Home ဆောင်းပါး ဘယ်နည်းနာပဲရွေးရွေး နည်းနည်းလေးမှ လွဲချော်သွေဖည် ဖောက်ဖျက်လို့မရတဲ့ ဦးတည်ချက်

ဘယ်နည်းနာပဲရွေးရွေး နည်းနည်းလေးမှ လွဲချော်သွေဖည် ဖောက်ဖျက်လို့မရတဲ့ ဦးတည်ချက်

1170

ဘယ်နည်းနာပဲရွေးရွေး နည်းနည်းလေးမှ လွဲချော်သွေဖည် ဖောက်ဖျက်လို့မရတဲ့ ဦးတည်ချက်

မောင်ကျော်စွာ

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉ရက်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ဗဟိုအလုပ်ကော်မတီက ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့၊ ရက်စွဲ ဖြင့် သတင်းထုတ်ပြန်ချက်အမှတ် (၁၂/၂၀၂၂)ကို ထုတ်ပြန်ထားပါတယ်။ အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အချက် (၁၄)ချက် ပါရှိပြီး အဓိကအားဖြင့် အောက်ပါအတိုင်း အကြောင်းအရာ ၂ခုအပေါ် အဓိကအားဖြင့် သတင်းစကားပါးထား တာ တွေ့ရှိရပါတယ်။

ပထမတစ်ခုမှာ အကြမ်းဖက်(စကစ)စစ်အုပ်စုက ပြုလုပ်မည်ဆိုသည့် “အထွေထွေရွေးကောက်ပွဲ (၂၀၂၃ခုနှစ်) အပေါ်သဘောထား”ဖြစ်ပြီး ဒုတိယတစ်ခုမှာ “အာဆီယံအထူးကိုယ်စားလှယ် အပါအဝင် မြန်မာ့အရေးဆိုင်ရာ ကိုယ် စားလှယ်များအားလုံး တစ်နည်းအားဖြင့် မြန်မာ့အရေးတွင် ကိုယ့်မူကိုယ်ဟန်ဖြင့် ပါဝင်ဆောင်ရွက်နေကြတဲ့ ပြည်ပ နိုင်ငံများထံ” တည့်မတ်စွာ ဦးတည်ထားတာ တွေ့ရပါတယ်။

အကြမ်းဖက်(စကစ)စစ်အုပ်စုက ပြုလုပ်မည်ဟု အတိအလင်းကြေညာထားသော အထွေထွေရွေးကောက်ပွဲ (၂၀၂၃)အပေါ် (NLD)ပါတီ၏ သဘောထားမှာ အခြေခံအားဖြင့် ပြတ်သားပါတယ်။ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အ နေဖြင့် လုံးဝ လက်ခံအသိအမှတ်ပြုမည် မဟုတ်ကြောင်း” အတိအလင်း ဖော်ပြထားပါတယ်။

“အာဆီယံအထူးကိုယ်စားလှယ် အပါအဝင် မြန်မာ့အရေးဆိုင်ရာ ကိုယ်စားလှယ်များအားလုံးထံ” ဦးတည်ပန် ကြားရာတွင်လည်း “ပြည်သူလူထု၏ ဆန္ဒမှန်ကို အသိအမှတ်ပြုထင်ဟပ်စေသော ရည်ရွယ်ချက်နှင့် လက်တွေ့ကျ သော လုပ်ငန်းစဉ်များဖြစ်ရန် လိုအပ်ကြောင်း – လတ်တလောပြဿနာများ ပြေလည်ရေးကိုသာ ရှေးရှုပြီး ဦးစားပေး ဆောင်ရွက်မှုများသည် မြန်မာနိုင်ငံတော်၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးများကို ထိခိုက်ပျက်သုဉ်းစေနိုင်ပြီး အနာ ဂတ်မြန်မာနိုင်ငံအား အနိဌာရုံများအတွင်းသို့ တွန်းပို့လိုက်ရာ ရောက်စေနိုင်သဖြင့် ယင်းသို့မဖြစ်စေရေးအတွက် အထူး သတိပြုရန်” တစ်ဖက်မှာ အလေးအနက် ပန်ကြားနေပါတယ်။

