စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၂ခုနှစ်၊၊ ကေအိုင်စီ
ကော့ကရိတ်မြိုနယ်တောင်ပိုင်း ကျိတ်ကျေးရွာရှိ စစ်ကောင်စီ၏ ကျိတ်စခန်း သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံးဗဟိုက သတင်းထုတ်ပြန်လိုက်သည်၊၊
ယမန်နေ့ စက်တင်ဘာလ ၂၀ရက်နေ့ မွန်းလွဲပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)တပ်ရင်း ၁၈ နှင့် ဒေါနစစ်ကြောင်း-SOG ပူးပေါင်းတပ်ဖွဲ့တို့က အဆိုပါ စစ်ကောင်စီခြေမြန်တပ်ရင်း -ခမရ ၅၅၇ ခြေကုတ်စခန်းဖြစ်သည့် ကျိတ်စခန်းကို သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
အဆိုပါ ခန်းသိမ်းတိုက်ပွဲတွင် RPG ၊ BA 100 စိန်ပြောင်း၊ ငါးကြင်းမြီးစက်လက်၊ ပြောင်းပို၊ AK၊ MAS sniper၊ MA4.MAK ပူးတွဲ၊ MA1၊ MA3 ၊ MA5 နှင့် MG3 စသည့်လက်နက်များအပါအဝင် MA ကျည်ဘောက်၊ 9MM၊ 16 ကျည်ဘောက်၊ sniper ကျဥ်ဘောက်၊ 60MM၊ 73MM၊ အီနာဂါ၊ 40MM၊ BA109 လက်ပစ်ဗုံး ၊ 73 ယမ်းတောင့်၊ စက်လတ်ကျည်၊ AK ကျည်ဘောက်ဝိုင်း၊ စကားပြောစက်၊ ဖုန်း၊ ကပစ 5.56၊ စိန်ပြောင်းချိန်သီးနှင့် MA5 ကျည်အများအပြားကို သိမ်းဆည်းရမိသည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့အပြင် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၇)ယောက်ကျဆုံး (၂)ဦးဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ရကြောင်းလည်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။