Home ဆောင်းပါး ‌နွေဦး‌တော်လှန်‌ရေး ပထမနှစ်ပတ်လည် သတင်းစကား

‌နွေဦး‌တော်လှန်‌ရေး ပထမနှစ်ပတ်လည် သတင်းစကား

1114

‌နွေဦး‌တော်လှန်‌ရေး ပထမနှစ်ပတ်လည် သတင်းစကား

‌မောင်‌ကျော်စွာ

(၂၀၂၂ခုနှစ်၊ ‌ဖေ‌ဖေါ်ဝါရီလ ၆ရက်)

အများက “‌နွေဦး‌တော်လှန်‌ရေး”လို့ ချစ်စနိုး‌ခေါ်ကြတဲ့ ပြည်သူများရဲ့အ‌ရေး‌တော်ပုံကြီး ၁နှစ်ပြည့်‌မြောက်ခဲ့ပါ ပြီ။ ဖြတ်သန်းခဲ့၊ ဖြတ်သန်းဆဲ ‌တော်လှန်‌ရေးလက်‌တွေ့ထဲက‌နေ အထင်ရှားဆုံးမြင်ရတဲ့အချက်ကို ‌ပြောပြပါလို့ဆိုရင် “လူထုအုံကြွ‌တော်လှန်မှုကို ဘယ်သူမှမဖန်တီးနိုင်သလို ဟန့်တားလို့လည်း မရနိုင်ဘူး” ဆိုတဲ့အချက်ကို ‌ပြောပြရလိမ့် မယ်လို့ ထင်ပါတယ်။

မင်း‌အောင်လှိုင် – စိုးဝင်းအကြမ်းဖက် (စကစ) စစ်အုပ်စုက (၁-၂-၂၀၂၁)ရက်‌နေ့ အာဏာမသိမ်းမီကဆိုရင် အခု လို အရှိန်အဟုန်နဲ့ လှုပ်ရှား‌နေတဲ့ လူထု‌တော်လှန်‌ရေးကြီး ‌ပေါ်‌ပေါက်လာလိမ့်မယ်လို့ အဘယ်သူတစ်ဦးတစ်‌ယောက်က မျှ တိတိကျကျ ကြိုတင် ခန့်မှန်းတွက်ချက်တာမျိုး မလုပ်နိုင်ခဲ့ပါဘူး။ ထိုနည်းတူ ဘယ်သူကမှလည်း မဖန်တီးနိုင်ခဲ့ပါ ဘူး။ ထို့အတူ အခုလို အ‌ကြောင်းအကျိုး၊ အချက်အလက် ပြည့်စုံကိုက်ညီလို့ ‌ပေါက်ကွဲ‌ပေါ်ထွက်လာတဲ့အခါမှာလည်း ဘယ်သူတစ်ဦးတစ်‌ယောက်ကမှ ဟန့်တားနိုင်စွမ်းမရှိခဲ့တာကို အထင်အရှား ‌တွေ့မြင်ကြရပါတယ်။

လူထုအုံကြွ‌တော်လှန်မှုကြီး ‌ပေါက်ကွဲ‌ပေါ်ထွက်လာတဲ့ လတ်တ‌လော အ‌ကြောင်းရင်းက‌တော့ (၁-၂-၂၀၂၁) ရက်‌နေ့ မင်း‌အောင်လှိုင် – စိုးဝင်းအကြမ်းဖက် (စကစ)စစ်အုပ်စုရဲ့ အာဏာသိမ်းပိုက်မှုပဲ ဖြစ်ပါတယ်။ “မဲမသမာမှု”လို့ အကြမ်းဖက် စစ်အုပ်စုက အ‌ကြောင်းပြပါတယ်။ အဲဒီ “မဲမသမာမှု” ဆိုတာက အကြမ်းဖက်စစ်အုပ်စုက တမင်တကာ လုပ်ကြံဖန်တီးထားတဲ့ လိမ်ညာချက်သာဖြစ်ပြီး တစ်ပြိုင်နက်ထဲမှာ စစ်အုပ်စုနဲ့ မင်း‌အောင်လှိုင်ရဲ့ အာဏာ‌လောဘကို အဲဒီအချက်နဲ့ ဖုံးကွယ်ထားတာ ဖြစ်တယ်။ အကြမ်းဖက် စစ်အုပ်စုက “မဲမသမာမှု” ဆိုတာကို အရူးအမူးဝါဒဖြန့်ပြီး အထူးသဖြင့် စစ်တပ် ‌အောက်‌ခြေထုအတွင်းမှာ နည်းမျိုးစုံနဲ့ မှိုင်းတိုက်‌နေတယ်။

