ဖေဖော်ဝါရီ ၅ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင် ဒွယ်လိုးမြို့နယ်၊ မာထောအုပ်စု၊ တဒွံခို့ကျေးရွာတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁ နာရီအချိန်က စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံး ၂ လုံး လာရောက်ကြဲချမှုကြောင့် ရွာသား ၂ ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU မူတြော်ခရိုင်သတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁ လုံးမီးလောင်ကျွမ်းခဲ့ပြီး ၃ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။




















