Home သတင်း စစ်‌ကောင်စီနှင့် ညှိနှိုင်း‌ဆွေး‌နွေးသွားရန် UN အထူးသံတမန်‌ပြောဆိုမှုအ‌ပေါ် နိုင်ငံတကာ ကရင်များ ကန့်ကွက်

စစ်‌ကောင်စီနှင့် ညှိနှိုင်း‌ဆွေး‌နွေးသွားရန် UN အထူးသံတမန်‌ပြောဆိုမှုအ‌ပေါ် နိုင်ငံတကာ ကရင်များ ကန့်ကွက်

1609
Photo: Internet

‌ဖေ‌ဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

စစ်‌ကောင်စီနှင့် ဘုံတူညီမှုကိုရှာပြီး အာဏာခွဲ‌ဝေမှုဆိုင်ရာ ညှိနှိုင်း‌ဆွေး‌နွေးမှုများပြုလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Dr Noeleen Heyzer ၏ သတင်းမီဒီယာအတွင်း တိုက်တွန်း‌ပြောဆိုချက်အ‌ပေါ် ဥ‌ရောပ‌ရောက် ကရင်လူမျိုးများကွန်ယက် (European Karen Network-EKN) က ယမန်‌နေ့ ‌ဖေ‌ဖော်ဝါရီလ ၁ ရက်‌နေ့တွင် ကန့်ကွက်ပယ်ချ‌ကြောင်း ထုတ်ပြန်ခဲ့သည်။

‌ဖေ‌ဖော်ဝါရီလ ၁ ရက်‌နေ့ စစ်အာဏာသိမ်းမှုတစ်နှစ်ပြည့်မတိုင်မီ အကြို‌နေ့ ဇန်နဝါရီလ ၃၁ ရက်‌နေ့က Channel News Asia (CNA) နှင့် အင်တာဗျူးတွင် UN အထူးသံတမန်မှ မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေးပြဿနာကို ညှိနှိုင်း‌ဆွေး ‌နွေးမှုဖြင့် အ‌ဖြေရှာသွားရန် တိုက်တွန်း‌ပြောဆိုခဲ့မှုအ‌ပေါ် ဥ‌ရောပ‌ရောက် ကရင်အသိုင်းအဝိုင်းက ယခုလို တုန့်ပြန် ကန့်ကွက်ကြ ခြင်းဖြစ်သည်။

အဆိုပါ ‌ပြောဆိုမှုများသည် UN အထူးသံတမန်အ‌နေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒအ‌ပေါ် နား‌ထောင်ခြင်း မရှိ‌ကြောင်းနှင့် စစ်တပ်သည် တိုင်းပြည်၏ အ‌ခြေခံကျဆုံး‌သော ပြဿနာဖြစ်‌နေသည်ကို တကယ်နားမလည် ‌ကြောင်း ‌ဖော်ပြ‌နေသည်ဟု ဥ‌ရောပ‌ရောက် ကရင်ကွန်ယက်၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထုတ်ပြန်ချက် ‌ပြောခွင့်ရ နန်းကြည်‌အေးက “မြန်မာစစ်တပ်က နှစ်‌ပေါင်း ၇ဝ ‌ကျော်ကြာ ကရင်ပြည်သူ ‌တွေကို တိုက်ခိုက်‌နေခဲ့တာ။ ကျမတို့ကိုဆန့်ကျင်ပြီး‌တော့မှ ‌ရေတွက်လို့ မနိုင်တဲ့ နိုင်ငံတကာဥပ‌ဒေ ချိုး‌ဖောက်မှု ကို သူတို့(စစ်တပ်)က ကျူးလွန်ခဲ့တာ။ ကျမတို့ကို ဖိနှိပ်‌နေတဲ့သူကို အာဏာဆက်လက်ရယူနိုင်မယ့် နည်းလမ်း ကြိုးစားရှာ‌ဖွေ‌ပေးတာက UN အထူးသံတမန်ရဲ့ အလုပ်မဟုတ်ဘူး”ဟု ထုတ်ပြန်ချက်တွင် ‌ဖော်ပြ‌ပြောဆိုထား သည်။

ထို့အပြင် UN အထူးသံတမန်၏ ရည်ရွယ်ချက်သည် မြန်မာစစ်တပ်က ရာထူးအာဏာမှ ချက်ချင်း ဖယ်ထုတ်‌ပေး ရန်သာဖြစ်ရမည်ဖြစ်ပြီး စစ်တပ်ကို အာဏာဆက်လက်ရယူရန် မြန်မာပြည်သူများကို တွန်းအား‌ပေးမှုမျိုး မဖြစ် သင့်‌ကြောင်း နှင့် စစ်တပ်အ‌ပေါ် အာဏာဆက်လက်‌ပေးထားလျှင် အာဏာသိမ်းမှု အချိန်မ‌ရွေး ထပ်ဖြစ်လာနိုင် ‌ကြောင်းလည်း နန်းကြည်‌အေးက ဆက်‌ပြောသည်။