အဲဒီလို စစ်အုပ်စုက လုပ်ကြံဖန်တီးလိမ်ညာထားတဲ့ အ‌ခြေအမြစ်မရှိတဲ့ “မဲမသမာမှု” ဆိုတာကို ပြည်တွင်း/ ပြည်ပ ဘယ်သူကမှ လက်မခံပါဘူး။ ‌ရွေး‌ကောက်ပွဲတိုင်းရဲ့ ဖြစ်ရိုးဖြစ်စဉ်အရ ‌ရွေး‌ကောက်ပွဲဆိုင်ရာ အငြင်းပွားမှုက ‌တော့ ဘယ်နိုင်ငံရဲ့ ‌ရွေး‌ကောက်ပွဲ‌တွေမှာမဆို အနည်းနဲ့အများ ရှိတတ်ကြစမြဲပဲ ဖြစ်ပါတယ်။ ဒီလို ‌ရွေး‌ကောက်ပွဲဆိုင် ရာ အမှုအခင်း‌တွေကို ‌ရွေး‌ကောက်တင်‌မြှောက်ခြင်းဆိုင်ရာ ဥပ‌ဒေများနဲ့အညီ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က စနစ်တကျ တာဝန်ယူ‌ဖြေရှင်း‌ပေးရင် ဖြစ်‌ပေါ်လာတဲ့ ပြဿနာ‌တွေကို အလွယ်တကူ ကိုင်တွယ်နိုင်ပါတယ်။ ရှင်း‌နေတဲ့အချက်က အကြမ်းဖက်စစ်အုပ်စုဟာ အာဏာသိမ်းချင်တဲ့အတွက် “မဲမသမာမှု” ဆိုတာကို တမင်တကာ လုပ်ကြံလိမ်ညာပြီး အ‌ကြောင်းပြ‌နေတာသာ ဖြစ်ပါတယ်။

လူထုအုံကြွ‌တော်လှန်မှုကြီး ၁နှစ်ပြည့်တဲ့‌နေ့မှာပဲ ပြည်တွင်းပြည်ပ မျက်ဝါးထင်ထင် ‌တွေ့မြင်လိုက်ကြတဲ့အ ချက် ၂ချက်ရှိပါ‌သေးတယ်။ ပထမအချက်က အာဏာသိမ်းပိုက်မှုနဲ့ စစ်အုပ်စုကို လုံးဝ လက်မခံ‌ကြောင်း “အသံတိတ် သပိတ်” မြို့ပြ၊ ‌ကျေးလက်အနှံ့ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ဒုတိယအချက်က ပြည်သူ‌တွေရဲ့ အသံတိတ်ဆန္ဒပြမှုကို အကြမ်းဖက်စစ်အုပ်စုဟာ အမိန့်ဥပ‌ဒေစည်းကမ်း‌တွေ၊ ဖမ်းဆီးမှု‌တွေ၊ စစ်တပ်‌ထောက်ခံပွဲ အပါအဝင် ပွဲမျိုးစုံ လုပ်ကြံ ဖန်တီးပြီး အရူးအမူး ခုခံကာကွယ်ခဲ့ရတဲ့အချက် ဖြစ်ပါတယ်။

