Home သတင်း စစ်‌ကောင်စီ ထိုးစစ်‌ကြောင့် ‌ကော်သူး‌လေ စာသင်‌ကျောင်းအချို့ ပိတ်ထားရ

စစ်‌ကောင်စီ ထိုးစစ်‌ကြောင့် ‌ကော်သူး‌လေ စာသင်‌ကျောင်းအချို့ ပိတ်ထားရ

1440
Photo: Poe Yay High School FB

ဇန်နဝါရီ ၂၇ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ ဒူးပလာယာခရိုင် ‌ကော့ကရိတ်မြို့နယ်တွင် ယခု ရက်ပိုင်း အတွင်း စစ်‌ကောင်စီတပ်က တဖန်ထိုးစစ်ဆင်ဝင်လာမှု‌ကြောင့် ‌သောင်းနှင့်ချီ‌သော‌ဒေသများ ထွက်‌ပြေးတိမ်း‌ရှောင်‌နေ ရသည့်အပြင် ဖွင့်လှစ်ထားသည့် ‌ကော်သူး‌လေပညာ‌ရေးဌာန၏ စာသင်‌ကျောင်းအချို့လည်း ပိတ်ထားလိုက်ရသည်ဟု သိရသည်။

‌ကော့ကရိတ်မြို့နယ်ထဲတွင် စစ်‌ကောင်စီတပ်မှ လတ်တ‌လော နယ်‌မြေ‌ကျော်ဝင်‌ရောက်လာပြီး ထိုးစစ်ဆင်‌နေသည့်အ တွက် ‌ကျေးရွာ ၂၇ရွာမှ ‌ဒေသခံလူထု နှစ်‌သောင်းနီးပါးထွက်‌ပြေး‌နေရကာ ‌ကော်သူး‌လေပညာ‌ရေးနှင့် ယဉ်‌ကျေးမှုဌာန (KECD) အုပ်ချုပ်မှု‌အောက်ရှိ စာသင်‌ကျောင်းအချို့ ပိတ်ထားလိုက်ရသည့်အပြင် ကျန်စာသင်‌ကျောင်းများကိုလည်း အချိန်‌စော၍ စာ‌မေးပွဲ‌ဖြေဆို‌စေခဲ့ရသည်ဟု နယ်‌မြေခံ ပညာ‌ရေးတာဝန်ရှိသူထံမှ သိရသည်။

စာသင်‌ကျောင်းပိတ်ထားရသည့် ပူး‌ရေးကိုယ်ထူကိုယ်ထ အထက်တန်း‌ကျောင်းအုပ် ‌စော‌ဂေဒို့က “ဗမာစစ်တပ်‌တွေက ကျ‌နော်တို့ဘက်ကိုတက်လာတာ နီးသထက်နီးလာပြီး။ ပြီး‌တော့ ပစ်ခတ်မှု‌တွေလည်း ရှိတယ်။ တချို့‌ကျောင်းသား‌တွေ က မိဘနဲ့‌ဝေး‌တော့ မိဘ‌တွေကလည်း စိတ်ပူပြီး ဖုန်းဆက်လာတာ ရှိတယ်။ ပြီး‌တော့ ပညာ‌ရေးမှူး‌တွေကလည်း အ‌ခြေ အ‌နေကြည့်ပြီး ‌ကျောင်းခဏပိတ်ဖို့‌ပြောလာ‌တော့ တစ်ပတ်‌လောက် ပိတ်ထားလိုက်တယ်။ အိမ်ပြန်လို့ရတဲ့ က‌လေး ‌တွေကို‌တော့ ‌ပေးပြန်တယ်။ တချို့က‌လေး‌တွေက ‌နေတာ‌ဝေး‌တော့ မ‌ပေးပြန်ဘူး‌ပေါ့။ ‌ကျောင်းပိတ်တဲ့အချိန် က‌လေး ‌တွေကို‌တော့ စာဖတ်ချိန်‌ပေးလိုက်တာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေသမတည်ငြိမ်မှုအ‌ခြေအ‌နေ‌ကြောင့် ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ်တွင် လတ်တ‌လော ပိတ်ထားလိုက်ရသည့် စာသင်‌ကျောင်း‌ပေါင်း ၁၀‌ကျောင်းရှိ‌နေပြီဖြစ်သလို ကျန်စာသင်‌ကျောင်းများမှာ ဆက်လက်ဖွင့်လှစ်ထား‌သော်လည်း စိုးရိမ်စိတ်နှင့် ‌ကျောင်းတက်‌နေကြရသည်ဟု ‌ကော့ကရိတ်မြို့နယ် ‌ကော်သူး‌လေ ပညာ‌ရေးနှင့် ယဉ်‌ကျေးမှုဌာန တွဲဖက် အတွင်း‌ရေးမှူး ‌စောဟဲခူ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “တချို့‌ကျောင်းက စစ်တပ်လာတဲ့‌နေရာနဲ့အရမ်းနီး‌တော့ လုံးဝကိုဆက်ဖွင့်မရတဲ့‌ကျောင်း‌တွေရှိတယ်။ တချို့က ‌တော့ စာ‌မေးပွဲ ‌စော‌စော‌ပေး‌ဖြေလိုက်မယ်လို့ ‌ပြောလာတာရှိတယ်။ စာ‌မေးပွဲ‌ဖြေပြီးတဲ့ ‌ကျောင်းအချို့လည်း ပြီးသွားပြီ ‌ပေါ့။ ‌ဖြေပြီးလည်း တကယ်လို့အ‌ခြေအ‌နေအ‌ကောင်းရင် ပြန်ဖွင့်အုံးမယ်။ အ‌ခြေအ‌နေ ဒီထက်ဆိုးလာရင်‌တော့ ဒီနှစ်အ တွက် ပိတ်ထားလိုက်ရုံပဲ‌ပေါ့။ ဒီနှစ်က က‌လေး‌တွေ စာ‌ကောင်း‌ကောင်း မသင်ရဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ‌ကော့ကရိတ်မြို့နယ် ‌ကော်သူး‌လေကရင်ပညာ‌ရေးနှင့် ယဉ်‌ကျေးမှုဌာန(KECD) အုပ်ချုပ်မှု‌အောက်တွင် ဖွင့်လှစ်ထား‌သော စာသင်‌ကျောင်း‌ပေါင်း (၄၆)‌ကျောင်းအနက် အထက်တန်း‌ကျောင်း (၃)‌ကျောင်း၊ အလယ်တန်း‌ကျောင်း(၅)‌ကျောင်းနှင့် မူလတန်း‌ကျောင်း (၃၈)‌ကျောင်းရှိပြီး ‌ကောလိပ်အဆင့် အထက် တန်းလွန်‌ကျောင်း (၂)‌ကျောင်းရှိသည်ဟု မြို့နယ်ပညာ‌ရေးဌာန တာဝန်ရှိသူထံမှ သိရသည်။

