Home သတင်း အရပ်သားအ‌ပေါ် တိုက်ခိုက်သူများကို အ‌ရေးယူရန် နိုင်ငံတကာ ကရင်အဖွဲ့ ထုတ်ပြန်‌တောင်းဆို

အရပ်သားအ‌ပေါ် တိုက်ခိုက်သူများကို အ‌ရေးယူရန် နိုင်ငံတကာ ကရင်အဖွဲ့ ထုတ်ပြန်‌တောင်းဆို

852
Photo: CJ

‌ဖေ‌ဖော်ဝါရီ ၃ ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

မူ‌တြော်(ဖာပွန်)‌ဒေသတွင် အပြစ်မဲ့ အရပ်သားပြည်သူများအ‌ပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် စစ်‌ကောင်စီ လက်‌အောက်ခံ နယ်ခြား‌စောင့်တပ်(BGF) ‌ခေါင်း‌ဆောင်များနှင့် စစ်‌ကောင်စီ အရာရှိများကို နိုင်ငံတကာမှ အ‌ရေး ယူ ‌ဆောင်ရွက်မှု ပြုသွားရန် နိုင်ငံတကာ ကရင်အဖွဲ့ (IKO)က ယမန်‌နေ့ ‌ဖေ‌ဖော်ဝါရီလ ၂ ရက် ‌နေ့စွဲဖြင့် သတင်း ထုတ်ပြန် ‌တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်‌နေ့က မူ‌တြော်(ဖာပွန်)ခရိုင် ‌တောင်သုံးလုံးစခန်းတွင်ရှိသည့် စစ်‌ကောင်စီတပ်နှင့် BGF တပ်ဖွဲ့မှ ထီး‌လော်သိထာ‌ကျေးရွာထဲသို့ လက်နက်ကြီးများနှင့် ပစ်ခတ်သည့်အတွက် သုံးလသားအရွယ် က‌လေး ငယ်တစ်ဦးနှင့် အသက်၂ဝ အရွယ် မိန်းက‌လေးတစ်ဦး‌သေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အ‌ပေါ် တာဝန်ခံမှုရှိ‌စေရန် ယခုလို‌တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ အပြစ်မဲ့ အရပ်သား ထိခိုက်‌သေဆုံးမှုဖြစ်‌ပေါ်‌စေခဲ့သည့် လက်နက်ကြီးပစ်ခတ်မှုကို ‌တောင်သုံးလုံးစခန်း တွင် အ‌ခြေစိုက်သည့် BGF အမှတ် ၁၀၁၃ တပ်ရင်းမှ ဒုတပ်ရင်းမှူး‌ကျော်ဝင်းက အမိန့်‌ပေး‌စေခိုင်းခဲ့ခြင်းဖြစ်ပြီး ထိုလုပ်ရပ်သည် ဂျီနီဗာသ‌ဘောတူညီမှုနှင့် စစ်ရာဇဝတ်မှုကို ကျူးလွန်‌နေခြင်းဖြစ်သည့်အ‌ပေါ် ၎င်းတို့ကို အ‌ရေးယူ ‌ဆောင်ရွက်သွား‌စေလိုခြင်းဖြစ်‌ကြောင်း သတင်းထုတ်ပြန်ချက်တွင် ‌ပြောဆိုထားသည်။

ကရင်ပြည်နယ်အတွင်း ဖြစ်‌ပေါ်‌နေသည့် အရပ်သားအ‌ပေါ် တိုက်ခိုက်မှုများကို အမိန့်‌ပေး ညွှန်ကြားသူများနှင့် ၎င်းတို့၏ ရာထူးတာဝန်များကို IKO အ‌နေဖြင့် သိရှိထားပြီး ၎င်းတို့ ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံသွားရမည်ဖြစ်‌ကြောင်း၊ ‌ဒေသတွင်းအဆင့် ‌ခေါင်း‌ဆောင်များအပြင် ရာထူးမြင့် ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ အထိ တာဝန်ခံမှုရှိ‌စေရမည်ဖြစ်ပြီး အပြစ်ကင်းလွတ်ခွင့်ကို ရပ်တန့်နိုင်မှသာလျှင် အနာဂတ် တိုက်ခိုက်မှုများကို အဆုံးသတ်နိုင်မည်ဖြစ်‌ကြောင်း IKO က ‌ပြောသည်။

ထို့အပြင် BGF ‌ခေါင်း‌ဆောင် ‌ကျော်ဝင်းအပါအဝင် အခြား‌သော ‌ဒေသတွင်း ‌ခေါင်း‌ဆောင်များ၏ လုပ်ရပ်များကို ကမာ္ဘကြီးက သိရှိ‌နေ‌ကြောင်း သတိ‌ပေးသည့်အ‌နေဖြင့် အ‌မေရိကန်၊ ဥ‌ရောပ သမဂ္ဂ(EU)၊ ဗြိတိန် နှင့် က‌နေဒါ နိုင်ငံများအ‌နေဖြင့်လည်း ၎င်းတို့ကို အ‌ရေးယူပိတ်ဆို့မှု ပြုလုပ်ရမည်ဖြစ်ပြီး ထိုမှသာ ၎င်းတို့၏ လုပ်ရပ်များကို ရပ်နိုင်မည်ဖြစ်‌ကြောင်းလည်း IKO က ‌ထောက်ပြ‌တောင်းဆိုထားသည်။

