Home သတင်း ဗုံး‌ပေါက်ကွဲမှု ဖြစ်ပြီး‌နောက် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ ‌နေအိမ်တွင်း ‌မွှေ‌နှောက်စစ်‌ဆေးမှုများ ပြုလုပ်

ဗုံး‌ပေါက်ကွဲမှု ဖြစ်ပြီး‌နောက် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ ‌နေအိမ်တွင်း ‌မွှေ‌နှောက်စစ်‌ဆေးမှုများ ပြုလုပ်

902

ဒီဇင်ဘာ ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့ အမှတ် ၉ ရပ်ကွက်ရုံးဘက်တွင် ယမန်‌နေ့ ည ၉ နာရီအချိန်က ဗုံး‌ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး‌နောက် ၎င်းရပ်ကွက်ရှိ ဇွဲကပင်ကုန်း ကံ့‌ကော်လမ်းရှိလူ‌နေအိမ်များကို စစ်‌ကောင်စီ၏ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်‌ရေးအဖွဲ့များက ‌နေအိမ်များအတွင်းသို့ ဝင်‌ရောက်ကာ ‌မွှေ‌နှောက်စစ်‌ဆေးမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

ရပ်ကွက်‌နေ ပြည်သူတစ်ဦးက ” အိမ်ခန်းထဲ အထိဝင်ပြီး အကုန်ဝင် ‌မွှေ‌နှောက်သွားတာပါ။ ကုတင်‌အောက်၊ ‌မွေ့ယာ‌တွေအကုန်လှန်ကြည့်၊ ဖုန်း‌တွေ စစ်တယ်ဧည့်စာရင်း လာစစ်တာပါလို့ ‌ပြောတယ်။ ည ၉ နာရီက‌နေ ၁၁ နာရီ‌လောက်မှ ပြန်ထွက်သွားတယ်။ “ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကား ၉ စီးနှင့် လူအင်အား ၃ဝ ခန့်ရှိ အဆိုပါ ဝင်‌ရောက်ရှာ‌ဖွေ စစ်‌ဆေးမှုတွင် လူတစ်ဦးတစ်‌ယောက်မျှ ဖမ်းဆီး‌ခေါ်‌ဆောင်ခံရခြင်းမရှိ‌သော်လည်း အိမ်ရှင်များကို ဓာတ်ပုံရိုက်ယူသွားသည်ဟု ၎င်းက ဆက်‌ပြောသည်။

လက်ရှိအချိန်တွင် ဖားအံမြို့ ရပ်ကွက်တွင်း လမ်းကြို၊ လမ်းကြား‌နေရာများတွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များက ‌နေရာယူ ကင်းချထားမှုများရှိ‌တွေ့ရှိရသည်။