ထို့အပြင် စစ်‌ကောင်စီတပ်များသည် ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေအတွင်း စစ်အင်အားတိုးချဲ့ဝင်လာသည့်အတွက် ဒူးပ လာယာခရိုင် (တပ်မဟာ ၆)နယ်‌မြေရှိ စာသင်‌ကျောင်းများအပြင် ဒူးသထူခရိုင်(တပ်မဟာ ၁)နယ်‌မြေရှိ စာသင်‌ကျောင်း နှစ်‌ကျောင်းထက်မနည်း ပိတ်ထားလိုက်ရသည်ဟုလည်း ‌ကော်သူး‌လေ ပညာ‌ရေးနှင့် ယဉ်‌ကျေးမှုဌာန တာဝန်ရှိသူထံမှ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီး ဖြစ်‌ပေါ်လာသည့် နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌ကြောင့် အစိုးရစာသင်‌ကျောင်း အများစု ပိတ်ထား လိုက်သည့်အတွက် အချို့‌ကျောင်းသားမိဘများသည် ၎င်းတို့၏ သားသမီးများကို နီးစပ်ရာ ‌ကေအဲန်ယူ ထိန်းချုပ်နယ် ‌မြေရှိ ‌ကော်သူး‌လေ ပညာ‌ရေးဌာနမှဖွင့်လှစ်ထား‌သော စာသင်‌ကျောင်းများတွင် ‌ကျောင်းအပ်နှံကြသည့်အတွက် ‌ကော်သူး‌လေ စာသင်‌ကျောင်းအများစုမှာ ယခုနှစ်ပညာသင်နှစ်တွင် ‌ကျောင်းသားဦး‌ရေ ပိုတိုးလာ‌ကြောင်းလည်း သိရ သည်။

ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ပညာသင်နှစ်တွင် ‌ကော်သူး‌လေ ကရင်ပညာ‌ရေးနှင့် ယဉ်‌ကျေးမှုဌာန(KECD) အုပ်ချုပ်မှု‌အောက် ရှိ စာသင်‌ကျောင်း‌ပေါင်း (၁၃၆၁)‌ကျောင်း၌ ‌ကျောင်းသူ၊‌ကျောင်းသားဦး‌ရေ တစ်သိန်း‌ကျော်ရှိရာမှ ယခု ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ‌ကျောင်းသားဦး‌ရေ ငါး‌ထောင်‌ကျော်တိုးလာသည်ဟု (KECD)မှတ်တမ်းအရ သိရသည်။