Home သတင်း KNU အုပ်ချုပ်နယ်‌မြေထဲရှိ ‌ဒေသခံလူထုများကို ထိုင်းအစိုးရမှ ကိုဗစ်ကာကွယ်‌ဆေးထိုး နှံ‌ပေး

KNU အုပ်ချုပ်နယ်‌မြေထဲရှိ ‌ဒေသခံလူထုများကို ထိုင်းအစိုးရမှ ကိုဗစ်ကာကွယ်‌ဆေးထိုး နှံ‌ပေး

1092

ဒီဇင်ဘာလ ၂ ရက်၊ ၂၀၂၁ခုနစ် ။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် KNU-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်‌မြေအတွင်းရှိ ‌ဒေသခံ လူထုများအား ထိုင်းအစိုးရမှ ယ‌နေ့ ဒီဇင်ဘာလ ၂ ရက်‌နေ့တွင် ပထမအကြိမ် ကိုဗစ်ကာကွယ်‌ဆေးထိုးနှံ ‌ပေးလျက်ရှိသည်။

နယ်စပ်‌ဒေသအတွင်း ‌ရောဂါကူးစက်မှု ကာကွယ်တားဆီးနိုင်ရန်၊ ‌ဈေး‌ရောင်း‌ဈေး ဝယ်ခြင်းလုပ်ငန်းများအဆင်‌ပြေ‌စေရန်နှင့် အ‌ရေး‌ပေါ် ကျန်းမာ‌ရေးကိစ္စများ‌ပေါ်‌ပေါက်လာပါက နယ်စပ်ဖြတ်‌ကျော် ‌ဆေးကုသနိုင်ရန် ရည်ရွယ်ပြီး ကာကွယ်‌ဆေးကို ထိုးနှံ‌ပေးခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံဘက်ခြမ်းမှ တာဝန်ရှိသူများက ‌ပြောသည်။

ကာကွယ်‌ဆေးထိုးနှံ‌ပေးမှုအစီအစဉ်ကို ယ‌နေ့ ထိုင်းနိုင်ငံဘက်ခြမ်း မဲ့သရိ‌ကျေးရွာ ‌သောင်ရင်းမြစ် ကမ်းနံ‌ဘေးတစ်‌နေရာတွင် စတင်ထိုးနှံ‌ပေးလျက်ရှိပြီး မဲ့သရိ‌ကျေးရွာတစ်ဖက်ကမ်း KNU နယ်‌မြေထဲရှိ ဖလယ့်ခို့၊ ဖလယ့်ကာ၊ ခလယ့်‌ဒေးနှင့် ‌မော်ပယ်ခို့ စသည့်‌ကျေးရွာများမှ ‌ဒေသခံ ရွာသား ၁၀၀ဝ အား အခမဲ့ ကိုဗစ်ကာကွယ်‌ဆေးထိုးနှံ‌ပေးရန် လျာထားသည်ဟု ‌မော်ပယ်ခို့‌ကျေးရွာ တရားသူကြီး ‌စောနိုင်ထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “နယ်စပ်‌ဒေသမှာဆို‌တော့ ထိုင်းဘက်လူ‌တွေထိုးရသလိုမျိုး ကျ‌နော်တို့ကိုလည်း ထိုး‌စေချင် တယ်။ ‌နေမ‌ကောင်းဖြစ်ပြီး ထိုင်းနိုင်ငံဘက်မှာ‌ဆေးရုံသွားရမယ်ဆိုရင် ကိုဗစ်ကာကွယ် ‌ဆေးမထိုးရရင် သွားလို့မရဘူး။ အဲဒီအခွင့်အ‌ရေး ဆုံးရှုံးသွားမယ်။ ‌နောက်ပြီး အခုနယ်စပ်ဂိတ်‌တွေ အရင်လိုမျိုးဖွင့် ထားလို့ မရ‌သေးဘူး။ အဲဒီ‌တော့ ‌ဈေးသွားဝယ်တဲ့အခါမှာ ကာကွယ်‌ဆေးထိုးနှံ ထားမှသွား လို့ရမယ်။ သူတို့ဘက်က ‌ရောဂါထိန်းချုပ်ဖို့နဲ့ ကျ‌နော်တို့ဘက်ကလည်း ‌ရောဂါကူဆက်မှု ကာကွယ်နိုင်ဖို့အတွက် ဒီလိုမျိုးလုပ်‌ဆောင်ရခြင်းဖြစ်ပါတယ်။ “ဟု ‌ပြောသည်။

အဆိုပါ ကာကွယ်‌ဆေးထိုးနှံမှုတွင် ထိုင်းကျန်းမာ‌ရေးဝန်ကြီးဌာနမှ ကျန်းမာ‌ရေးလုပ်သားများကိုယ်တိုင် လာ‌ရောက်ထိုးနှံ‌ပေးခြင်းဖြစ်ပြီး KNU ဘက်က အမိုးအကာနှင့် ‌နေရာထိုင်ခင်းများကို သွား‌ရောက်စီစဉ်‌ပေးခဲ့ရသည်ဟုလည်း ‌မော်ပယ်ခို့‌ကျေးရွာ တရားသူကြီးက ဆက်‌ပြောသည်။

KNU အုပ်ချုပ်‌ရေးနယ်‌မြေထဲရှိ ‌ဒေသခံလူထုများအား ထိုင်းအစိုးရမှ ယခု ပထမအကြိမ် ထိုးနှံ‌ပေးသည့် ကာကွယ်‌ဆေးမှာ စီနိုဖန်းအမျိုးအစားဖြစ်ပြီး ဒုတိယအကြိမ်ကို ယခုလဒီဇင်ဘာလ ၂၇ ရက်‌နေ့တွင် ထပ်မံထိုးနှံ‌ပေးသွားမည်ဟု တာဝန်ရှိသူများက ‌ပြောသည်။

ထို့အတူ ထိုင်းဘက်ခြမ်း မဲ့သရိ‌ကျေးရွာ အနီးအနားရှိ မဲ့တန်၊ နိုဘိုး၊ မဲ့သရိ၊ မဲ့သ‌ဝေါစသည့် ‌ကျေးရွာများ ၏ တဖက်ကမ်း KNU အုပ်ချုပ်နယ်‌မြေထဲတွင်ရှိ‌သော ‌ဒေသခံလူထုများကိုလည်း အလားတူ ကိုဗစ်ကာကွယ်‌ဆေးထိုးနှံ‌ပေးရန် ထိုင်းအစိုးရမှ စီစဉ်‌ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။