လူထုအုံကြွ‌တော်လှန်မှု ‌ပေါက်ကွဲ‌ပေါ်ထွက်လာရတဲ့ လတ်တ‌လောအ‌ကြောင်းအရင်းဟာ မင်း‌အောင်လှိုင် – စိုးဝင်း အကြမ်းဖက်(စကစ) စစ်အုပ်စုရဲ့ အာဏာသိမ်းပိုက်မှု‌ကြောင့်ဖြစ်တယ်လို့ အထက်ကတစ်‌နေရာမှာ တင်ပြခဲ့ပါ တယ်။ လူထုအုံကြွ‌တော်လှန်မှု ‌ပေါက်ကွဲ‌ပေါ်ထွက်လာရတဲ့ ပင်မအ‌ကြောင်းတရားက‌တော့ မျိုးဆက်‌ပေါင်းများစွာ ရင်ဆိုင်ကြုံ‌တွေ့ခံစားလာခဲ့ရတဲ့ အုပ်စိုးသူအဆက်ဆက်ရဲ့ အကြမ်းဖက်ဖိနှိပ်အုပ်စိုးမှုနဲ့ နည်း‌ပေါင်းစုံလိမ်ညာလှည့်ဖြား မှု‌တွေပါပဲ။ နှစ်‌ပေါင်းများစွာ ထုထည်ကြီးမားစွာ စုပုံဖိသိပ်အနည်ကျလာတဲ့အခါမှာ အင်မတန်မာ‌ကြော‌တောက်‌ပြောင် တဲ့ ရတနာစိန်‌ကျောက်အဖြစ် အသွင်‌ပြောင်း ‌ပေါ်‌ပေါက်လာရသလိုပါပဲ။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နှစ်‌ပေါင်းများ စွာ ရင်ဆိုင်‌တွေ့ကြုံခံစားလာရတဲ့ နာကျည်းခံပြင်းချက်‌တွေ ထုထည်ကြီးမားစွာ စုပုံဖိစီးလာလို့ အရည်အချင်းသစ်၊ အဆင့်သစ်ဖြစ်တဲ့ လူထုအုံကြွ‌တော်လှန်မှုကြီး ‌ပေါ်‌ပေါက်လာရတာပါ။ ‌ပေါ်‌ပေါက်ခဲ့သမျှ လူထုလှုပ်ရှားမှုနဲ့ အ‌ရေး‌တော် ပုံတိုင်းကို စစ်အုပ်စုအဆက်ဆက်က ပြည်တွင်းပြည်ပ ‌သွေးထိုးလှုံ့‌ဆော်မှု‌ကြောင့်လို့ သရုပ်ဖျက်စွပ်စွဲခဲ့ကြတယ်။ တကယ့်အရင်းခံအ‌ကြောင်းရင်းက‌တော့ မည်သည့်ပြည်တွင်းပြည်ပ ‌သွေးထိုးလှုံ့‌ဆော်မှုမျှမပါဘဲ ပြည်သူ‌တွေရဲ့ နှစ်‌ပေါင်းများစွာ ရင်ဆိုင်‌နေရတဲ့ လက်‌တွေ့ခံစားမှုက‌နေ တိုက်ရိုက် ‌ပေါ်‌ပေါက်လာတာဖြစ်ပါတယ်။

ဒီလူထုအုံကြွ‌တော်လှန်မှုကြီးရဲ့ တစ်နှစ်တာလက်‌တွေ့အတွင်းမှာ မြင်ရတဲ့ထူးခြားချက်တစ်ခုက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြရာက‌နေ လက်နက်ကိုင်ခုခံ‌တော်လှန်‌ရေးအဆင့်သစ်အထိ ခုန်ကူးတက်လှမ်းသွားတဲ့အချက်ပါ ပဲ။ အခုအခါမှာ လက်နက်ကိုင်ခုခံ‌တော်လှန်စစ်ရဲ့ ‌သေနတ်သံ‌တွေကို တိုင်းပြည်တစ်ဝန်းမှာ‌နေ့စဉ် ကြား‌နေကြရပါပြီ။ ဗုံးသံ၊ ‌သေနတ်သံ‌တွေဟာ ပြည်သူ‌တွေရဲ့ ‌နေ့စဉ်ဘဝအစိတ်အပိုင်းတစ်ရပ်သဖွယ် ဖြစ်‌နေပါပြီ။ စစ်ကိုင်းတိုင်း၊ ကယား ပြည်နယ်၊ ချင်းပြည်နယ်၊ မ‌ကွေးတိုင်းတို့ဟာ စစ်အုပ်စုရဲ့ ခါးပိုက်‌ဆောင်တပ်‌တွေကို အမြစ်ဖြုတ် သုတ်သင်‌နေတဲ့ စစ်‌မြေပြင်‌တွေ ဖြစ်လာ‌နေပါတယ်။

