Home သတင်း သံတောင်ကြီးရှိ ကျေးရွာများတွင် တရားမဝင်လောင်းကစားဝိုင်းများကို စစ်ကောင်စီနှင့်ရဲက ငွေကောက်ခံပြီး ဖွင့် ခွင့်ပြုထား

သံတောင်ကြီးရှိ ကျေးရွာများတွင် တရားမဝင်လောင်းကစားဝိုင်းများကို စစ်ကောင်စီနှင့်ရဲက ငွေကောက်ခံပြီး ဖွင့် ခွင့်ပြုထား

782
Photo: CJ

ဒီဇင်ဘာလ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ထုံးဘိုကြီး၊ ပျားစခန်း၊ ငြိမ်းချမ်းရေးကုန်းအစရှိသည့် ကျေးရွာများတွင် စစ်ကောင်စီနှင့် ရဲဖက်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်များပူးပေါင်း၍ လောင်းကစားဝိုင်းများကို ငွေကြေးကောက်ယူ၍ ခွင့်ပြုပေးထားသောကြောင့် တရားမဝင်လောင်းကစားဝိုင်းများ ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာသိမ်းမှုမတိုင်ခင် တောင်ငူ-သံတောင်လမ်းရှိ မိုးကောင်းနှင့်အင်းဝိုင်းရပ်ကွက်များတွင် ဂေါက်ကဲဟု ခေါ်သည့် အံစာတုံးပစ်လောင်းကစားဝိုင်းများ ခိုးဝှက်၍ဖွင့်လှစ်ထားကြရာမှ အာဏာသိမ်းပြီးနောက်ပိုင်း ယခုနှစ် ဇူလိုင်လမှ စတင်ကာ လေးမိုင်ဘုန်းကြီးကျောင်းတိုက်နှင့်အနီးအနားရှိ ရပ်ကွက်များတွင် ဂေါက်ကဲဝိုင်းများ သာမက ဖဲဝိုင်းနှင့် ကြက်တိုက်ဝိုင်းများ ပိုမိုများပြားလာသလို တောင်ငူ-သံတောင်လမ်း ခုနှစ်မိုင်တွင်လည်း စစ်ကောင်စီမှ အရပ်ဝတ်အသွင်ယူ၍ ဖွင့်လှစ်ထားသော လောင်းကစားဝိုင်းများရှိလာကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “အဲဒီလောင်းကစားဝိုင်းတွေကို လာကစားကြတဲ့သူတွေထဲမှာ ဒေသခံတွေတင်မကဘူး။ စစ်တပ်အသိုင်း အဝိုင်းနဲ့ကြံ့ခိုင်ရေးအဖွဲ့ဝင်တွေပါ ပါတယ်။ လောင်းကစားဝိုင်းမှာ စစ်ကောင်စီက အခွန်ကောက်တယ်။ မပေးနိုင် ရင် အချုပ်ထဲနှစ်ပတ်ထည့်ထားတယ်။ ငွေနဲ့ပြန်လိုက်ရွေးရတာတွေလည်း ရှိတယ်။ မူးရူးနေတဲ့လောင်းကစား သမားတွေ များပါတယ်။ တစ်ခါတလေ အချင်းချင်းရန်ဖြစ်ပြီး ပြဿနာတွေလည်းတက်ကြတယ်။” ဟု ကေအိုင် စီသို့ ပြောသည်။

အဆိုပါကျေးရွာများရှိ လောင်းကစားဝိုင်းများသည် စစ်တပ်စခန်းနှင့် အနီးတဝိုက်တွင် ရှိနေခြင်းဖြစ်ပြီး စစ်ကောင်စီမှ အရေးယူခြင်းမျိုးမရှိသည့်အပြင် ရဲများကိုယ်တိုင် လောင်းကစားဝိုင်းများကို လာရောက် ငွေကြေးကောက်ယူမှုများ ပြုလုပ်ကြောင်း အခြားဒေသခံ ရွာသားတစ်ဦးက ယခုလိုပြောပြသည်။

“ကျနော်ကြားတာတော့ ရဲတွေက လောင်းကစားဝိုင်းတွေကို အခွန်လာကောက်တယ်တဲ့။ တောင်ငူ-သံတောင် လမ်း လေးမိုင်၊ ငါးမိုင်နဲ့နီးတဲ့ စစ်တပ်စခန်းတွေကလည်း လောင်းကစားဝိုင်းတွေကို အခွန်ကောက်တယ်။ အမှတ် (၃)ရဲ စခန်းကလည်း အခွန်ကောက်တယ်။ ရဲရော၊ စစ်တပ်ရော ပေါင်းပြီး ဘာမှမလုပ်တဲ့အပြင် အခွန်ပါကောက် နေကြတာ” ဟု ကေအိုင်စီ သို့ပြောသည်။

၎င်းအပြင် သံတောင်ကြီးမြို့ပေါ်တွင်လည်း ဒေသခံလူငယ်များ ပျက်စီးစေလောက်သည်အထိ မူးယစ်ဆေး လက် ဝယ်ထား၍ ဖြန့်ဖြူးရောင်းချခြင်းများရှိနေပြီး မူးယစ်ဒိုင်အဖြစ်လုပ်ဆောင်သူများတွင် နယ်မြေခံ ပြည်သူ့ စစ် အဖွဲ့မှ ခေါင်းဆောင်ပိုင်းတစ်ဦးပါဝင်ကြောင်းနှင့် ဖြန့်ဖြူးရောင်းချသူများတွင် ဆေးအမှုဖြင့် ထောင်မှပြန်လွတ် လာသော ထောင်ထွက်များ၊ စစ်မှုထမ်းဟောင်းများပါဝင်နေကြောင်း သံတောင်ကြီးမြို့ဒေသခံများက ဆိုသည်။

“ အရင်က လူငယ်တွေဆီမှာ ဆေးပြားတွေ မကြာခဏမိတယ်။ စစ်တပ်ကဖမ်းရင်လည်း ၂ နာရီလောက်ကြာရင် ပြန်လွှတ်ပေးလိုက်ရော။ မြို့ထဲမှာဒီလိုမူးယစ်ဆေးရောင်းချတာတွေရှိနေတာကို ဒီနှစ်စက်တင်ဘာလလောက်က သက်ဆိုင်ရာလူကြီးတွေကို သွားပြောတော့ ဟိုဘက်က သတင်းရပြီး ကားအဖြူတစ်စီးနဲ့ နေရာရွှေ့သွားတယ်။” ဟု အခြားဒေသခံတစ်ဦးကလည်း ပြောသည်။

အလားတူ တောင်ငူမြို့ပေါ်တွင်လည်း ဆိုင်ကယ်များအား ဖမ်းဆီးစစ်ဆေးမှုများပြားနေပြီး လိုင်စင်မပါရှိပါက ခိုးရာပါ ဆိုင်ကယ်ဟု စွပ်စွဲကာ ဆိုင်ကယ်များကိုသိမ်းယူ၍ မတရားငွေညှစ်ခြင်းအပြင် လူကိုပါ ဖမ်းဆီး ထောင်ချသည်အထိ လုပ်ဆောင်နေမှုများ များပြားလာကြောင်းလည်း ဒေသခံများက ပြောသည်။ှစ်ခြင်းအပြင် လူကိုပါ ဖမ်းဆီး ထောင်ချသည်အထိ လုပ်ဆောင်နေမှုများ များပြားလာကြောင်းလည်း ဒေသခံများက ပြောသည်။