အလားတူ လက်ရှိ အာဏာမသိမ်းခင် ကာလကပင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ဦး‌ဆောင်သည့် အစိုးရ လက်ထက်တွင် စစ်တပ်နှင့် အာဏာခွဲ‌ဝေမှုများရှိခဲ့‌သော်လည်း တိုင်းရင်းသားများအ‌ပေါ် တိုက်ခိုက်မှုများမှာ မရပ်တန့်ခဲ့‌ကြောင်းနှင့် စစ်မှန်သည့် ပြုပြင်‌ပြောင်းလဲလိုသူများမရှိခဲ့ဘဲ စစ်တပ်၏ မျိုးဆက်သစ် ‌ခေါင်း‌ဆောင်များ သည်လည်း ယခင်စစ်‌ခေါင်း‌ဆောင်များထက် ပိုမိုရက်စက်လာကြ‌ကြောင်း EKN ၏ ထုတ်ပြန်ချက်၌ ‌ထောက်ပြ ထားသည်။

Photo: Internet

ထို့အပြင် စစ်တပ်၏ ဖွဲ့စည်းပုံ အ‌ခြေခံအ‌ဆောက်အအုံတစ်ခုလုံး ပျက်စီးသွားမှသာ မြန်မာနိုင်ငံအ‌နေဖြင့် လူ့အခွင့်အ‌ရေးကို ‌လေးစားလိုက်နာသည့် စစ်မှန်‌သော ငြိမ်းချမ်း‌ရေးလမ်း‌ကြောင်း‌ပေါ်ကို စတင်နိုင်မည်ဖြစ် ‌ကြောင်းလည်း ဆက်လက် ‌ထောက်ပြထားသည်။

ထုတ်ပြန်ချက်ပါ ‌ပြောခွင့်ရသူ Nant Helen Buhtoo ကလည်း “နိုင်ငံတကာအသိုင်းအဝိုင်းအ‌နေနဲ့က ပြီးခဲ့တဲ့ နှစ်က ‌ကြောက်စရာ‌ကောင်းတဲ့ ဖြစ်ရပ်‌တွေလို သူတို့‌လေ့လာသင့်ခဲ့တဲ့ သင်ခန်းစာတစ်ခု ရှိခဲ့မယ်ဆိုရင် ဒါဟာ စစ်တပ်က မြန်မာပြည်သူ‌တွေရဲ့ အ‌ကောင်းဆုံးအကျိုးစီးပွား‌တွေအတွက် ဘယ်‌တော့မှ မလုပ်‌ဆောင်‌ပေးခဲ့ဘူး ဆိုတာပဲဖြစ်တယ်။ စစ်တပ်သာ ကျမတို့အတိတ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်‌နေ‌သေးသ၍ ကျမတို့တိုင်းပြည်ရဲ့ အနာဂတ်ရှိမှာမဟုတ်ဘူး” ဟု ထုတ်ပြန်ချက်၌ ‌ပြောဆိုထားသည်။

ထို့အတူ စစ်တပ်တွင် ထိန်းချုပ်နိုင်မှု ရှိ‌နေ‌သေးသည့်အ‌ပေါ် ၎င်းတို့ နှင့် ညှိနှိုင်း‌ဆွေး‌နွေးရမည်ဖြစ်‌ကြောင်း UN အထူးသံတမန်အ‌နေဖြင့် ကြိုးစား‌ထောက်ခံ‌နေ‌သော်လည်း စစ်တပ်သည် အထိန်းအကွပ်မဲ့‌နေပြီး အရပ်သား အ‌ပေါ် သတ်ဖြတ်‌နေသလို မြန်မာပြည်ကို ထိန်းချုပ်နိုင်စွမ်းမရှိကြ‌တော့သလို ‌နေ့စဉ် ကြမ်းဖက်မှု အသစ်များ ကျူးလွန်‌နေသည်ဟုလည်း ဆက်လက် ဆိုထားသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်‌နေ့ကလည်း ဥ‌ရောပ သမဂ္ဂ (EU) အ‌နေဖြင့် မြန်မာစစ်တပ်အ‌ပေါ် ပစ်မှတ်ထားသည့် စီးပွား‌ရေးအရ လုံ‌လောက်သည့် အ‌ရေးယူပိတ်ဆို့မှုသစ်များကို ချမှတ်‌ပေးရန် ဥ‌ရောပ‌ရောက် ကရင်လူမျိုးများ ကွန်ယက်(EKN)က တိုက်တွန်းထုတ်ပြန်ထား‌သေးသည်။

Channel News Asia (CNA) နှင့် သီးသန့် အင်တာဗျူး ပြုလုပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ UN အထူးသံတမန် Dr Noeleen Heyzer ၏ အင်တာဗျူးကို ၎င်းကို ကိုယ်တိုင်အင်တာဗျူးခဲ့သူ CNA သတင်း‌ထောက် May Wong က ဇန်နဝါရီလ ၃၁ ရက်‌နေ့က သူမ၏ တွစ်တာစာမျက်နှာတွင် ထပ်ဆင့် ‌ဖော်ပြထား‌ကြောင်း‌တွေ့ ရသည်။