Home သတင်း ဆိုင်ပိတ်ရန် ‌ဖေ့ဘွတ်လူမှုကွန်ယက်တွင် တင်သည်ဟုဆိုကာ သဃင်္န်းညီ‌နောင်မှ ဖုန်းဆိုင်ပိုင်ရှင်တစ်ဦး အဖမ်းခံရ

ဆိုင်ပိတ်ရန် ‌ဖေ့ဘွတ်လူမှုကွန်ယက်တွင် တင်သည်ဟုဆိုကာ သဃင်္န်းညီ‌နောင်မှ ဖုန်းဆိုင်ပိုင်ရှင်တစ်ဦး အဖမ်းခံရ

963
Photo: CJ

ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့ သဃင်္န်းညီ‌နောင်‌ကျေးရွာ‌နေ ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးအား ဆိုင်ပိတ်ရန် Facebook လူမှုကွန်ယက်စာမျက်နှာ‌ပေါ်၌တင်သည်ဟုဆိုကာ ယမန်‌နေ့ ဇန်နဝါရီလ ၂၈ရက်‌နေ့ ညတွင် စစ်‌ကောင်စီအဖွဲ့က ဖမ်းဆီး‌ခေါ်‌ဆောင်သွား‌ကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ T.N.O mobile ဖုန်းအ‌ရောင်းဆိုင်ပိုင်ရှင် မြန်မာ-တရုတ် နွယ်ဖွား ကိုတင်နိုင်ဦး ဆိုသူဖြစ်ပြီး ယမန်‌နေ့ ဇန်နဝါရီလ ၂၇ ရက် ‌နေ့လည်ပိုင်းတွင် သဃင်္န်းညီ‌နောင် နယ်‌မြေရဲစခန်းက လာ‌ရောက်ဖမ်း ဆီး‌ခေါ်‌ဆောင် သွားခြင်းဖြစ်သည်ဟု ၎င်း၏ မိသားစုနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

“ကိုတင်နိုင်ဦး ကို မ‌နေ့ညက လာဖမ်းကြတယ်။ လာမယ့် ‌ဖေ‌ဖော်ဝါရီ ၁ ရက်‌နေ့မှာ ဆိုင်ပိတ်မည်ဟု လူမှုကွန် ယက်မှာတင်လို့ဆိုပြီး ဖမ်းသွားတာ။ အခု သူ့ကို ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားပြီး ဒီမနက် မြဝတီမြို့ နယ် တရားရုံးမှာ ယမန်ယူရန် ‌စောင့်ဆိုင်း‌နေတယ်” ဟု ၎င်း၏ မိသားစုဝင်နှင့် နီးစပ်သူက ‌ပြောသည်။

သို့‌သော် ကိုတင်နိုင်ဦး အသုံးပြုခဲ့သည့် (Tin Naing Oo) Facebook လူမှုကွန်ယက်အ‌ကောင့်အား ယ‌နေ့ ဇန်နဝါရီ လ ၂၈ ရက် နံနက်ပိုင်းက ဝင်‌ရောက်ကြည့်ရှုခဲ့ရာတွင် ‌ဖေ‌ဖော်ဝါရီလ ၁ ရက်‌နေ့ ဆိုင်ပိတ်ရန် တင်ထားသည့် post အား မ‌တွေ့ရ‌ကြောင်း ၎င်း၏ Facebook အ‌ကောင့်နှင့် Friend ဖြစ်‌နေသူတစ်ဦးက ‌ပြောသည်။

လာမည့် ‌ဖေ‌ဖော်ဝါရီလ ၁ ရက်‌နေ့တွင် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်အား ဆန့်ကျင်သည့်အ‌နေဖြင့် နိုင်ငံတဝှမ်း ဆိုင်ပိတ်၊ ‌ဈေးပိတ်၊ လမ်းမထွက် ခြင်းဖြင့် အသံတိတ်သပိတ် ပြုလုပ်ကြရန် ‌ဖေ့ဘွတ်လူမှုကွန်ယက် စာမျက်နှာ များတွင် တိုက်တွန်းနှိုး‌ဆော်မှုများလည်းရှိ‌နေသဖြင့် အဆိုပါ လှုပ်ရှားမှုတွင် ပူး‌ပေါင်းပါဝင်မှုများ မပြုကြရန် နှင့် မလိုက်နာသူများအား ဖမ်းဆီးအ‌ရေးယူမည်ဟု စစ်‌ကောင်စီက မြဝတီမြို့‌ပေါ်ရပ်ကွက်များအတွင်း လိုက်လံ‌ကြေညာလျက်ရှိ‌နေသည်။

ထို့အတူ ‌ဖေ‌ဖော်ဝါရီ ၁ ရက်‌နေ့သည် တရုတ်လူမျိုးတို့၏ နှစ်သစ်ကူး‌နေ့ အချိန်အခါသမယဖြစ်၍ ယင်း‌နေ့တွင် အလုပ်ပိတ်၊ ဆိုင်ပိတ်ကာ နှစ်သစ်ကူးပွဲ‌တော် ဆင်နွှဲကြမည့် မြန်မာ-တရုတ် နွယ်ဖွားများစွာရှိသဖြင့် ကိုတင်နိုင်ဦးလည်း နှစ်သစ်ကူးဆင်နွှဲရန် ဆိုင်ပိတ်မည်ကို ၎င်း၏ ‌ဖေ့ဘွတ်လူမှုကွန်ယက်စာများနှာ‌ပေါ်တွင် အသိ‌ပေးခြင်းဖြစ်နိုင်သည်ဟု သူ့အသိမိတ်‌ဆွေများက ‌ပြောသည်။

ထိုသို့‌သော အ‌ခြေအ‌နေတွင် မိမိတို့၏ ရိုးရာအစဉ်အလာအရ နှစ်သစ်ကူး အခါသမယမှာ အလုပ်ပိတ် ဆိုင်ပိတ်ကာ နှစ်ကူးပွဲ‌တော် ကျင်းပကြမည့် မြန်မာ-တရုတ် နွယ်ဖွားများကိုလည်း အလားတူ အ‌ရေးယူမှုခံရမည်ကို စိုးရိမ်လျက်ရှိသည်ဟု မြဝတီမြို့ရှိ မြန်မာ-တရုတ်နွယ်ဖွားများအကြားတွင် ‌ပြောဆိုမှုများရှိသည်။

Photo: CJ