Home သတင်း ထိန်းချုပ်နယ်‌မြေရှိ အသက် ၁နှစ်‌အောက်က‌လေးငယ်များအတွက် ပုံမှန်ကာကွယ်‌ဆေး ပြန်ထိုးနှံ‌ပေးရန် ‌ကေအဲန်ယူစီစဉ်‌နေ

ထိန်းချုပ်နယ်‌မြေရှိ အသက် ၁နှစ်‌အောက်က‌လေးငယ်များအတွက် ပုံမှန်ကာကွယ်‌ဆေး ပြန်ထိုးနှံ‌ပေးရန် ‌ကေအဲန်ယူစီစဉ်‌နေ

889

‌ဖေ‌ဖော်ဝါရီ ၃ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်သည့်နယ်‌မြေတွင် အသက် ၁နှစ်‌အောက်အရွယ် က‌လေးငယ်များ အတွက် ပုံမှန် ကာကွယ်‌ဆေးထိုးသည့်လုပ်ငန်းစဉ်ကို ရပ်နားထားခဲ့ရာမှ ယခု ၂၀၂၂ခု၊ ‌ဖေ‌ဖော်ဝါရီလတွင် ပြန်လည် စတင်ထိုးနှံ‌ပေးရန် အစီအစဉ်ရှိသည်ဟု ‌ကေအဲန်ယူလက်‌အောက်ခံ ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန-KDHW တာဝန်ရှိသူထံမှ သိရသည်။

ကိုဗစ်-၁၉ ကူးစက်မှုနှင့် စစ်တပ်က အာဏာသိမ်းသည့် အ‌ခြေအ‌နေ ‌နောက်ဆက်တွဲများ‌ကြောင့် ‌ကေအဲန်ယူ ထိန်းချုပ် သည့်နယ်‌မြေများတွင် က‌လေးငယ်များအတွက် ကာကွယ်‌ဆေးထိုးသည့် လုပ်ငန်းစဉ်များကို တစ်နှစ်‌ကျော်ခန့် ရပ်နား ထားခဲ့ပြီး‌နောက် ယခု ‌ဖေ‌ဖော်ဝါရီလနှင့် မတ်လကြားတွင် ပြန်လည်စတင်ထိုးရန် စီစဉ်ထားပြီးဖြစ်‌ကြောင်း KDHW ၏ Expanded Program on Immunization-EPI မန်‌နေဂျာက ယခုလို ‌ပြောသည်။

EPI Program မန်‌နေဂျာ ‌ဒေါက်တာနန်းစန်ခမ်းက “ကျမတို့ အရင်ထိုးတာ‌တွေက မြို့နယ် (၁၁)မြို့နယ်‌ပေါ့။ အဲဒီမှာက ကျမတို့က ‌နေရာအကုန်လုံး လွှမ်းခြုံလား၊ မလွှမ်းခြုံနိုင်ဘူးလားဆိုတာ‌တော့ ကာကွယ်‌ဆေးရရှိမှုအ‌ပေါ်မှာ အများကြီး မူတည်တယ်။ ကာကွယ်‌ဆေးဘယ်‌လောက်ရမလဲ။ ဘတ်ဂျက်က Project အ‌ပေါ်သွားတယ်ဆို‌တော့‌လေ။”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

ယခု ပြန်လည်စတင်ထိုးနှံ‌ပေးမည့် ကာကွယ်‌ဆေးမှာ ယခင်သတ်မှတ်ထားသည့် ‌ရောဂါ (၁၃)မျိုးကို ကာကွယ်‌ပေးသည့် ‌ဆေးအမျိုးအစား‌ပေါင်း (၉)မျိုး ထိုးနှံ‌ပေးမည်ဖြစ်ပြီး အစိုးရလက်လှမ်းမမှီခဲ့သည့် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေအတွင်း ရှိ က‌လေးငယ်‌ပေါင်း အ‌ယောက် ၂၅၀၀‌ကျော်ကို ထိုး‌ပေးသွားရန် လျာထား‌ကြောင်းလည်း KDHW ၏ (EPI) တိုးချဲ့ကာ ကွယ်‌ဆေးဌာနထံမှ သိရသည်။

စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း ‌ကေအဲန်ယူထိန်းချုပ်ရာ နယ်‌မြေများတွင် က‌လေးငယ် အများအပြားမှာ ကာကွယ်‌ဆေး မထိုးရ‌သေးသည့်အပြင် အစိုးရ လက်လှမ်းမှီခဲ့သည့် အချို့ဆက်စပ်နယ်‌မြေများတွင်လည်း အစိုးရကျန်းမာ‌ရေးဌာနမှ အာဏာဖီဆန်‌ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်ခဲ့သည်။

ထို့အပြင် အဆိုပါ CDM ကျန်းမာ‌ရေးဝန်ထမ်းများကို စစ်‌ကောင်စီတပ်က ဖမ်းဆီးမှု ရှိ‌နေသည့်အတွက် ‌ကျေးလက်‌ဒေသ ရှိ တိုက်နယ်‌ဆေးရုံနှင့် ‌ဆေး‌ပေးခန်းများကို ပိတ်လိုက်ရ‌သော‌ကြောင့် ‌ဒေသတွင်းရှိ က‌လေးငယ်များမှာ ကာကွယ်‌ဆေး ထိုးခွင့်မရခဲ့ကြ‌ပေ။