‌ဖော်ပြပါစစ်‌မြေပြင်‌တွေမှာ မျိုးဆက်သစ်‌ပြောက်ကျားတပ်ဖွဲ့‌တွေရဲ့လက်ချက်နဲ့ ခါးပိုက်‌ဆောင်တပ်‌တွေ ‌နေ့စဉ်နဲ့အမျှ အတုံးအရုန်း ‌သေ‌ကြေဒဏ်ရာရ‌နေတာပါ။ အကယ်၍သာ အစဉ်အလာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစု‌တွေ အခုထက်ပိုပြီး စုစုစည်းစည်းအချိတ်အဆက်မိမိနဲ့တိုက်ခိုက်လာကြမယ်ဆိုရင် စစ်အုပ်စုကျဆုံးခန်းဟာ ပိုပြီး မြန်ဆန်ပါလိမ့်မယ်။ သမရိုးကျလက်နက်ပဲ တပ်ဆင်ထားနိုင်‌သေးတဲ့ မျိုးဆက်သစ်‌ပြောက်ကျားတပ်ဖွဲ့‌လေး‌တွေ ကို စစ်အုပ်စုက တိုက်‌လေယာဉ်‌တွေ၊ ရဟတ်ယာဉ်‌တွေ၊ တင့်ကား‌တွေ၊ အ‌မြောက်ကြီး‌တွေ ဒလ‌ဟောသုံးပြီး ‌သွေးရူး ‌သွေးတန်း အကြမ်းဖက် တိုက်ခိုက်‌နေရတယ်မဟုတ်ပါလား။ ဒါ‌ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများက သာ အခုထက်ပိုများတဲ့ အင်အားစုဖွဲ့မှု၊ စုစည်းချိတ်ဆက်မှု‌တွေနဲ့ တိုက်ပွဲဆင်နွှဲလာမယ်ဆိုရင် စစ်အုပ်စု၊ စစ်အာဏာရှင် စနစ်၊ စစ်ဗြူရိုက‌ရေစီယန္တရား အကုန်အစင် တိုက်ဖျက်‌ရေးဟာ ပိုမိုလျင်မြန်လာပါလိမ့်မယ်။

လက်‌တွေ့ ‌သွေးစည်းညီညွတ်‌ရေးအတွက် အ‌ခြေခံနိုင်ငံ‌ရေးသ‌ဘောထားအရ အင်မတန်အ‌ရေးပါတဲ့ သုံးသပ် ‌ပြောဆိုမှု‌တွေကိုလည်း ‌နွေဦး‌တော်လှန်‌ရေး (ဝါ) လူထုအုံကြွ‌တော်လှန်မှုကြီး နှစ်ပတ်လည်အခါသမယမှာ အခုလို အားရဖွယ် ကြားသိလာရပါတယ်။

“ကျ‌နော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ‌ရောက်ဖို့အထိဆိုရင် ကျ‌နော်တို့ ကရင်လူထုသာမက ဗမာလူထုရဲ့ ‌ထောက်ခံမှုဆိုတာ အင်မတန် လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော်တို့ ကရင်လူမျိုးနဲ့ ဗမာလူမျိုး‌တွေက သီးခြားစီ‌နေထိုင်တဲ့ လူမျိုး‌တွေ မဟုတ်ဘူးဆိုတာ ကျ‌နော်တို့ ဗမာပြည်‌အောက်ပိုင်း ‌ဒေသအသီးသီးမှာ ရှိတဲ့‌နေရာ‌တွေ ကို ကြည့်လိုက်ပါ။ ကျ‌နော်တို့က အ‌နေအထားက အဲလိုဖြစ်‌နေတဲ့အခါကျ‌တော့ ကျ‌နော်တို့ ကရင်လူထုတစ်ရပ်လုံးရဲ့ ‌ထောက်ခံမှုနဲ့ ဘယ်လိုမှ မပြီးနိုင်ပါဘူး။ ဗမာလူထုကိုယ်တိုင်က ‌ထောက်ခံဖို့ လိုအပ်ပါတယ်”တဲ့။

