Home သတင်း ပြည်သူ လိုက်နာရမည့် အချက်(၄)ချက်ပါ ‌ကြေညာချက် ‌ကေအဲန်ယူ သထုံမြို့နယ်ထုတ်ပြန်

ပြည်သူ လိုက်နာရမည့် အချက်(၄)ချက်ပါ ‌ကြေညာချက် ‌ကေအဲန်ယူ သထုံမြို့နယ်ထုတ်ပြန်

942
Photo: KNU

ဒီဇင်ဘာ ၁၈ရက်၊ ၂၀၂၁ ခုနှစ်၊ ‌ကေအိုင်စီ

‌ဒေသခံ ပြည်သူလူထုများ လိုက်နာရမည့် အချက် (၄)ချက်ပါ ‌ကြေညာချက်‌စောင်ကို ဒီဇင်ဘာလ ၁၅ရက်‌နေ့ ရက်စွဲဖြင့် ‌ကေအဲန်ယူ-သထုံခရိုင်၊ သထုံမြို့နယ် အလုပ်အမှု‌ဆောင်‌ကော်မတီက ထုက်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ခရီးသွားလာခွင့်ကို နံနက် ၆ နာရီမှ ည‌နေ ၆ နာရီအတွင်းသာ သွားလာခွင့်ပြုပြီး ၎င်းကန့်သတ်ချိန်ကို ‌ကျော်လွန်၍ ခရီးသွားလာခွင့်မပြု‌ကြောင်း၊ သထုံမြို့နယ်၊ တပ်ရင်း (၂)ထိန်းချုပ်နယ်‌မြေအတွင်း ‌မော်‌တော်ယာဉ်ဖြစ်သည့် ကားဖြင့်ခရီးသွားလာပါက ကားမှန်များကို ချ၍‌မောင်းနှင်ရန် ပါရှိသည်။

ထို့အပြင် ‌မော်‌တော်ကား၊ ဆိုင်ကယ် စက်တပ်ယာဉ်များဖြင့် ခရီးသွားလာရာတွင် တာဝန်အရ စစ်‌ဆေးလိုပါက ကြည်ဖြူစွာ လက်ခံ‌ပေးရန်နှင့် ပြည်သူများအ‌နေဖြင့် အ‌ရေး‌ပေါ် ကိစ္စရပ်များ ရှိလာပါက သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များထံ ဆက်သွယ် အ‌ကြောင်းကြားရမည်ဟု ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

‌ကေအဲန်ယူ-သထုံမြို့နယ်အတွင်း ဖြတ်သန်းသွားလာ‌နေကြ‌သော ပြည်သူများအ‌နေဖြင့် ထုက်ပြန်‌ကြေညာချက်ပါ အချက်များကို လိုက်နာ‌ဆောင်ရွက်ခြင်း မရှိပါက ဖြစ်လာမည့် ‌နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူမည်မဟုတ်ဟု ‌ပြောဆိုထားသည်။

‌ကေအဲန်ယူ-ဖားအံမြို့နယ်ကလည်း ဒီဇင်ဘာလ ၁ ရက်‌နေ့ ရက်စွဲဖြင့် အလားတူ ထုတ်ပြန်‌ကြေညာချက်မျိုးကို ထုတ်ပြန်ခဲ့သည်။