အောက်တိုဘာ ၁၅ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
မြန်မာ-ထိုင်းနယ်စပ်၊ မြဝတီမြို့တွင် ယနေ့ အောက်တိုဘာလ ၁၅ရက်၊ မြန်မာစံတော်ချိန် ည ၇နာရီခန့်၌ ဗုံးကောက်ကွဲမှုဖြစ်ပွားရာ ကားမီးလောင်ကျွမ်းမှုရှိ ကြောင်း မြို့ခံအချို့ထံမှ သိရသည်။
မြို့ခံတစ်ဦးက “ဗုံးပေါက်ကွဲသံ ကျနော်ကြားတာက ၂လုံး။ တစ်လုံးနဲ့တစ်လုံး ၃မိနစ်ပဲ ခြားတယ်။ ပေါက်ကွဲသံက တော်တော့်ကိုကျယ်တာ။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါပေါက်ကွဲမှုမှာ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်များတွင် ဖြစ်နိုင်ကြောင်း ခန့်မှန်းရသော်လည်း အတိအကျကိုမူ ကေအိုင်စီက သီးခြား အတည်မပြုနိုင်သေးပေ။
ထို့အပြင် ပေါက်ကွဲမှုကြောင့် ချစ်ကြည်ရေးတံတား အမှတ်(၁)အနီးရှိ ကားတစ်စီး မီးလောင်ကျွမ်းသွားကာ မြ၀တီမြို့ရှိ နယ်ခြားစောင့်တပ် (BGF) စည်းကမ်းထိန်းသိမ်းရေးရုံးကိုပါ ထိမှန်မှုရှိသည်ဟုလည်း ပြောဆိုမှုများရှိနေကြသည်။