၎င်းနယ်‌မြေတွင် ‌နေထိုင်သူ က‌လေးမိခင် နန်း‌ရွှေစင်က “ကျမတို့‌ဒေသမှာ‌တော့ ‌ကေအဲန်ယူ ‌ရော‌နှောအုပ်ချုပ်နယ်‌မြေ ဖြစ်‌ပေမယ့်လည်း အရင်က‌တော့ ရွာမှာ အစိုးရ‌ဆေး‌ပေးခန်းရှိ‌တော့ ‌ဆေးခန်းမှာပဲ ကာကွယ်‌ဆေးသွားထိုးကြတယ်။ အခုက ‌ဆေးခန်းလည်း ပိတ်ထားတယ်။ နယ်‌မြေမှာရှိတဲ့ တိုက်နယ်‌ဆေးရုံလည်း ပိတ်ထား‌တော့ သွားထိုးမယ့်‌နေရာ မရှိဘူး။ က‌လေးက အသက်၁နှစ်‌ကျော်သွားပြီး ပြန်ထိုးရမရမသိဘူး။ မြို့‌တွေမှာ ထိုးတာရှိတယ်။ သူတို့ ထိုးတဲ့အချိန် လည်း မသိဘူး။ မြို့လည်း မသွားရဲဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KDHW မှ ပြန်လည်ထိုးနှံ‌ပေးသည့် က‌လေးငယ်များအတွက် ကာကွယ်‌ဆေးသည် ယခင်အစိုးရလက်လှမ်းမမှီခဲ့သည့် သတ်မှတ်နယ်‌မြေအတွင်း၌သာ ထိုး‌ပေးမည်ဖြစ်သည့်အတွက် ၎င်းတို့၏နယ်‌မြေထဲတွင် လာ‌ရောက်ထိုးနှံပါက မည်သူမ ဆို တတ်နိုင်သ‌လောက် ထိုး‌ပေးသွားမည်ဖြစ်‌ကြောင်း KDHW တာဝန်ရှိသူတစ်ဦးဖြစ်သည့် ‌ဒေါက်တာ‌စောမာတာက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အရင်တုန်းက MOHS ထိုး‌ပေးတဲ့‌နေရာက က‌လေး‌တွေက လာထိုးရင်‌တော့ ထိုး‌ပေးရမှာ‌ပေါ့။ ဒါ‌ပေမယ့် သူတို့ ရဲ့နယ်‌မြေထဲကို ဝင်ထိုးဖို့က‌တော့ ကျ‌နော်တို့မှာ အစီအစဉ်မရှိပါဘူး။ ကျ‌နော်တို့ထိုးမယ့်‌နေရာမှာ ကာကွယ်‌ဆေးထိုး ချင်လို့ သူတို့လာမယ်ဆိုလို့ရှိရင်‌တော့ ထိုး‌တော့ထိုး‌ပေးရမှာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရက လက်လှမ်းမမှီသည့် ‌ဝေးလံ‌ခေါင်ဖျား‌နေရာများတွင် ကာကွယ်‌ဆေးထိုးနိုင်ရန် ကျန်းမာ‌ရေးနှင့် အားကစားဝန် ကြီးဌာန၏ EPI လုပ်ငန်းကို ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန-KDHW က လွန်ခဲ့သည့် ၂၀၁၆ခုနှစ်ကတည်းက စတင် ပူး‌ပေါင်း‌ဆောင်ရွက်ခဲ့သည်။ ယခု ပြန်လည်လုပ်‌ဆောင်သည့် ကာကွယ်‌ဆေးထိုးလုပ်ငန်းစဉ်မှာလည်း ယခင် လုပ်‌ဆောင်ခဲ့သည့် လုပ်ငန်းစဉ်၏အဆက်ဖြစ်သည်ဟု ‌ဒေါက်တာမာတာက ဖြည့်စွက် ‌ပြောဆိုသည်။

စစ်တပ်အာဏာသိမ်းချိန်မှစ၍ ကျန်းမာ‌ရေးဝန်ထမ်းများသည် ခြိမ်း‌ခြောက်မှုနှင့် အကြမ်းဖက်မှုများ ကြုံ‌တွေ့‌နေရသည့် အတွက် ကျန်းမာ‌ရေးဝန်‌ဆောင်မှုလုပ်ငန်းများကို အကြီးအကျယ် အ‌နှောင့်အယှက်ဖြစ်‌စေခဲ့ပြီး မြန်မာနိုင်ငံရှိ က‌လေး သူငယ် (၁)သန်းနီးပါးမှာ ပုံမှန် ကာကွယ်‌ဆေးထိုးခြင်း မရရှိ‌တော့‌ကြောင်း ယူနီဆက်ဖ်မြန်မာ(UNICEF Myanmar)က ၂၀၂၁ခုနှစ်၊ ဇွန်လတွင် ထုတ်ပြန်ထားခဲ့သည်။