အထက်‌ဖော်ပြပါအချက်ကို သုံးသပ်‌ပြောကြားသူဟာ (KNU)ကရင်အမျိုးသားအစည်းအရုံး၊ နိုင်ငံခြား‌ရေးရာ တာဝန်ခံ ပဒို‌စော‌တောနီး ဖြစ်ပါတယ်။ သုံးသပ်ချက်ကို ကျ‌နော်‌လေ့လာကြည့်‌တော့ အခုလို ‌တွေ့ရပါတယ်။

ဒီသုံးသပ်ချက်ဟာ ကရင်‌တော်လှန်‌ရေးဘာ‌ကြောင့် ရှည်ကြာခဲ့ရသလဲဆိုတဲ့ လက်‌တွေ့ဖြတ်သန်းမှုထဲက ထုတ် ယူထားတဲ့ အချက်ဖြစ်ပါတယ်။ တနည်းအားဖြင့် အကြမ်းဖက်ဖိနှိပ်အုပ်စိုးသူ (ဘုံရန်သူ)ကို ကရင်ကသပ်သပ်၊ ကချင် ကသပ်သပ်၊ ချင်းကသပ်သပ်၊ ရခိုင်ကသပ်သပ်၊ ရှမ်းကသပ်သပ်၊ ကရင်နီကသပ်သပ်၊ မွန်ကသပ်သပ် စသဖြင့် တစ်ကွဲ တစ်ပြားစီ၊ သီးခြားစီ‌တော်လှန်‌နေလို့ ဘယ်လိုမှမဖြစ်နိုင်ဘူး ဆိုတဲ့အချက်ကို သမိုင်းဖြတ်သန်းမှုထဲက‌နေ အသက် ‌သွေး‌ချွေး‌တွေနဲ့အချိန်‌တွေ ရင်းနှီး‌ပေးဆက်ပြီး ရရှိလာတဲ့အ‌တွေ့အကြုံနဲ့ သင်ခန်းစာ‌တွေကို အနှစ်ချုပ်ပြတာလည်း ဖြစ် ပါတယ်။

ဒါ့အပြင် အဖိနှိပ်ခံလူမျိုး‌ပေါင်းစုပြည်သူ‌တွေ၊ လူမျိုး‌ပေါင်းစုံ‌တော်လှန်‌ရေးအဖွဲ့အစည်း‌တွေ၊ တပ်ဖွဲ့‌တွေ ‌သွေး စည်းညီညွတ်မှဖြစ်မယ်။ တိုင်းရင်သားလူမျိုးစု တစ်စုထဲ၊ တစ်ခုထဲ ကွက်ပြီး ခုခံ‌တော်လှန်‌နေလို့ ‌တော်လှန်‌ရေး မပြီးနိုင် ဘူး။ ‌တော်လှန်‌ရေး‌အောင်ပွဲ မရနိုင်ဘူးလို့ ‌ထောက်ပြတဲ့‌ဝေဖန်ချက်လည်း ဖြစ်ပါတယ်။

အခုအခါမှာ ပိုမို နိုးကြားလာ‌နေတဲ့၊ လက်နက်ကိုင်‌တော်လှန်‌ရေးမှာ ကိုယ်တိုင်ပါဝင်လာ‌နေကြတဲ့ အဖိနှိပ်ခံ ဗမာလူများစုကြီးနဲ့ နီးနီးကပ်ကပ် ‌သွေးစည်းညီညွတ်ကြမှ ဖြစ်လိမ့်မယ်ဆိုတဲ့အချက်ကိုလည်း အ‌လေးအနက်သတိ‌ပေး ‌ဆော်ဩထားတာ ဖြစ်ပါတယ်။

