Home သတင်း ကျုံခဝန်ရွာ အထက်တန်းကျောင်းရှေ့ ဗုံးဟုယူဆရသည့် အရာဝတ္ထုပစ္စည်းတစ်ခုတွေ့ရှိ၍ ဗုံးလန့်မှုဖြစ်ခဲ့

ကျုံခဝန်ရွာ အထက်တန်းကျောင်းရှေ့ ဗုံးဟုယူဆရသည့် အရာဝတ္ထုပစ္စည်းတစ်ခုတွေ့ရှိ၍ ဗုံးလန့်မှုဖြစ်ခဲ့

808

ဇွန်လ ၁၄ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျုံခဝန်ရွာ အထက်တန်းစာသင်ကျောင်းရှေ့ ဝင်းရော်လမ်းမဘေးတွင် ဗုံးဟုယူဆရသည့် အထုပ်တစ်ထုပ် ယနေ့ ဇွန်လ ၁၄ ရက် နံနက်ကျောင်းတက်ချိန်တွင် တွေ့ရှိသည့်အတွက် ဗုံးလန့်မှုဖြစ်ပွားခဲ့သည်ဟု ကျောင်းသားမိဘများက ပြောသည်။

အဆိုပါ အထုပ်ကို တိပ်အမဲဖြင့် လေးထောင့်ပုံစံ ရစ်ပတ်ထားပြီး ကြိုးနီစနှင့် အဖြူရောင်မီးလုံးတစ်လုံး တွဲချည်ထားသည့်အတွက် ရွာသားများမှ ဗုံးဟုထင်မှတ်ပြီး အကူအညီတောင်းခံကြရာ နယ်မြေခံ ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF က လာရောက်ရှင်းလင်းပေးခဲ့ရာတွင် အဆိုပါ အထုပ်မှာ ဗုံးမဟုတ်ဘဲ စက္ကူပုံးတစ်ခုသာဖြစ်သည်ဟု သိရှိရသည်။

အဆိုပါ တိပ်အမဲဖြင့် ထုပ်ပိုးထားသော စက္ကူအထုပ်တွေ့ရှိမှုသည် စာသင်ကျောင်းဖွင့်လှစ်နေသည့်အပေါ် တစ်စုံတစ်ရာ သတိပေးမှုဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက သုံးသပ်ပြောဆိုကြသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်တပ်အာဏာသိမ်းမှုကို လက်မခံကြသည့် ပြည်သူများအနေဖြင့် စစ်ကောင်စီဖွင့် လှစ်သည့် စာသင်ကျောင်းများကို ဆန့်ကျင်လျက်ရှိပြီး မြို့နယ်တွင်း စာသင်ကျောင်းတော်တော်များများမှာ ကိုယ်ထူ ကိုယ်ထကျောင်းများဖြင့်သာ ဖွင့်လှစ်သင်ကြားလာလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။