ဖေဖော်ဝါရီ ၁၂ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဖေဖော်ဝါရီလ ၁၂ရက်၊ ညနေပိုင်းတွင် လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် လူငယ်များက ‘အတုအယောင် ပြည်ထောင်စုဝါဒ၊ လူထုအားနဲ့ ဖယ်ရှားကြ’ ကြွေးကြော်သံဖြင့် စစ်အာဏာရှင်စနစ်ဆန်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထိုလှုပ်ရှားမှုတွင် ‘စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ ဖမ်းဆီးခံများလွတ်မြောက်ရေး၊ ၂၀၀၈ ခြေဥဖျက်သိမ်းရေး’ အစရှိတဲ့ ကြွေးကြော်သံများ ဟစ်ကြွေးကာ ၂၀၀၈ ဖွဲ့စည်းပုံအြေခခံဥပဒေ(ခြေဥ)ကနေ အတည် ပြုထားသည့် နိုင်ငံတော်အလံကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။



















