Home သတင်း မြဝတီမြို့တွင် ​ပေါက်ကွဲမှုဖြစ်၊ ကားတစ်စီး မီး​လောင်ကျွမ်း

မြဝတီမြို့တွင် ​ပေါက်ကွဲမှုဖြစ်၊ ကားတစ်စီး မီး​လောင်ကျွမ်း

792
Photo: CJ

​အောက်တိုဘာ ၁၅ရက်၊ ၂၀၂၂ခုနှစ်။ ​ကေအိုင်စီ

မြန်မာ-ထိုင်းနယ်စပ်၊ မြဝတီမြို့တွင် ယ​နေ့ ​အောက်တိုဘာလ ၁၅ရက်၊ မြန်မာစံ​တော်ချိန် ည ၇နာရီခန့်၌ ​ဗုံး​ကောက်ကွဲမှုဖြစ်ပွားရာ ကားမီး​လောင်ကျွမ်းမှုရှိ​ ​ကြောင်း မြို့ခံအချို့ထံမှ သိရသည်။
မြို့ခံတစ်ဦးက “​ဗုံးပေါက်ကွဲသံ ကျ​နော်ကြားတာက ၂လုံး။ တစ်လုံးနဲ့တစ်လုံး ၃မိနစ်ပဲ ခြားတယ်။ ​​ပေါက်ကွဲသံက ​တော်​တော့်ကိုကျယ်တာ။”ဟု ​ကေအိုင်စီသို့ ​​ပြောသည်။

အဆိုပါ​ပေါက်ကွဲမှုမှာ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်များတွင် ဖြစ်နိုင်​​ကြောင်း ခန့်မှန်းရ​သော်လည်း အတိအကျကိုမူ ​ကေအိုင်စီက သီးခြား အတည်မပြုနိုင်​သေး​ပေ။

ထို့အပြင် ပေါက်ကွဲမှု​​ကြောင့် ချစ်ကြည်ရေးတံတား အမှတ်(၁)အနီးရှိ ကားတစ်စီး မီး​လောင်ကျွမ်းသွားကာ မြ၀တီမြို့ရှိ နယ်ခြားစောင့်တပ် (BGF) စည်းကမ်းထိန်းသိမ်း​ရေးရုံးကိုပါ ​​ထိမှန်မှုရှိ​သည်ဟုလည်း ​​​ပြောဆိုမှုများရှိ​​နေကြသည်။