Home သတင်း ကော့ကရိတ်-မြ၀တီ အာရှလမ်းကြောတွင် တပ်စွဲစစ်ကောင်စီများ ခြိမ်းခြောက်ငွေတောင်းမှု များရှိနေ

ကော့ကရိတ်-မြ၀တီ အာရှလမ်းကြောတွင် တပ်စွဲစစ်ကောင်စီများ ခြိမ်းခြောက်ငွေတောင်းမှု များရှိနေ

1583

ဇူလိုင်လ ၁၃ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်-မြ၀တီသွားသည့် အာရှလမ်းသစ် လမ်းကြောင်းပေါ်တွင် တပ်စွဲနေရာယူလျှက်ရှိသည့် စစ်ကောင်စီတပ် များသည် ၎င်းလမ်းကိုအသုံးပြုသွားလာနေသည့် ကုန်ကားများ၊ ခရီးသည်တင်ကားများကို ရံဖန်ရံခါ ငွေတောင်းခံမှုများ ပြုလုပ်ရာတွင် ခြိမ်းခြောက်မှုများရှိကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများက ပြောပြသည်။

အဆိုပါလမ်းကြောရှိ နတ်စင်ကုန်းနှင့် တောနော်ရေတံခွန်ကြား လမ်းပိုင်းတွင် လမ်းမပေါ် စခန်းချထားခြင်း မပြုလုပ်ဘဲ ယခင်က တံတားများ မိုင်းဆွဲခံရခြင်းနှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်များမှာ လုံခြုံရေးအရ အရပ် ဝတ်များဖြင့် နေရာယူရင်း ဖြတ်သန်းသွားလာနေသည့် ကားသမားများထံမှ သတ်မှတ်ချက်မရှိဘဲ ငွေတောင်းခံခြင်းဖြစ် သည်ဟု သိရသည်။

“ဂိတ်ရယ်လို့ မဟုတ်ဘူး။ သူတို့က အရပ်ဝတ်နဲ့ပဲ ထွက်လာပြီး ငွေတောင်းတယ်။ ကားလေးပဲဆို ၁၀၀၀ တောင်းတယ်။ သူတို့မူးရင် ၃၀၀၀ကနေ ၅၀၀၀အထိ ပေးရတဲ့သူတွေ ရှိတယ်ပြောတယ်။ တခါတလေ မတောင်းတဲ့အခါလည်းရှိတယ်။ ဟိုတလောကတော့ တစ်ရက်တည်းနဲ့ ၄နေရာတောင် ပိုက်ဆံပေးလိုက်ရတာ ကျနော့်အတွက် ဘာမှမကျန်တော့ဘူး ဖြစ်သွားတယ်။”ဟု ကားသမားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် ထိုသို့ငွေတောင်းခံမှုမှာ များသောအားဖြင့် ၎င်းတို့ အရက်သောက်စားထားချိန်တွင်ဖြစ်ပြီး လမ်းဘေး နေရာမှထွက်၍ ကားကိုတားဆီးကာ သေနတ်ပြ ခြိမ်းခြောက် ငွေတောင်းခြင်းဖြစ်ကြောင်း ကျပ် ၂၀,၀၀၀အထိ ပေးခဲ့ရ သည့် ယာဉ်မောင်းတစ်ဦးက ဆိုသည်။

၎င်းယာဉ်မောင်းက “အရက်မူးတဲ့ စစ်သားတစ်ယောက်က ခြုံထဲကထွက်လာ။ သေနတ်နဲ့ချိန်ပြီး ဟေ့ကောင် နှစ်သောင်းပေးတဲ့။ မရှိဘူး ဆရာ။ ၅၀၀၀ပဲယူပါ ပြောလည်း မရဘူး။ အခု နင့်ကိုပစ်သတ်ရင်လည်း ရတယ်။ ဘယ်သူမှ တွေ့တာ မဟုတ်ဘူးတဲ့။”ဟု ပြောသည်။

ယင်းစစ်ကောင်စီဂိတ်များမှာ ပုံမှန် ထားရှိခြင်း မဟုတ်ဘဲ လမ်းလုံခြုံရေးအရ နေရာချထားခြင်းဖြစ်ကာ သွားလာသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ကားများကို ငွေတောင်းလေ့ရှိပြီး နယ်မြေခံ KNLA ပူးပေါင်းတပ်များက ၎င်းစစ်ကောင် စီတပ်ဖွဲ့နေရာများကို သွားရောက်ပစ်ခတ်သည့်ရက်များ၌ လမ်းပေါ်ငွေတောင်းခံမှု ခေတ္တ ရပ်သွားသော်လည်း နောက် ပိုင်းတွင် ထပ်မံ တောင်းခံနေဆဲဖြစ်ကြောင်း သွားလာကြသူများ၏ ပြောပြချက်အရ သိရသည်။

ထိုသို့ ငွေကောက်ခံမှု ဂိတ်ကြေးပမာဏများခြင်းနှင့် အသက်အန္တရာယ် စိုးရိမ်မှုများအပြင် စက်သုံးဆီစျေးများ အဆမ တန် မြင့်တက်မှုကြောင့် ကားပိုင်ရှင်များလည်း အမြတ်မကျန်သည့်အတွက် ကုန်တင်ကားများမှာ သွားလာမှု အစီးရေ အနည်းငယ် လျော့နည်းသွားကြောင်း ထမင်းဆိုင်ပိုင်ရှင်အချို့ကလည်း ပြောသည်။

ကော့ကရိတ်-မြ၀တီသွား အာရှလမ်းကြောတွင် စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၁ခု နှစ်ဆန်းပိုင်းအထိ မြ၀တီမြို့ နယ်အဝင် သင်္ဃန်းညီနောင်ဂိတ်မှလွှဲ၍ အခြားမည်သည့်ငွေကောက်ခံဂိတ်မှ မရှိခဲ့ပေ။