ဇူလိုင် (၃၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသရှိ အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများကို KNLA နှင့် PDF တပ်ဖွဲ့များက ငွေယူပြီး ကာကွယ်ပေးထားကြောင်း စစ်အုပ်စု၏စွပ်စွဲချက်အပေါ် ယနေ့ ဇူလိုင်(၃၁)ရက်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက တုံ့ပြန်ငြင်းဆို၍ နယ်မြေအတွင်းရှိ ကျားဖြန့်နှင့် ဆက်စပ်ရာဇဝတ်မှုများကို ဥပဒေအရ ပြင်းထန်စွာအရေးယူမည်ဟု...