Home သတင်း ‌စောဘလှသိန်းကို ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် NUG အစိုးရ ခန့်အပ်

‌စောဘလှသိန်းကို ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် NUG အစိုးရ ခန့်အပ်

1144
Photo_Ministry of Foreign Affairs - Myanmar - NUG

‌ဖေ‌ဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

ဂျပန်နိုင်ငံနှင့် ဆက်ဆံ‌ရေးတိုးမြှင့်ရန်ရည်ရွယ်ကာ အမျိုးသားညီညွတ်‌ရေးအစိုးရက မြန်မာ့အ‌ရေး‌ဆောင်ရွက်‌နေသူ ‌စောဘလှသိန်းအား ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ်ခန့်အပ်လိုက်သည်ဟု NUG ၏ နိုင်ငံခြား‌ရေးဝန်ကြီးဌာနက ယမန့် ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဂျပန်နိုင်ငံနှင့် ဆက်ဆံ‌ရေးတိုးမြှင့်‌ဆောင်ရွက်နိုင်ရန်၊ ဂျပန်နိုင်ငံ‌ရောက်မြန်မာ နိုင်ငံသားများပူး‌ပေါင်း‌ဆောင်ရွက်နိုင်ကြ‌စေရန်နှင့် ဂျပန်နိုင်ငံ‌ရောက်မြန်မာနိုင်ငံသားများ ‌တွေ့ကြုံ‌နေရ‌သော အခက်အခဲများကိုကူညီ‌ဖြေရှင်းနိုင်ရန်ရည်ရွယ်ပြီး ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ကို ခန့်အပ်လိုက်သည်ဟု NUG နိုင်ငံခြား‌ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

‌စောဘလှသိန်းသည် Karen National League (Japan) K.N.L, Karen Information Space (Japan) K.I.S, Karen National Foundation (Japan) K.N.F, Association of United Nationalities in Japan (AUN), Refugees Coordination Committee Japan (RCCJ) စသည့် အဖွဲ့အစည်း‌တွေကို တည်‌ထောင်ခဲ့သူတစ်ဦဖြစ်သည်။

ထို့အပြင် လက်ရှိအချိန်တွင် ဂျပန်နိုင်ငံတွင် ဒုက္ခသည်အ‌ရေး၊ မြန်မာ့အ‌ရေးများကို ‌ဆောင်ရွက်‌နေသည့် ကရင်အမျိုးသားတစ်ဦးလည်းဖြစ်သည်ဟုသိရသည်။