Home သတင်း ဖလူး‌ဒေသတွင် စစ်‌ကောင်စီတပ်များ စစ်‌ကြောင်းထိုး၍ ဝင်လာသဖြင့် တိုက်ပွဲပြင်းထန်‌နေ

ဖလူး‌ဒေသတွင် စစ်‌ကောင်စီတပ်များ စစ်‌ကြောင်းထိုး၍ ဝင်လာသဖြင့် တိုက်ပွဲပြင်းထန်‌နေ

1079

ဇန်နဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ နယ်‌မြေ ဖလူး‌လေး‌ကျေးရွာ ဘက် တွင် ယ‌နေ့ နံနက်မှစတင်ကာ စစ်‌ကောင်စီတပ်များက လက်နက်ကြီးများ ပစ်ခတ်ပြီး စစ်‌ကြောင်းထိုးဝင်လာသဖြင့် နယ်‌မြေခံကရင်အမျိုးသားလွတ် ‌မြောက်‌ရေး တပ်မ ‌တော်-KNLA ပူး‌ပေါင်းတပ်ဖွဲ့နှင့် ထိ‌တွေ့တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်ဟု ‌မြေပြင်သတင်း အရ သိရသည်။

ယ‌နေနံနက် ၈ နာရီ ၄ဝ မိနစ်မှာစတင်ကာ ‌ဒေသအတွင်း အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့ ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်မ‌တော် – DKBA တပ်ဖွဲ့လုံခြုံ‌ရေး စခန်းဖြစ်‌သော ဗိုလ်စလုံး စခန်းဘက်သို့ စစ်‌ကောင်စီတပ်များ လက်နက်ကြီးများ ပစ်ခတ်ကာ နယ်‌မြေစိုးမိုး‌ရေးစစ်‌ကြောင်းများမှ ‌မြေပြင် တိုးဝင်နယ်‌ကျော် လာ‌နေ သည့်အတွက် ယခုလို တိုက်ပွဲ ဆက်လက်ဖြစ်ပွား‌နေခြင်းဖြစ်သည်ဟု ပူး‌ပေါင်းတိုက်ပွဲဝင်‌နေသူ တာဝန်ရှိသူတစ်ဦးက
“ဒီ‌နေ့ မနက် ‌တော့ ၈ နာရီ ‌ကျော်မှာ စပီး ၁၂ဝ စိန်‌ပြောင်း‌တွေနဲ့ပစ်တယ် ။

‌မြေပြင်ကလည်း ဖလူးကြီးရွာ ဘက်က‌နေ စစ်‌ကြောင်း ၂ ‌ကြောင်း‌လောက်ခွဲ တက်လာ‌နေတယ် ။ ရွာပြင်ဘက်က တစ်‌ကြောင်း၊ ဖလူးကြီးရွာ ဘက်က‌နေ ဖလူး ‌လေးရွာဘက်ဝင်တဲ့ လမ်းမအတိုင်းက တစ်‌ကြောင်း‌ပေါ့ ၊ အဲ့ဒီမှာ DKBA ဗိုလ်စလုံး စခန်းရှိ‌တော့ သူတို့ စခန်းဘက်လက်နက်ကြီးကျတယ်။ ‌မြေပြင်ပစ်ခတ်မှု‌တွေက လုံခြုံ‌ရေးစခန်းဘက်ကို ပစ်ခတ်တာ‌တွေရှိ‌နေ‌တော့ အပြန်အလှန်ပြန်ပြီး တိုက်ပွဲဖြစ်‌နေတာ‌ပေါ့” ဟု ‌ပြောဆိုသည်။

အဆိုပါ ဖလူးကြီး‌ကျေးရွာဘက်နှင့် ဖလူး‌လေး ‌ကျေးရွာဘက် လမ်းမ‌ပေါ်တွင် တိုက်ပွဲ ဖြစ်ပွား‌နေသည်မှာ ၃ ရက်တာရှိ‌နေပြီး ယခင်တိုက်ပွဲဖြစ်ရက်များအတွင်း ဗိုလ်စလုံး DKBA ယာယီစစ်‌ရှောင်စခန်းအတွင်း ခိုလှုံ‌နေကြသည့် စစ်‌ဘေး‌ရှောင် ၃၀ဝ ခန့်မှာ ထိုင်းနိုင်ဘက်အခြမ်းသို့ ကူး‌ပြောင်းခိုလှုံ‌နေကြ‌ကြောင်း သိရသည်။

‌လေး‌ကေ‌ကော်အပါအဝင် အနီးအပါး‌ကျေးရွာ ၆ ရွာမှာ စစ်‌ကောင်စီတပ်များ၏ ‌လေ ‌ကြောင်း တိုက်ခိုက်မှု၊ ‌မော်တာစိန်‌ပြောင်းမျိုးစုံဖြင့် အဆက်မပြတ် ‌နေ့၊ ည ပစ်ခတ်မှု‌မြေပြင် စစ်‌ကြောင်းများ ဝင်‌ရောက် တိုက်ခိုက်သိမ်းယူထားမှုများ‌ကြောင့် ‌ဒေသခံ ပြည်သူ‌နေအိမ်များ၊ သာသနိက အ‌ဆောက်အအုံများ၊ ဂျပန်နိုင်ငံနိပွန် ‌ဖောင်‌ဒေးရှင်းမှ လှူဒါန်းပံ့ပိုးထားသည့် အ‌ဆောက်အအုံ၊ အသုံးအ‌ဆောင် အများ အပြား ပျက်စီးဆုံးရှုံးကာ ‌ဒေသခံ စစ်‌ဘေး‌ရှောင်‌နေရသူ ထိုင်းမြန်မာ-နယ်စပ် နှစ်ဘက်‌ပေါင်း လူတစ်‌သောင်းနှစ်‌ထောင်‌ကျော် တိုက်ပွဲလွတ်ရာ ဆက်လက် တိမ်း‌ရှောင်‌နေရဆဲ ဖြစ်သည်။