Home သတင်း ကော့ကရိတ်မြို့ သင်္ကြန်အကြိုနေ့တွင် နေရာအနှံ့လုံခြုံရေးချထား

ကော့ကရိတ်မြို့ သင်္ကြန်အကြိုနေ့တွင် နေရာအနှံ့လုံခြုံရေးချထား

726
Photo: CJ (ပုံဟောင်း)

ဧပြီလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယနေ့(ဧပြီလ ၁၃ ရက်နေ့) ကျရောက်သည့် သင်္ကြန်အကြိုနေ့တွင် စစ်ကောင်စီလက်‌အောက်ခံတပ်များက မြို့တွင်းနေရာအနှံ့ လုံခြုံရေးများ ချထားနေကြောင်း ကော့ကရိတ်မြို့‌ခံများက ပြောသည်။

မကြာခဏ တိုက်ပွဲ ဖြစ်ပွားလေ့ရှိသည့် ကော့ကရိတ်မြို့၏ ယနေ့ သင်္ကြန်အကြိုနေ့တွင် စစ်ကောင်စီလက် အောက်ခံ စစ်သား၊ ရဲနှင့် နယ်ခြားစာင့် တပ်(BGF)များသည် မြို့တွင်းနေရာအနှံ့လုံခြုံရေးများ ချထားနေကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ဒီမနက်မှာ လုံခြုံရေးတွေ မြို့တွင်းနေရာအနှံ့ချထားတယ်။ တံတားကြီးမှာဆို ရဲတွေ စစ်သားတွေ နယ်ခြားစောင့်တပ်(BGF)တွေကော လာစောင့်နေတယ်။ မသင်္ကာတဲ့ လူဆိုစစ်ဆေးတာလုပ်တယ်။ ”ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။

ယနေ့ နံနက် ပြုလုပ်သည့် ‌ကော့ကရိတ်မြို့ သင်္ကြန်အကြိုနေ့ ဗဟိုသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားတွင် လူမရှိသလောက်နည်းပါးပြီး ဖွင့်ပွဲပြုလုပ်နေစဉ် လမ်းများပိတ်ထားကြောင်း‌လည်း ကော့ကရိတ်မြို့အခြားဒေသခံတစ်ဦးက ပြောသည်။

ထို့အတူ ယနေ့ ဖားအံမြို့ သင်္ကြန်အကြိုနေ့တွင်လည်း ရေကစားသူ မရှိသလောက်နည်းပါးပြီး စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသာ နေရာတိုင်းလိုလိုတွင် တွေ့ရှိရသည်ဟု မြို့ခံများက ပြောသည်။