ထုတ်ပြန်ချက် ‌ပြောခွင့်ရ စလုံ့ဖန်းက “မြန်မာပြည်ကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး(ICC)ကို လွှဲ‌ပြောင်း‌ပေးဖို့ မ‌ထောက်ခံတဲ့ US လို UK လို၊ ပြင်သစ်လို UN လုံခြုံ‌ရေး‌ကောင်စီရဲ့ ရာသက်ပန်အဖွဲ့ဝင် တိုင်းပြည်‌တွေကို ကျ‌နော် တို့ အ‌တော်‌လေးစိတ်ပျက်မိပါတယ်။ UN လုံခြုံ‌ရေး‌ကောင်စီရဲ့ ဆုံးဖြတ်ချက်‌တွေမှာ တရုတ်၊ ရုရှားလို တိုင်းပြည်‌တွေမှာ ဗီတို အာဏာရှိ‌ပေမဲ့ ဒါက UN လုံခြုံ‌ရေး‌ကောင်စီအဖွဲ့ဝင်‌တွေကို မူဝါဒအရ လွှဲ‌ပြောင်းမှုကို ‌ထောက်ခံ‌ပြောဆိုတဲ့‌နေရာမှာ တားဆီးထားတာမျိုးမရှိပါဘူး။ သူတို့‌ထောက်ခံ‌ပြောဆိုဖို့လိုတယ်” ဟု ထုတ်ပြန်ချက်တွင် ‌ပြောဆိုထားသည်။

အလားတူ IKO အ‌နေဖြင့် USA၊ UK နှင့် က‌နေဒါနိုင်ငံများ၏ အ‌ရေးယူပိတ်ဆို့မှုအသစ်များကို ကြိုဆို‌ထောက်ခံ ‌သော်လည်း အဆိုပါ ‌ရေးယူပိတ်ဆို့မှုများများမှာ ‌နှေး‌ကွေးလွန်း‌နေ‌ကြောင်း ‌ထောက်ပြ‌ပြောဆိုခဲ့သလို ကရင်ပြည်နယ်အပါအဝင် တိုင်းရင်းသား‌ဒေသများတွင် ပြုလုပ်‌နေသည့် ‌လေ‌ကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်နိုင်မည့် ‌လေယာဉ် ‌လောင်စာဆီ အ‌ရေးယူပိတ်ဆို့မှုမှာလည်း အလွန်အ‌ရေးပါ‌ကြောင်း ထုတ်ပြန်‌ဖော်ပြ ထားသည်။

ထို့အတူ ဒီဇင်ဘာလ ၁၆ ရက်‌နေ့တွင်လည်း ဥ‌ရောပသမဂ္ဂ (EU) အ‌နေဖြင့် မြန်မာစစ်တပ်အ‌ပေါ် ပစ်မှတ်ထား သည့် စီးပွား‌ရေးအရ လုံ‌လောက်သည့် အ‌ရေးယူပိတ်ဆို့မှုသစ်များကို ချမှတ်‌ပေးရန် ဥ‌ရောပ ‌ရောက် ကရင်လူမျိုးများ ကွန်ယက်(EKN)က တိုက်တွန်းထုတ်ပြန်ထား‌သေးသည်။

‌ဖေ‌ဖော်ဝါရီလ ၁ ရက်‌နေ့ကလည်း စစ်‌ကောင်စီနှင့် ဘုံတူညီမှုကိုရှာပြီး အာဏာခွဲ‌ဝေမှုဆိုင်ရာ ညှိနှိုင်း ‌ဆွေး‌နွေး မှုများပြုလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Dr Noeleen Heyzer ၏ သတင်းမီဒီ ယာအတွင်း တိုက်တွန်း‌ပြောဆိုချက်အ‌ပေါ် ဥ‌ရောပ‌ရောက်ကရင်လူမျိုးများကွန်ယက် (European Karen Network-EKN) က ကန့်ကွက်‌ကြောင်း သ‌ဘောထား ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်ည‌နေပိုင်းတွင် မူ‌တြော်(ဖာပွန်)ခရိုင် ‌တောင်သုံးလုံးစခန်းတွင်ရှိသည့် စစ်‌ကောင်စီ တပ် နှင့် BGF တပ်ဖွဲ့မှ ထီး‌လော်သိထာ‌ကျေးရွာထဲတွင် လက်နက်ကြီးများနှင့် ပစ်ခတ်သည့်အတွက် သုံးလသားအရွယ် က‌လေးငယ်တစ်ဦးနှင့် အသက်၂ဝ အရွယ် မိန်းက‌လေးတစ်ဦး‌သေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သလို လူ‌နေအိမ် ၄ လုံးနှင့် အိမ်‌မွေးတိရိစာ္ဆန် ၁ဝ ‌ကောင်ထက်မနည်း ထိခိုက်‌သေဆုံးမှုရှိခဲ့သည်။