Home သတင်း ‌လေး‌ကေ‌ကော်‌ဒေသတွင် စစ်‌ကောင်စီတပ်အင်အား ၁၀ဝ ‌ကျော် ပြန်ဆုတ်သွား‌သော်လည်း နယ်‌မြေအ‌ခြေချစစ်‌ကြောင်းများ ဆက်ရှိ‌နေ‌သေး

‌လေး‌ကေ‌ကော်‌ဒေသတွင် စစ်‌ကောင်စီတပ်အင်အား ၁၀ဝ ‌ကျော် ပြန်ဆုတ်သွား‌သော်လည်း နယ်‌မြေအ‌ခြေချစစ်‌ကြောင်းများ ဆက်ရှိ‌နေ‌သေး

1188

ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

‌လေ‌ကေ‌ကော် ‌ဒေသအတွင်း ဖလူးကြီး၊ ဖလူး‌လေး‌ကျေးရွာဘက်အခြမ်း စစ်အင်အား တိုးချဲ့ ‌နေရာယူထားသည့် တပ်မ ၄၄ လက်‌အောက်ခံ တပ်ရင်းအချို့ ပြန်ဆုတ်သွား‌သော်လည်း တပ်မ ၂၂ လက်‌အောက်ခံတပ်များ၊ ကမ်းရိုး တိုင်းစစ်ဌာနချုပ် လက်‌အောက်ခံတပ်များ၊ နယ်ခြား‌စောင့်တပ်-BGF တပ်ဖွဲ့များမှာ ဘုန်းကြီး‌ကျောင်း၊ ‌ဆေးခန်း၊ စာသင်‌ကျောင်းနှင့် လမ်းမအနီး‌ဒေသခံ‌နေအိမ်များတွင် စခန်းချ‌နေထိုင်ဆဲဖြစ်‌ကြောင်း သိရသည်။

“တပ်မ ၄၄ မွန်ပြည်နယ်ဘက်က တပ်‌တွေ ဒီမနက်ပိုင်း ရွာက သစ်ကား၊ ‌ပြောင်းဆန်တင်ကား‌တွေ ‌ချောဆွဲ ပြီး ‌တော့ မြဝတီ ၂၇၅ တပ်ဘက် ပြန်ဆုတ်သွားတယ် ၊ အင်အား တစ်ရာ‌ကျော်‌တော့ရှိမယ်၊ ‌ဒေသခံအိမ်‌တွေ က ယူထားတဲ့ ပစ္စည်း‌တွေပါတင်သွားတာ‌တော့‌တွေ့ ရတယ် ၊ အရင်ကတည်းက စစ်‌ကြောင်းထိုးလာတဲ့တပ်‌တွေ က‌တော့ ဖလူးကြီးရွာ ‌ဆေးခန်း၊ ‌ကျောင်းနဲ့ ရွာထဲကအိမ်‌တွေမှာ ရှိ‌နေတုန်းဆို‌တော့ စစ်‌ရှောင်‌တွေ ပြန်လာ‌နေဖို့ မရဲ‌သေးဘူး”ဟု ‌နေရပ်ပြန်‌နေထိုင်သူ စစ်‌ရှောင်တစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်နှစ် ဒီဇင်ဘာလ ၁၅ရက်‌နေ့က ဖြစ်ပွားခဲ့‌သော ‌လေး‌ကေ‌ကော် ‌ဒေသတိုက်ပွဲ‌ကြောင့် စစ်‌ရှောင်ကြ‌သော မယ်‌ထော်သ‌လေး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ‌ကျေးရွာများဘက်မှ ‌နေရပ်ပြန်‌နေထိုင်သူအချို့ရှိ‌သော်လည်း စား‌သောက်‌ရေးကို မြဝတီမြို့ဘက်မှ လာ‌ရောက်‌ထောက်ပံ့သည့် စား‌သောက်စရာကိုသာ အားကိုး စား‌သောက်‌နေရသည်ဟု ‌နေရပ်ပြန်စစ်‌ရှောင်များက ‌ပြောသည်။

ထို့အတူ ‌လေး‌ကေ‌ကော်၊ ဖလူးကြီး၊ ဖလူး‌လေး ပဟိက‌လော်၊ ထီးမယ်ဝါးခီး၊ ရ‌သေ့ဂူ‌ကျေးရွာ စစ်‌ရှောင်များ အ‌နေဖြင့်လည်း ‌သောင်ရင်းမြစ်‌ဘေး ‌လေး‌ကေ‌ကော်သူကြီး စစ်‌ရှောင်စခန်း၊ ‌ကျောက်ခက်ရွာ၊ ဆုံဆည်းမြိုင်ရွာ အနီးရှိ ‌သောင်ရင်းမြစ်‌ဘေးတစ်‌လျှောက်တွင် စစ်‌ဘေး‌ရှောင် ၃,၀၀ဝ ‌ထောင်‌ကျော် ဆက်လက် ခိုလှုံ‌နေထိုင်‌နေဆဲဖြစ်သည်ဟု စစ်‌ရှောင်များအတွက် ကျန်းမာ‌ရေးနှင့် အစားအ‌သောက် ‌ထောက်ပံ‌ရေးလုပ်‌ဆောင်‌နေသူများက ‌ပြောသည်။

အဆိုပါ ‌လေး‌ကေ‌ကော်‌ဒေသအတွင်း ယခု ရက်ပိုင်းများအတွင်း နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်- KNLA ပူး‌ပေါင်းတပ်ဖွဲ့များမှ စစ်‌ကောင်စီတပ်စွဲထားသည့် ‌နေရာများအား ‌ပြောက်ကျားစနစ်ဖြင့် ‌နေ့စဉ်ရက်မခြား တိုက်ခိုက်မှုများရှိ‌နေသည့်အတွက် ‌လေး‌ကေ့‌ကော်‌ဒေသခံများမှာ ‌နေရပ်ပြန်ရန် မဖြစ်‌သေး‌ကြောင်း သိရသည်။