ဖေဖော်ဝါရီ ၁ရက်၊ ၂ဝ၂၂၂ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ မြို့မဈေးဝင်းတွင် ယနေ့ ဖေဖော်ဝါရီ ၁ရက်နေ့ မနက် ၆နာ ရီကျော်အချိန် ဗုံး ၃လုံး တစ်ပြိုင်နက် ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း မြို့ခံများထံမှ သိရ သည်။
မြို့မဈေးဝင်းအဝင် ကွမ်းယာဆိုင်တွင် ပထမ ဗုံး ၁လုံးပေါက်ကွဲပြီး ဈေး၏နောက်ဖေးလမ်းကြားတွင် ဗုံး ၂လုံး ထပ်မံ ပေါက်ကွဲကာ ဆိုင်အဆောက်အဦး အနည်းငယ်ပျက်စီးပြီး လူထိခိုက်မှုမရှိဟု မျက်မြင်ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“စည်ပင်နဲ့ ရဲကတော့ ဈေးထဲမှာ စာလိုက်ကပ်တယ်။ ဆိုင်တွေမပိတ်ဖို့ လိုက်ပြောတယ်။ ဆိုင်ဖွင့်ချင်တဲ့လူ တစ်ယောက်မှ မရှိပါဘူး။ သူတို့ အတင်းအကြပ် ဖိအားပေး လိုက်ပြောလိုက်ဖွင့်ခိုင်းလို့သာ မဖြစ်မနေ ဖွင့်နေကြရတာ။ ခုဒီမနက် ဗုံးက ၃လုံးပေါက်တော့ ပြီးသွားတာပေါ့။ ဘယ်သူမှ မဖွင့်ရဲတော့ဘူးလေ။ နဂိုကတည်းက မဖွင့်ချင်တာ ဆိုင်ရှင်တွေကလေ။ ခု လုံခြုံရေးအဖွဲ့တွေ စစ်ဆေးမှုရှိနေတယ်”ဟု အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ကေအိုင်စီသို့ ယနေ့ ပြောသည်။
စစ်အာဏာရှင်၏ အုပ်ချုပ်မှုကို မလိုလားသည့် ပြည်သူများက ယနေ့ ဇန်နဝါရီ ၁ ရက်နေ့တွင် အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြသည့်အနေဖြင့် တစ်နိုင်ငံလုံး အသံတိတ်သပိတ် ပြုလုပ်သွားမည်ဟု နှိုးဆော်ထားချက်များ ရှိခဲ့သည်။