ထို့အပြင် အုပ်စိုးသူအဆက်ဆက်က ‌ပေါ်လစီချပြီး လုပ်‌ဆောင်‌နေတဲ့ အဖိနှိပ်ခံလူများစု ဗမာလူထုကြီးနဲ့ အဖိ နှိပ်ခံ အခြားတိုင်းရင်းသားလူမျိုးစုများအကြား ‌သွေးခွဲရန်တိုက်မှု၊ တိုင်းရင်းသားလူမျိုးစု တစ်ခုနဲ့တစ်ခုအကြား ‌သွေးခွဲ ရန်တိုက်မှု၊ တိုင်းရင်းသားလူမျိုးစုတစ်ခုအတွင်း (ဘာသာ‌ရေး အပါအဝင်) ‌သွေးခွဲရန်တိုက်မှု‌တွေကို ကြည်ကြည်လင် လင် ကြည့်မြင်သ‌ဘော‌ပေါက်လာတဲ့အချက်လည်း ဖြစ်ပါတယ်။

အုပ်စိုးသူဆက်ဆက်ဟာ ဗမာလူမျိုးကြီးဝါဒကို တစ်ဖက်က ဖိနှိပ်သွတ်သွင်း‌ပေးသလို အခြားတစ်ဖက်မှာ ကျဉ်း‌မြောင်းတဲ့ လူမျိုး‌ရေးဝါဒနဲ့ လှုံ့‌ဆော်‌ဘေးတီး‌ပေး‌လေ့ရှိပါတယ်။ အဆက်ဆက်‌သော အုပ်စိုးသူ ဗမာလူမျိုးကြီးဝါဒီ ‌တွေထံ လူမျိုးစု‌တော်လှန်‌ရေးသမားတချို့ အညံ့ခံသွားကြရတာဟာ ပထမအချက်အ‌နေနဲ့ အုပ်စိုးသူအဆက်ဆက်က အဲဒီလို‌ပေါ်လစီချပြီး ‌သွေးခွဲရန်တိုက်‌နေတယ် ဆိုတဲ့အချက်ကို ရှင်းလင်းကြည်လင်စွာ မကြည့်နိုင်၊ မမြင်နိုင်ကြလို့ဖြစ် ပြီး ဒုတိယအချက်က‌တော့ ကိုယ်ကျိုးစီးပွားအတွက်‌ကြောင့်ပါပဲ။

အခု‌တော့ လူမျိုးကြီးဝါဒကို ဦးတည်တိုက်ပွဲဆင်ရမယ်။ တစ်ပြိုင်နက်ထဲမှာ ကျဉ်း‌မြောင်းတဲ့ လူမျိုးစုဝါဒကို လည်း ဆန့်ကျင်ရမယ်ဆိုတဲ့အချက်ဟာ ဘယ်အချိန်ကထက်မဆို ပိုမိုကြည်လင်ရှင်းလင်းလာပြီး အဖိနှိပ်ခံလူမျိုး‌ပေါင်း စုံပြည်သူများ ‌သွေးစည်းညီညွတ်‌ရေးကို တစိုက်မတ်မတ် ဦးတည်ကြရမယ်ဆိုတဲ့ အချက်ဟာလည်း အင်မတန် ထင်ရှား ‌ပေါ်လွင်လာခဲ့ပါပြီ။

နိဂုံးချုပ်ရမယ်ဆိုရင် ‌နွေဦး‌တော်လှန်‌ရေး (ဝါ) လူထုအုံကြွ‌တော်လှန်မှုကြီးရဲ့ ပထမနှစ်ပတ်လည်မှာ အကြည် လင်ဆုံးနဲ့ အပြတ်သားဆုံး‌ပေး‌နေတဲ့ သတင်းစကားက‌တော့ “‌သွေးမ‌အေးဘူး။ ‌နောက်ပြန်မဆုတ်ဘူး။ စစ်အုပ်စု၊ စစ် အာဏာရှင်စနစ်၊ စစ်ဗြူရိုက‌ရေစီယန္တရားကို ကုန်စင်သည်အထိ တိုက်ပွဲဝင်ကြမယ်ဆိုတဲ့ အချက်ပါပဲ။