ထို့အပြင် အခြားတစ်ဖက်မှာလည်း “အာဆီယံအထူးကိုယ်စားလှယ် အပါအဝင် မြန်မာ့အရေးဆိုင်ရာ ကိုယ်စား လှယ်များအားလုံးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်စွာ တွေ့ဆုံနိုင်ရေး၊ စစ်မှန်သော ကိုယ်စားပြုမှုရှိသည့် ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံ ရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို ဦးစားပေးလုပ်ငန်းစဉ်အဖြစ် သတ်မှတ်အကောင်အထည်ဖော် သင့်ပါကြောင်း” မြန်မာ့အရေး ပါဝင်ဆောင်ရွက်နေသူ ကမ္ဘာ့ခေါင်းဆောင်များကို အလေးအနက် တိုက်တွန်းထားပါ တယ်။

ယခု လက်ရှိအချိန်အထိ “တရားဝင်ပါတီတစ်ရပ်”အဖြစ် တည်ရှိဆဲဖြစ်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အ နေနဲ့ လုပ်သင့်လုပ်ထိုက်သောအလုပ်ကို ပြုလုပ်ခြင်း၊ ပြောသင့်ပြောထိုက်သော သတင်းစကားကို အသိပေးပြောကြား ဖြစ်တယ်လို့ မှတ်ယူပါတယ်။ တကယ်တော့ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဆန္ဒမဲပေး ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် အသီးသီးရရှိထားတဲ့ နိုင်ငံရေးပါတီများအနေနဲ့ တိုင်းပြည်နဲ့ပြည်သူအကျိုးကို ရှေးရှုပြီး လုပ်သင့်လုပ်ထိုက်သော အလုပ်တွေကို လုပ်ဖို့၊ ပြောသင့်ပြောထိုက်စကားတွေကို ပြောကြားဖို့ တာဝန်ရှိပါတယ်။

ထိုသို့ သက်ဆိုင်ရာပါတီများက တိုင်းပြည်နဲ့ ပြည်သူ့အကျိုးကို ရှေးရှုပြီး ပြုလုပ်သောအလုပ်/ပြောဆိုသော စကားတွေကို ကြည့်ရှုနားထောင် အကဲဖြတ်လျှင် ဘယ်ပါတီတွေက “ဓမ္မဘက်မှာ” ရပ်တည်နေတယ်။ ဘယ်ပါတီတွေ ကတော့ “အဓမ္မဘက်မှာ” ကပ်ရပ်နေတယ်။ ဘယ်ပါတီကတော့ “ကိုယ့်ပါတီတည်ရှိရေးအတွက် ကွက်ကွက်ကလေး ကိုယ်ကျိုးကြည့်နေတယ်” ဆိုတာကို ပြည်သူတွေက မှတ်ကျောက်တင်နိုင်မှာဖြစ်ပါတယ်။ ထို့အတူ ဘာသံမှမထွက်ဝံ့ ဘဲ အသံဝင်နေသလို၊ နှာစေးနေသလို တုံဏှိဘာဝေနေနေကြတဲ့ ပါတီတွေလည်း ရှိပါကလား။ ထို့အပြင် ခါတော်မီ အကြောင်းပြချက်ကလေးတွေပေးပြီး မိမိပါတီကို မိမိကိုယ်တိုင်လျှောက်ထား ဖျက်သိမ်းသွားကြလေသလား စသဖြင့် ပြည်သူတွေက ကမ္ဗည်းတင်ပါလိမ့်မယ်။

တစ်ဖက်က လက်နက်ကိုင်တော်လှန်ရေးကို အင်နဲ့အားနဲ့ အရှိန်အဟုန်နဲ့ ဆင်နွှဲကြရမှာဖြစ်သလို အခြားတစ် ဖက်ကလည်း နိုင်ငံရေးနည်းလမ်းနဲ့ အကြောင်းအကျိုး ကျကျနန၊ ခိုင်ခိုင်လုံလုံနဲ့ တိုက်ပွဲဆင်နွှဲဖို့လိုပါတယ်။ အဓိက သတိမူရမယ့် ပထမအချက်ကတော့ ဘုံရန်သူ အကြမ်းဖက်(စကစ) စစ်အုပ်စုကို တည့်တည့်မတ်မတ် ဦးတည်တိုက် ခိုက်ကြဖို့ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ မိမိထူးခြားချက်နဲ့အညီ ရွေးချယ်ထားကြတဲ့ “တိုက်ပွဲနည်းနာ မတူညီ တာကို” အကြောင်းပြုပြီး အပြန်အလှန် ထိုးနှက်တိုက်ခိုက်တာမျိုး မလုပ်ကြဖို့နဲ့ အပြန်အလှန် နားလည်မှုယူထားကြဖို့ လိုအပ်ပါတယ်။

