Home သတင်း ပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းသေဆုံးဟု ရေးဘီလူးတပ်ဖွဲ့ပြော

ပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းသေဆုံးဟု ရေးဘီလူးတပ်ဖွဲ့ပြော

867

ဇန်နဝါရီ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယနေ့ဇန်နဝါရီလ ၂ ရက်နေ့နံနက်က ဖြစ်ပွားသည့် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသည့် ရေးဘီလူးအဖွဲ့နှင့် စစ်ကောင်စီတပ်များ ပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်းက ပြောသည်၊၊

ရေးမြို့နယ်၊ ကျုံလောင်း ရွာဟောင်းရှိ Mytel တာဝါတိုင်ကို ယနေ့ နံနက် ၈နာရီဝန်းကျင်အချိန်ခန့်တွင် ရေးဘီလူး အဖွဲ့က သွားရောက်ဖြိုခွဲဖျက်ဆီးမှုများ ပြုလုပ်ပြီးနောက် ၎င်းတာဝါတိုင်ရှိရာ နေရာသို့ခြေလျင်တက်လာသော စစ်ကောင်စီတပ်သားများနှင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက် သေဆုံးမှုများရှိခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ယခုလို ပြောသည်။

၎င်းက “ကျနော်တို့ဒီမနက် ရှစ်နာရီမထိုးခင်လောက်မှာ မိုင်တဲတာဝါတိုင်ကို အရင်ဖြိုခွင်းတယ်။ ဖျက်ဆီး ပစ်လိုက် တယ်။ အချိန် နှစ်နာရီလောက်အကြာမှာ ဒီကောင်တွေတက်လာခဲ့တယ်။ တက်လာတော့ ခြေလျင်နဲ့ တက်လာ တယ်။ ဒီစစ်ကြောင်းကို ကျနော်တို့တွေက ကင်းပုန်းနေရာယူပြီး ဝိုင်းပစ်တယ်။ စစ်ခွေး ခုနှစ်ကောင် ရှစ်ကောင်လောက်ကျတယ်။ ပြီးတော့ ဒီကောင်တွေတပ်ပြန်ဆုတ်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ရေးဘီလူးအဖွဲ့ဘက်က အထိအခိုက်မရှိဘဲ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ ကြောင်းလည်း ရေးဘီလူးအဖွဲ့ခေါင်းဆောက်က ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ရက်နေ့ကလည်း ရေးဘီလူးတပ်ဖွဲ့ဝင်များက ရေးမြို့၊ ကျောင်းရွာရှိ စစ်ကောင် စီ၏ (၅၉၁) တပ်ရင်းမှစစ်ကားကို တိုက်ခိုက်ခဲ့ပြီး စစ်ကားပေါ်တွင် စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များ၏ ပြောဆိုမှုအရ သိရသည်။

ထို့အပြင် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ-၅၈၆)တပ်ရင်းကို ရေးဘီလူးအဖွဲ့က RPG ဖြင့် သွားရောက် ပစ်ခတ်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား (၄)ဦးသေဆုံးပြီး (၃)ဦး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိခဲ့သေး ကြောင်းလည်း ရေးဘီလူးဘက်က ပြောဆိုထားသည်။

ယနေ့ ပစ်ခတ်မှုနှင့် ထိခိုက်သေဆုံးမှု အခြေအနေနှင့်ပတ်သက်၍ ကေအိုင်စီအနေဖြင့် သီးသန့် အတည်ပြုချက်မရရှိသေးပေ။