Home သတင်း ကလိတ်တုတ်ရွာကိုယ်ထူကိုယ်ထ အထက်တန်းကျောင်း၏ ကျောင်းဆင်းပွဲကျင်း ပပြီးစီး

ကလိတ်တုတ်ရွာကိုယ်ထူကိုယ်ထ အထက်တန်းကျောင်း၏ ကျောင်းဆင်းပွဲကျင်း ပပြီးစီး

585
Photo: CJ

မတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်ရှိ ကလိတ်တုတ်ကျေးရွာ ကိုယ်ထူကိုယ်ထ အထက်တန်းကျောင်း၏ ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် ကျောင်းဆင်းပွဲကို ယမန်နေ့ မတ်လ ၁၅ရက်နေ့တွင် ပြုလုပ်ကျင်းပပြီးစီးခဲ့သည်ဟု သိရသည်။

ယမန်နေ့ ကျောင်းဆင်းပွဲသို့ ကျောင်းဆရာ/ဆရာမ၊ ကျောင်းသူ/ကျောင်းသားနှင့် ကျောင်းသားမိဘများအပါအဝင် စုစုပေါင်း ၂၀၀ ဦးဝန်းကျင် တက်ရောက်ခဲ့ပြီး ထူးချွန်သူကျောင်းသူ/ကျောင်းသားများအား ဆုပေးအပ်ချီးမြှင့်ခဲ့သည်ဟု ကျောင်းတာဝန်ရှိသူများက ပြောသည်။

ကလိတ်တုတ်ကျေးရွာ ကိုယ်ထူကိုယ်ထအထက်တန်းကျောင်း စတင်ဖွင့်လှစ်သည့် ၂ နှစ်အတွင်းတွင် ကျောင်းသား/ကျောင်းသူများ ပိုမိုတိုးလာသဖြင့် နေရာထိုင်ခင်း နှင့် ဆရာ/ဆရာမများလိုအပ်နေကြောင်း ကလိတ်တုတ်ကျောင်းအုပ်ဆရာမက ပြောသည်။

ကျောင်းအုပ်ဆရာမက “ကျောင်းစတင်ဖွင့်လှစ်တာ ၂ နှစ်ပဲရှိသေးတယ်။ ပထမနှစ် ကျောင်း သူ/ကျောင်း သားက ၁၇၃ ယောက်ပဲရှိတယ်။ ဒီနှစ်တော့အယောက် ၃၀၀ ရှိတယ်။ လာမယ့်နှစ်လည်း ကျောင်းသူ/ကျောင်းသားတွေထပ်တိုးလာဖို့ရှိတယ်။ အဲ့ဒီအတွက် နေရာထိုင်ခင်းတွေ‌စာသင် ကျောင်းအ ဆောက် အအုံတွေ ဆရာ/ဆရာမတွေ လိုအပ်ချက်ရှိလာတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ပြီး ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD သင်ရိုးညွှန်းတမ်းကိုသာ အဓိက သင်ကြားပေးသည့် ကလိတ်တုတ် ကိုယ်ထူ ကိုယ်ထ အထက်ကျောင်းတွင် စကောကရင်၊ အင်္ဂလိပ်၊ သမိုင်း၊ သင်္ချာနှင့် လူမှုရေး စသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့သည်ဟု သိရသည်။

Photo: CJ