ဒီကိစ္စဟာ အင်မတန်မှ သိမ်မွေ့ပြီး ရှုပ်ထွေးပါတယ်။ အကြမ်းဖက်(စကစ) စစ်ကောင်စီထဲ ကိုယ်တိုင်ကိုယ်ကျ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်နေတာမျိုးကိုတော့ “တိုက်ပွဲနည်းနာ မတူညီတာပါ”လို့ အကြောင်းပြလို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ “မိမိပါတီတရားဝင် ဆက်လက်ရပ်တည်နိုင်ဖို့” ဆိုတဲ့ အကြောင်းပြချက်အတွက် (စကစ) စစ်အုပ်စု ပြုသမျှ နုနေရတဲ့ ဘဝပါလို့ သနားစဖွယ် မျက်ရည်ခံထိုးတာမျိုးဟာလည်း ဘယ်လိုမှ ကြောင်းကျိုးဆီလျော်လိမ့်မယ် မဟုတ်ပါဘူး။

ကျနော်တို့ ပြောဆိုလေ့ရှိကြတဲ့ အမှန်နဲ့အမှား၊ တရားတာနဲ့ မတရားတာ၊ ဓမ္မနဲ့အဓမ္မဆိုတဲ့ စည်းကြောင်းတွေ ဟာ မိမိဆောင်ရွက်လိုက်တဲ့ ပြုမူလုပ်ဆောင်မှု၊ ပြောဆိုကြေညာမှုတွေဟာ ပြည်သူလူထုအတွက် လက်တွေ့မှာ အကျိုးရှိ/မရှိဆိုတဲ့စံနဲ့ ချိန်ကိုက်စစ်ဆေးပြီး တကယ်ပဲ အကျိုးရှိတယ်ဆိုရင် မှန်တယ်၊ တရားတယ်၊ ဓမ္မဘက်ဖြစ်တယ် လို့ ခွဲခြားနိုင်ဖို့ ဖြစ်ပါတယ်။

ပါးစပ်ထဲကအပြော စာရွက်ပေါ်က အရေးအသားတွေသက်သက်နဲ့တော့ အကဲဖြတ်လို့ ဘယ်လိုမှ မဖြစ်နိုင်ပါ ဘူး။ တခြားဝေးဝေးမကြည့်ပါနဲ့။ ကျနော်တို့ ဖြတ်သန်းခဲ့ကြတဲ့ ပြီးခဲ့တဲ့ ၂နှစ်တာကာလကိုပဲ ပြန်ကြည့်ပါ။ အကြမ်း ဖက်သမား မင်းအောင်လှိုင်နဲ့ (စကစ) စစ်အုပ်စုက သူတို့ကိုယ်သူတို့နဲ့ သူတို့လုပ်ရပ်တွေကို ဘယ်လောက်ပဲ အမွှမ်းတင် နေကြပါစေ တကယ့်လက်တွေ့မှာတော့ ဒီနေ့ကာလ တိုင်းပြည်နဲ့အဝန်းမှာ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ အကြမ်းဖက် မှုမျိုးစုံ၊ ဘေးအန္တရာယ်မျိုးစုံဟာ (စကစ) စစ်အုပ်စုရဲ့ (၁-၂-၂၀၂၁) ရက်နေ့ အာဏာသိမ်းပိုက်မှုကနေ သူတို့ဖန်တီးလို့ တိုက်ရိုက်ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးဆက်တွေသာဖြစ်တယ် မဟုတ်ပါလား။ စစ်အုပ်စုရဲ့ အကြမ်းဖက်အာဏာသိမ်းပိုက် မှုနဲ့ မဟုတ်မဟတ် လုပ်ကြံစွပ်စွဲချက်တွေဟာ တိုင်းပြည်နဲ့ပြည်သူကို ကြီးမားနက်ရှိုင်းစွာ ထိခိုက်နစ်နာရတယ်ဆိုတာ ဟာ ၁၉၅၈ – ၁၉၆၂ – ၁၉၈၈ စစ်အုပ်စုရဲ့ အာဏာသိမ်းပွဲအဆက်ဆက်မှာ ကြုံတွေ့ရင်ဆိုင်ခဲ့ကြရပြီးဖြစ်တယ်။ အခု (၁-၂-၂၀၂၁)ရက်နေ့ အကြမ်းဖက်သမား မင်းအောင်လှိုင် (စကစ)စစ်အုပ်စုရဲ့ အာဏာသိမ်းပိုက်မှုကလည်း ရှေ့အာဏာ သိမ်းပိုက်မှုများနည်းတူ တိုင်းပြည်နဲ့ပြည်သူကို ကြီးမားနက်ရှိုင်းစွာ ထိခိုက်နစ်နာစေခဲ့ရပြန်ပြီ။
အာဏာသိမ်းပိုက်တယ် – ခေါင်းဆောင်များကို ဖမ်းတယ် – ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းခဲ့တယ် ဒီအကျိုး ဆက်တွေက တိုင်းပြည်နဲ့အဝန်း သိမ့်သိမ့်တုန်သွားစေတဲ့ လူထုဆန္ဒပြပွဲကြီးတွေ အရှိန်အဟုန်နဲ့ ပေါ်ပေါက်လာတယ် မဟုတ်ပါလား။ ဒီလိုလူထုဆန္ဒပြပွဲကြီးတွေကို အကြမ်းဖက်ဖိနှိပ်ချေမှုန်းလို့ လက်နက်ကိုင်တော်လှန်ရေးဆိုတဲ့ အဆင့် သစ်အထိ ခုန်ကူးပြောင်းလဲသွားတယ် မဟုတ်ပါလား။

