဖြင့် ဖားအံသင်္ကြန် စည်ကားအောင် လုပ်နေရ

စစ်ကောင်စီတပ်ဖွဲ့အသွင်ယူ ရေကစားသူများဖြင့် ဖားအံသင်္ကြန် စည်ကားအောင် လုပ်နေရ

967
Photo: CJ

ဧပြီ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် စစ်ကောင်စီက ဖားအံမြို့ကမ်းနားလမ်းသင်္ကြန်အား စည်ကားအောင် ဝန်ကြီးဌာန မဏ္ဍပ်များ ထိုးကာ ဖျော်ဖြေရေး အစီအစဥ်များ၊ လမ်းလျှောက်သင်္ကြန်ရေပန်းများ ပြုလုပ်အလှဆင်ထားသော်လည်း ရေက စားသူမရှိသဖြင့် ရဲ၊ စစ်တပ်နှင့် စသုံးလုံးဝန်ထမ်းများအား အသွင်ယူ ရေကစားခိုင်းထားကြောင်း စစ်ကောင်စီနှင့်နီး စပ်သည့် ဖားအံမြို့ခံသတင်းအရင်းအမြစ်က ပြောသည်။

ဖားအံမြို့ခံတစ်ဦးက “ဖားအံ သင်္ကြန်က ရပ်ကွက်လူတွေ မသွားကြဘူး။ မဏ္ဍပ်တွေမှာ ကနေကြတာ၊ ကြည့်နေ ကြတာတွေက စစ်တပ်ရဲနဲ့ သတင်းပေးတွေက ပြည်သူတွေဆိုတဲ့ ပုံစံမျိုးအရပ်ဝတ်နဲ့နေနေကကြတာ အများကြီး ပဲလေ၊ ကိုယ်တွေက မြို့ခံရပ်ကွက်သားဆိုတော့ သိတယ်လေ။ ညဘက်သင်္ကြန်အကပြိုင်ပွဲကို မြို့မဘောလုံး ကွင်းထဲမှာ ညနေတိုင်းလုပ်တယ်ကွင်းထဲ ဝင်ကြည့်တဲ့သူက ဝန်ထမ်းမိသားစုတွေနဲ့ အဲ့ဒီအသွင်ယူ စောင့်ကြည့် တဲ့သူတွေ ကင်းပတ်နေတဲ့ သူတွေစစ်ဆေးနေတဲ့ သူတွေသူတို့ကားတွေ့များနေတယ်။ ”ဟု ပြောသည်။

ထို့အတူ ကမ်းနားလမ်းဘက်တွင်လည်း ဌာနဆိုင်ရာအလိုက် မဏ္ဍပ်များလုပ်ပြီး ၎င်းတို့ဝန်ထမ်းများကပင် ဆိုကြ၊ ကကြ လုပ်ဆောင်ကြပြီး စစ်ကောင်စီလူကြီးများ လှည့်လည်ကြည့်ရှုချိန်တွင်သာ ရေပက်ကစားကြသည်ဟု ၎င်းမြို့ခံက ဆက်ပြောသည်။

Photo: CJ

ဖားအံမြို့ သင်္ကြန်မှာ စစ်အာဏာသိမ်းကာလ ၃ ကြိမ်မြောက် သင်္ကြန်ပွဲတော်ဖြစ်ပြီး ဒေသခံပြည်သူများ ပူးပေါင်း ပါဝင်ခြင်းမရှိဘဲ စစ်တပ်ထောက်ခံသူ၊ စစ်တပ်လက်အောက်ခံဝန်ထမ်း၊ စစ်တပ်ထောက်ခံသည့်အရပ်ဘက် အသင်းအဖွဲ့များ၊ စစ်ကောင်စီကျောင်းများမှ ကျောင်းသားကျောင်းသူများဖြင့်သာ လုံခြုံရေးအကန့်အသတ်ဖြင့် စည်ကားသယောင် ပြုလုပ်ကျင်းပ နေရကြောင်း သိရပါသည်။

လတ်တလော သင်္ကြန်ကာလဖြစ်သော်လည်း မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ တောင်ကြာအင်း၊ ဝေါလေဒေသ များ ဘက်တွင် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အတွက် နယ်မြေခံ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဆက်ဖြစ်နေခြင်းကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးစစ်ရှောင်နေရသူများ ဆက်တိုးလာဆဲဖြစ်သည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။