Home သတင်း လူငယ်‌ခေါင်း‌ဆောင်များ ‌မွေးထုတ်‌ပေးသည့် ဇွဲကပင်‌မြေ‌ကျောင်း ဝင်ခွင့်‌လျှောက်လွှာစတင်‌ခေါ်ယူ

လူငယ်‌ခေါင်း‌ဆောင်များ ‌မွေးထုတ်‌ပေးသည့် ဇွဲကပင်‌မြေ‌ကျောင်း ဝင်ခွင့်‌လျှောက်လွှာစတင်‌ခေါ်ယူ

1421
Photo: ဇွဲကပင်‌မြေ‌ကျောင်း

ဒီဇင်ဘာ ၁၃ ရက် ၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရန်နှင့် အနာဂတ်‌ခေါင်း‌ဆောင်‌ကောင်းများ ‌ပေါ်ထွက်လာ‌စေရန် ‌မွေးထုတ်‌ပေးသည့် ဇွဲကပင်‌မြေ‌ကျောင်း၏ ၂ဝ၂၁-၂ဝ၂၂ ခုနှစ် ပညာသင်နှစ်အတွက် ဝင်ခွင့်‌လျှောက်လွှာများ စတင်‌ခေါ်ယူ‌နေပြီးဟု ‌ကျောင်းတာဝန်ခံများထံမှ သိရသည်။

အ‌ခြေအ‌နေအမျိုးမျိုး‌ကြောင့် ယခုပညာသင်နှစ်တွင် ‌ကျောင်းဝင်ခွင့်‌လျှောက်လွှာများကို နယ်‌မြေအလိုက် ကွင်းဆင်း‌ဆောင်ရွက်ရန် အခက်အခဲရှိ‌နေသည့်အတွက် ဇွဲကပင်‌မြေ‌ကျောင်း၏ ‌ဖေ့ဘွတ်စာမျက်နှာတွင် ‌ကျောင်းဝင်ခွင့်‌ဖောင်များကို ရယူ‌လျှောက်ထားနိုင်ကြပြီး ဒီဇင်ဘာလ ၃၁ ရက်‌နေ့ ‌နောက်ဆုံးထား ‌လျှောက်ထားရမည်ဟု ‌ကျောင်းတာဝန်ခံ ‌စောအယ်‌နေ‌သေးက ‌ပြောသည်။

သူက “ ဒီနှစ်က နိုင်ငံ‌ရေးရယ်၊ ‌ရောဂါအ‌ခြေအ‌နေရယ်‌ကြောင့် နယ်‌တွေမှာ ကွင်းဆင်း‌ဆောင်ရွက်‌ပေးဖို့ အခက် အခဲရှိသွားတယ်။ ‌ကျောင်းက‌တော့ ပညာအရည်အချင်း ကန့်သတ်ထားတာ‌တော့ မရှိပါဘူး။ တိုင်းရင်း လူငယ်‌တွေ ပညာ‌ရေးပိုပြီး‌ကောင်းလာ‌စေဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်း‌တွေရရှိလာဖို့ အနာဂတ် လူငယ်‌ခေါင်း‌ဆောင် ‌ကောင်း‌တွေ ဖြစ်လာဖို့ အဓိကရည်ရွယ်ဖွင့်ထားတာပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လာမည့် ၂၀၂၂ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလတွင် ‌ကျောင်းဝင်ခွင့် ‌ရေး‌ဖြေစာ‌မေပွဲ ပြုလုပ်သွားမည်ဟုလည်း ‌ကျောင်းတာဝန်ခံ ‌စောအယ်‌နေ‌သေးက ဖြည့်စွက်‌ပြောသည်။

အဆိုပါ ဇွဲကပင်‌မြေ‌ကျောင်းသည် ကွန်ပျူတာ၊ အဂင်္လိပ်စာ၊ ကမာ္ဘ့သမိုင်း၊ သဘာဝပတ်ဝန်းကျင်၊ စိုက်ပျိုး‌ရေး၊ စီမံခန့်ခွဲမှုနှင့် ‌ခေါင်း‌ဆောင်မှုဘာသာရပ်များကိုပါ သင်ကြား‌ပေးလျက်ရှိပြီး ပညာသင်ယူမှုပြီးဆုံးပါက မိမိတို့‌ဒေသဌာ‌နေများတွင် တတ်‌မြောက်ထားသည့် ဘာသာရပ်များအ‌ပေါ် ပြန်လည်‌ဆောင်ရွက်နိုင်သလို ဝင်‌ရောက်လုပ်ကိုင်လိုသည့် လုပ်ငန်းနယ်ပယ်များတွင်လည်း ချိတ်ဆက်‌ဆောင်ရွက်‌ပေးသည်ဟု ‌ကျောင်းတာဝန် ရှိသူများက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ထောင်းရွာမှ ဇွဲကပင်‌မြေ‌ကျောင်းသား‌ဟောင်း ‌စော‌မော်နီးက “ ‌ကျောင်းမှာက ဘာသာရပ်စုံသင်‌ပေးတယ်။ လူငယ်‌တွေ အခွင့်အ‌ရေးရရင် ဒီ‌ကျောင်းကို တက်‌စေချင်တယ်။ အလုပ်အကိုင် အခွင့်အလမ်း‌တွေလည်း ရသွားမယ်။ အဂင်္လိပ်စကား‌ပြောလာနိုင်‌တော့ ကိုယ့်ကိုယ်ကို ပိုပြီးယုံကြည်မှုရှိလာတယ်” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

ကရင်ပြည်နယ် ဖားအံမြို့တွင် ဖွင့်လှစ်ထားသည့် ဇွဲကပင်‌မြေ‌ကျောင်းသည် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်တွင် စတင်ဖွင့် လှစ်ခဲ့ကာ တိုင်း‌ဒေသကြီးများနှင့် ပြည်နယ်အသီးသီးရှိ လူငယ်များ ပညာသင်ခွင့် နှစ်စဉ် ‌လျှောက်ထားကြပြီး ‌ကျောင်းသား၊ ‌ကျောင်းသူ ၁ဝဝ ‌ကျော် ‌မွေးထုတ်‌ပေးနိုင်ခဲ့ပြီးဟု ‌ကျောင်းတာဝန်ခံများထံမှ သိရသည်။