Home သတင်း KNU ဥက္ကဌ စောမူတူးစေးဖိုးနှင့် ယခင်ကရင်ခွဲထွက်အဖွဲ့မှ ခေါင်းဆောင်များအား ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ကြောင်း စစ်ကောင်စီထုတ်ပြန်

KNU ဥက္ကဌ စောမူတူးစေးဖိုးနှင့် ယခင်ကရင်ခွဲထွက်အဖွဲ့မှ ခေါင်းဆောင်များအား ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ကြောင်း စစ်ကောင်စီထုတ်ပြန်

1716

ဧပြီ ၁၇ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအပါအဝင် ယခင် KNU အဖွဲ့အစည်းထဲမှ ခွဲထွက်ခဲ့သော အဖွဲ့ခေါင်းဆောင်များအား အာဏာသိမ်းစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ဧပြီလ ၁၇ရက်၊ (နှစ်ဆန်းတစ်ရက်နေ့)တွင် ဝဏ္ဏကျော်ထင်ဘွဲ့အသီးသီးချီးမြှင့်လိုက်သည်ဟု ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီဥက္ကဌ၏ ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခံရသူများမှာ လက်ရှိ ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ကေအဲန်ယူ တပ်မဟာ ၆၊ တပ်ရင်း ၁၆ တပ်ရင်းမှူးဟောင်း ( ဟောင်သရောအထူးဒေသအဖွဲ့)မှ စောသမူဟဲ ၊ ကေအဲန်ယူ တပ်မဟာ -၂ သံတောင်အထူးဒေသအဖွဲ့ခေါင်းဆောင် စောဖယ်ရီမိုးနှင့် ကေအဲန်ယူ ပဒိုအောင်ဆန်းအဖွဲ့ (ဘုရားကုန်းအဖွဲ့)ခေါင်းဆောင် ပဒိုအောင်ဆန်းတို့ဖြစ်ကြသည််ဟုဖော်ပြပါရှိသည်။