Home သတင်း တစ်နှစ်ပြည့် အလုပ်သမားထု သပိတ်စစ်‌ကြောင်းကိုဂုဏ်ပြုသည့် လူငယ်သပိတ် ၃ခု ‌ပြောက်ကျား ဆန္ဒထုတ်‌ဖော်

တစ်နှစ်ပြည့် အလုပ်သမားထု သပိတ်စစ်‌ကြောင်းကိုဂုဏ်ပြုသည့် လူငယ်သပိတ် ၃ခု ‌ပြောက်ကျား ဆန္ဒထုတ်‌ဖော်

1126
Photo: CJ

‌ဖေ‌ဖော်ဝါရီ ၆ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပြီး ၂၀၂၁ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၆ရက်‌နေ့တွင် ပြုလုပ်ခဲ့‌သော အလုပ်သမားထု ဦး‌ဆောင်သည့် သပိတ်စစ်‌ကြောင်း တစ်နှစ်ပြည့်ကို ဂုဏ်ပြုသည့်အ‌နေဖြင့် သပိတ်‌ကော်မတီ သုံးခုမှ အလုပ်သမား၊ ‌ကျောင်းသား၊ လူငယ်ရဲ‌ဘော်‌မောင်မယ်များ ပူး‌ပေါင်း၍ ရန်ကုန်မြို့တစ်‌နေရာတွင် ‌ပြောက်ကျားသပိတ်ဖြင့် ယ‌နေ့ ဆန္ဒ ‌ဖော်ထုတ်ခဲ့ကြသည်။

‘နီတဲ့‌သွေး’ ရက်သတ္တပတ်၏ လှုပ်ရှားမှုတခုအဖြစ် ယ‌နေ့ည‌နေ ၄နာရီခွဲတွင် ရန်ကုန်မြို့တ‌နေရာ၌ စစ်အာဏာရှင်စနစ် တိုက်ဖျက်‌ရေး အ‌ထွေ‌ထွေသပိတ်‌ကော်မတီ(GSC)၊ လူမျိုး‌ပေါင်းစုံအ‌ထွေ‌ထွေ သပိတ်‌ကော်မတီ(GSCN)၊ စစ်အာဏာ ရှင်ဆန့်ကျင်‌ရေးလူထုလှုပ်ရှားမှု‌ကော်မတီ(AJMM)တို့ စု‌ပေါင်း၍ “အဖိနှိပ်ခံ‌တွေ တစ်သားတည်းညီရင် မီးဟုန်းဟုန်း ‌တောက်‌စေရမယ်” ဟူ‌သော‌ခေါင်းစဉ်ဖြင့် ‌ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

“မိမိတို့အဖိနှိပ်ခံများ သမိုင်း‌ကြောင်းတစ်‌လျှောက်လုံးမှာ ကိုယ့်ကြမ္မာကိုယ်ပြဌာန်းခွင့်၊ လွတ်လပ်ခွင့်နဲ့ လူ့ရပိုင်ခွင့်များ ကို အာဏာရှင်စနစ် အသီးသီးက အဓမ္မဖိနှိပ်ထားခဲ့ပါတယ်။ ဒီလို အဓမ္မအာဏာရှင်စနစ်များကို တိုက်ထုတ်နိုင်ဖို့ မိမိတို့ အဖိနှိပ်ခံ‌တွေကိုယ်တိုင် ကြိုးစားရမှာဖြစ်တယ်။”ဟု သပိတ်တွင်ပါဝင်သည့် လူငယ်များက တိုက်တွန်း‌ပြောဆိုခဲ့သည်။

ထို့အပြင် ဖိနှိပ်ခံလူထုလူတန်းစား‌ပေါင်းစုံ၊ လူမျိုး‌ပေါင်းစုံ ညီညွတ်စွာဖြင့် ‌ရှေ့ဆက်‌လျှောက်လှမ်းမှုသည် ‌အောင်ပွဲဆီသို့ ဦးတည်‌နေ‌ကြောင်း၊ မိမိတို့၏ ‌သွေးစည်းမှုမှာ ရန်သူအ‌ပေါင်းကို ‌ကြောက်ဒူးတုန်‌စေ‌ကြောင်း အဖိနှိပ်ခံများ၏ တစ်သား တည်းညီသည့် ရဲရင့်‌သောတိုက်ပွဲသာလျှင် အဖိနှိပ်ခံများ၏ လွတ်‌မြောက်‌ရေးလမ်းဖြစ်‌ကြောင်းနှင့် ‌အောင်ပွဲအတွက် ကိုယ်တိုင်တိုက်ပွဲဝင်ကြရင်း အဖိနှိပ်ခံများ တစ်သားတည်းညီလျှင် မီးဟုန်းဟုန်း‌တောက်‌စေရမည်ဟူ၍လည်း ၎င်းလူ ငယ်များက ဆက်လက် တိုက်တွန်းထားသည်။