Home သတင်း ဖားအံ အကျဉ်းထောင်တွင် ဆူပူမှုဖြစ်ပွားနေ

ဖားအံ အကျဉ်းထောင်တွင် ဆူပူမှုဖြစ်ပွားနေ

1273

ဧပြီလ ၂၇ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့ တောင်ကလေးအကျဉ်းထောင်တွင် ယနေ့ ဧပြီလ ၂၇ရက်နေ့ ညနေတွင် ဆူပူမှု ဖြစ်ပွားနေသည်ဟု သိရှိရသည်။

ထောင်အာဏာပိုင်၏ လက်ကိုင်တုတ် အကျဥ်းသားတချို့က နိုင်ငံရေးအကျဥ်းသားတစ်ဦးကို ရိုက်နှက်ထိုးကြိတ်ခြင်းကို မကျေနပ်ရာမှ ဆူပူမှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အကျဉ်းထောင်ဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အခုချိန်ထိကို နိုင်ငံရေးသီချင်းတွေဆို၊ ကြွေးကြော်သံတွေ တိုင်နေကြတယ်လို့ သိရပါတယ်။”ဟု ၎င်းအကျဉ်းထောင်ဝန်ထမ်းနှင့် နီးစပ်သူက ပြောသည်။

ယခု ညနေ ၆ နာရီအထိ နိုင်ငံရေးအကျဉ်းသားများကို သေနတ်များဖြင့် ချိန်ထားပြီး စစ်ကောင်စီ တပ်များဝင်ရောက် နေရယူကာ ထိန်းသိမ်းရန် လုပ်ဆောင်နေသည်ဟုလည်း အဆိုပါ အကျဉ်းထောင်ဝန်ထမ်းနှင့် နီးစပ်သူက ပြောသည်။