Home သတင်း လမ်းတံတား‌ဖောက်လုပ်တည်‌ဆောက်မှု‌ကြောင့် ‌ဒေသခံ၏လယ်ယာထိခိုက်နစ်နာမှုရှိ‌နေ

လမ်းတံတား‌ဖောက်လုပ်တည်‌ဆောက်မှု‌ကြောင့် ‌ဒေသခံ၏လယ်ယာထိခိုက်နစ်နာမှုရှိ‌နေ

1719
Photo: CJ

‌ဖေ‌ဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်၊ ပိစခ‌တောင်စွန်‌ကျေးရွာအုပ်စုအတွင်း အ‌ပေါင်-‌တောင်စွန်းသွားလမ်း‌ပေါ်ရှိ ‌ရေ တွင်းဖြူလယ်ယာကွင်းကို ဖြတ်၍ စစ်‌ကောင်စီ၏ ‌ဆောက်လုပ်‌ရေး ဝန်ကြီးဌာနမှ လမ်းနှင့်တံတား ဝင်‌ရောက် ‌ဖောက်လုပ်မှု‌ကြောင့် ‌ဒေသခံများ၏ လယ်ယာများ ထိခိုက်ဆုံးရှုံးမှုများရှိ‌နေ‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

လမ်းနှင့် တံတား ဝင်‌ရောက်တည်‌ဆောက်‌ဖောက်လုပ်မည့်အ‌ပေါ် ‌ဒေသခံများ၏ သ‌ဘောထားရယူခြင်းမရှိဘဲ သက်ဆိုင်ရာ စစ်‌ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး၏ သ‌ဘောထားဖြင့် ‌ဖောက်လုပ်လိုက်ခြင်း‌ကြောင့် လယ်ယာကွက် ၃ ကွက်ထက်မနည်း ထိခိုက်ပျက်စီးမှု ဖြစ်‌ပေါ်ခဲ့‌ကြောင်း ထိခိုက်ခံရသူများနှင့် နီးစပ်သူများက ယခုလို‌ပြောသည်။

“လယ်ကွက် တည့်တည့်မှာပဲ တံတားတစ်စင်းလာ‌ဆောက်‌တော့ လယ်တစ်ကွက်က ပျက်စီးသွားတယ်။ ပြီး‌တော့ ‌ဘေးက အခြားလူ‌တွေရဲ့ လယ်ကွက် နှစ်ကွက်ပါသွားထိတယ်။ သူတို့ လာလုပ်မယ်လို့ သိသိချင်းပဲ သွား‌ပြော တယ်၊ လက်မခံနိုင်ဘူးလို့။ ဒီလယ်ကွက်‌တွေနဲ့ပဲ လုပ်ကိုင် စား‌သောက် ‌နေရတာလို့။ သူတို့က ‌ဒေသခံ ‌တွေ‌ပြောတာ နားမ‌ထောင်ဘဲ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးသ‌ဘောထားနဲ့ပဲလုပ်‌တော့ ကျမတို့ အသားလွတ်ကြီးခံရ တာ‌ပေါ့” ဟု လယ်ထိခိုက်သူများနှင့် နီးစပ်သူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့်လ ဇန်နဝါရီလ ၂၄ ရက်‌နေ့က စစ်‌ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ လက်‌အောက်ခံ နယ်ခြား‌စောင့် (BGF) တပ်ဖွဲ့ဝင်များမှ ကွင်းဆင်းစစ်‌ဆေးပြီး‌နောက် ဇန်နဝါရီလ ၂၅ ရက်‌နေ့တွင် စတင်‌ဖောက်လုပ် တည် ‌ဆောက်‌နေကြခြင်းဖြစ်ပြီး ၎င်း‌ဖောက်လုပ်တည်‌ဆောက်မှု‌ကြောင့် ထိခိုက်ပျက်စီးသွားသည့် လယ်ယာ‌မြေ များအတွက် နစ်နာ‌ကြေး တစ်စုံတစ်ရာ ပြန်လည်‌ပေးအပ်ခြင်းမျိုးလည်း မရှိ‌ကြောင်း သိရသည်။

Photo: CJ

လက်ရှိ တည်‌ဆောက်မှု လုပ်ငန်းမှာ ထီလုံ-တာ‌ပေါင်-ပတ-နဘူး-‌ကောကရိတ်(တံတားကျိုး)လမ်း‌ပေါ်မှ ‌ရေ‌မြောင်း ‌အောက်ခံ ကွန်ကရစ် တံတားနှစ်စင်းနှင့်ချဉ်းကပ်လမ်း ‌ဆောက်ရွက်ခြင်းဖြစ်ပြီး စစ်‌ကောင်စီ၏ ‌ဆောက်လုပ်‌ရေး ဝန်ကြီးဌာန ၊ လမ်းဦးစီးဌာန တည်‌ဆောက်‌ရေးအဖွဲ့ (၂)၏ လမ်း‌ဆောက်လုပ်‌ရေးစီမံကိန်း အထူးအဖွဲ့ (၂၂) မှ တာ ဝန်ခံ အင်ဂျင်နီယာ ဦးချိုဝင်း ဦးစီးပြီး ဦးမင်းနိုင်မှ တာဝန်ယူ‌ဆောက်လုပ်‌နေခြင်းဖြစ်ကာ ခန့်မှန်းတန်ဘိုးကျပ် (၇၀.၇၉၅)သန်းသုံးစွဲ၍ ‌ဆောက်လုပ်‌နေခြင်းဖြစ်‌ကြောင်းလည်း သိရသည်။

အဆိုပါ လမ်းနှင့်တံတား ‌ဖောက်လုပ်မှု‌ကြောင့် လယ်ယာ‌မြေ ထိခိုက်ပျက်စီးမှုများရှိသည့်အ‌ပေါ် ‌ဒေသခံများအ ‌နေ ဖြင့် နီးစပ်ရာ စစ်‌ကောင်စီခန့် ‌ဒေသခံ အုပ်ချုပ်‌ရေးမှူးများအပြင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများမှ ခန့်အပ် ထားသည့် အုပ်ချုပ်‌ရေးမှူးများကို ဟန့်တား‌ပြောဆို‌ပေးရန် ‌တောင်းဆိုခဲ့‌သော်လည်း တစ်စုံတစ်ရာအကူအညီမရခဲ့ သည့်အပြင် အဆိုပါ လမ်းတံတားတည်‌ဆောက်မှုကိုပါ လက်ခံ‌ပေးရန် အ‌ပြောဆိုခံခဲ့ရ‌ကြောင်းလည်း ‌ဒေသခံများ က ဆိုသည်။

အလားတူ ပြီးခဲ့သည့် လများတွင်လည်း ‌ကော့ကရိတ်မြို့နယ်တွင်ရှိ ‌ကော့တိုး− ထီးက‌လေး−သိကြား− နဘူး တံခွန်တိုင် ရွာချင်းဆက် လမ်းတံတား ‌ဖောက်လုပ်မှုတွင် ‌ဒေသခံလယ်ယာခြံပိုင်ရှင်များ မှ နစ်နာမှု များရှိ‌နေ သလို ခြိမ်း‌ခြောက်ခံရမှုများ လည်းရှိ‌နေ‌ကြောင်း ‌ဒေသခံများက ဆိုသည်။