ဖိနှိပ်အကြမ်းဖက်မှုကို စတင်သူဟာ မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စုသာဖြစ်ပြီး နေ့စဉ်နဲ့အမျှ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို အဆက်မပြတ် ကျူးလွန်နေတာဟာလည်း မင်းအောင်လှိုင်တို့ရဲ့ (စကစ) စစ်အုပ်စုသာဖြစ်တယ် ဆိုတာ ဖြတ်သန်းခဲ့တဲ့ ၂နှစ်တာ လက်တွေ့ထဲမှာ အထင်အရှား မြင်တွေ့နေကြရပါတယ်။

ဒါကြောင့် ဘယ်သူ/ ဘယ်ပါတီပဲ ဘယ်လိုအဖွဲ့အစည်းပဲဖြစ်ပါစေ။ ဘယ်နည်းလမ်း/ ဘယ်နည်းနာကို ရွေးချယ်သည်ဖြစ်ပါစေ “စစ်အုပ်စု – စစ်အာဏာရှင်စနစ် – စစ်ဗြူရိုကရေစီယန္တရားနဲ့ ၂၀၀၈ အခြေခံဥပဒေကို အကုန်အ စင်ဖျက်သိမ်းပစ်မယ်” ဆိုတဲ့ ပင်မဦးတည်ချက်ဟာ တိတိကျကျ၊ ရှင်းရှင်းလင်းလင်း ကြေညာထားဖို့ လိုအပ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးရဲ့ ပထမဆုံး ဦးတည်ချက်ဟာ “စစ်အုပ်စု – စစ်အာဏာရှင်စနစ် – စစ်ဗြူရိုကရေစီ ယန္တရားနဲ့ ၂၀၀၈ အခြေခံဥပဒေကို အကုန်အစင်ဖျက်သိမ်းရေး” ဖြစ်ရမယ်။
ထို့အတူ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရေးအတွက် ပထမဆုံးဦးတည်ချက်ဟာလည်း “စစ်အုပ် စု – စစ်အာဏာရှင်စနစ် – စစ်ဗြူရိုကရေစီယန္တရားနဲ့ ၂၀၀၈အခြေခံဥပဒေကို အကုန်အစင် ဖျက်သိမ်းရေးပဲ” ဖြစ်ရမယ်။ ဒီဦးတည်ချက်ကနေ နည်းနည်းလေးမှ လွဲချော်သွေဖည် ဖောက်ဖျက်လို့ မရပါဘူး။