ဇူလိုင်၊ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ပဋိပက္ခအတွင်းစစ်ရှောင်နေရသည့် အမျိုးသမီးအများစုသည် ပုံစံမတူသော စိတ်လုံခြုံမှုမရှိ၊ အန္တရာယ်မကင်းသည့် ပတ်ဝန်းကျင်သစ်တစ်ခုတွင် ရောက်ရှိနေသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က “စစ်ရှောင်အမျိုးသမီးများစိန်ခေါ်နေရသည့် အတွေ့အကြုံများ” အစီရင်ခံစာထဲ၌ ထောက်ပြထားသည်။
“အကြောက်တရားကို အံတုရင်း မြန်မာပြည် အရှေ့တောင်ပိုင်းဒေသရှိ နေရပ်စွန့်ခွာနေရခြင်းနှင့် လုံခြုံရေး ဆိုင်ရာစိန်ခေါ်မှုများကိုရင်ဆိုင်...