Home သတင်း မြဝတီ-အာရှလမ်းမတိုက်ပွဲတွင် စစ်ကောင်စီ ၃ဝ နီးပါးကျဆုံးပြီး ၈ ဦးဖမ်းဆီးခံရ

မြဝတီ-အာရှလမ်းမတိုက်ပွဲတွင် စစ်ကောင်စီ ၃ဝ နီးပါးကျဆုံးပြီး ၈ ဦးဖမ်းဆီးခံရ

1324
Photo: KNU

မတ်လ ၂၈ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ် ကော့ကရိတ်၊ မြဝတီအာရှလမ်းမတစ်လျှောက် တပ်စွဲထားသည့် စစ်ကောင်စီ ပူးပေါင်း တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ မတ်လ ၂၅ရက်နှင့် ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃ဝ နီးပါးကျဆုံးပြီး ၈ ဦးကိုဖမ်းဆီးခံခဲ့ရသည်ဟု သိရှိရသည်။

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် အခြေစိုက်ထားသည့် ခမရ ၅၄၅၊ ၅၄၆ တပ်ရင်း၊ မြို့မရဲစခန်း၊ ဂျိုင်း တံတားလုံခြုံရေးကင်းတပ်ဖွဲ့စခန်း၊ ငါးတိုင်ရွာ အလယ်တန်းစာသင်ကျောင်းဝင်းရှိ တပ်စွဲထားသည့် BGF -နယ်ခြားစောင့်တပ်ဖွဲ့စခန်းနှင့်မြဝတီကုန်သွယ်ရေးဇုန်ရှိ ခလရ -၂၇၅၊ သင်္ဃန်းညီနောင် ၃၃၅ တပ် ရင်း စစ်ဗျူဟာနှင့် ရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တစ်ပြိုင်နက်ဝင် ရောက်တိုက်ခိုက်ခဲ့ ကြခြင်းဖြစ်သည်။

မြဝတီကုန်သွယ်ရေးဇုံ၊ သင်္ဃန်းညီနောင်ရဲစခန်းနှင့် စစ်ဗျူဟာတပ်ရင်းတိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီ တပ်မှ ၁၁ ဦး ကျဆုံးပြီး ဒုရဲမှူးအပါအဝင် အခြားတပ်သားအဆင့် စုစုပေါင်း ၈ ဦးအား စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားပြီး လက်နက်မျိုးစုံ ၁၆ လက်နက်နှင့် ကျည်ဆံများလည်း သိမ်းဆည်နိုင်ခဲ့သလို ကော့ကရိတမြို့နယ် တိုက်ပွဲဖြစ်စဉ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၁၅ ဦးကျော်ကျဆုံးခဲ့သည်ဟု သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့ စစ်ကြောင်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများနှင့် အမြှောက်တပ်မှ လက် နက်ကြီးပစ်ကူများ ပစ်ခတ်ဗုံးကြဲသည့်အတွက် ဒေသခံလူထု ၁,ဝဝဝ ကျော် အိုးအိမ်စွန့်ခွာပြီး စစ်ဘေး တိမ်းရှောင်နေကြရသည်ဟု KNU ဒူးပလာယာခရိုင်၏ တိုက်ပွဲဖြစ်စဉ်သတင်း ထုတ်ပြန်ချက်အရ သိရသည်။

Photo: KNU

Lion Battalion Commando Special တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်တစ်ဦးက “ ပြည်သူတွေ စစ်ရေးသတိအမြဲရှိစေချင်တယ်။ အများကောင်းကျိုးအတွက် လုပ်နေကြတာဖြစ်တဲ့အတွက်မို့ သက် ဆိုင်ရာအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာစေချင်ပါတယ်။ တိုက်ပွဲဖြစ်စဉ်တွေမှာ ထိခိုက်နစ် နာမှုတွေ ရှိနိုင်တဲ့အပေါ်မှာ ပြည်သူတွေနားလည်ပေးဖို့ ပြောလိုပါတယ်။ စစ်ရေးသတိနဲ့ ကြိုတင်ပြင် ဆင်မှုတွေ ရှိထားစေချင်ပါတယ်” ဟု ယနေ့ မတ်လ ၂၈ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

နှစ်ဖက်တိုက်ပွဲဖြစ်စဉ်ကြောင့် ကျုံဒိုး၊ မြဝတီ၊ အတွင်းမဲကနယ်၊ အပြင်မဲကနယ် မြို့သစ်များရှိ ဒေသခံ လူထုတို့၏ နေအိမ်များနှင့် မွေးမြူရေးတိရစ္ဆာန်များ အများအပြားထိခိုက်ပျက်စီးသေဆုံးမှုရှိပြီး ယနေ့ အချိန်ထိ နေအိမ်မပြန်နိုင်ကြသေးသည့် စစ်ရှောင်ဦးရေ ၁ ထောင်ကျော်မှာလည်း အစားအ သောက်များနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေလျက်ရှိသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။