Home သတင်း ‌လေယာဉ်ဖြင့် လာ‌ရောက်တိုက်ခိုက်မည်ကို စိုးရိမ်ရသည့်အတွက် ‌လေး‌ကေ‌ကော်‌ဒေသ စစ်‌ရှောင်များ ထပ်မံ‌ရွှေ့‌ပြောင်းရ

‌လေယာဉ်ဖြင့် လာ‌ရောက်တိုက်ခိုက်မည်ကို စိုးရိမ်ရသည့်အတွက် ‌လေး‌ကေ‌ကော်‌ဒေသ စစ်‌ရှောင်များ ထပ်မံ‌ရွှေ့‌ပြောင်းရ

863

ဒီဇင်ဘာ ၂၁ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

စစ်‌ကောင်စီက ‌လေယာဉ်ဖြင့် လာ‌ရောက် တိုက်ခိုက်မည်ကို စိုးရိမ်‌နေရသည့်အတွက် မြဝတီ‌တောင်ဘက် ဖလူး‌လေးရွာဘက် စစ်‌ရှောင်လာကြ‌သော ‌ဒေသခံပြည်သူများသည် ယ‌နေ့ ဒီဇင်ဘာလ ၂၁ရက်‌နေ့ နံနက်တွင် လက်ရှိခိုလှုံရာ‌နေရာမှ အလှမ်း‌ဝေးသည့်‌နေရာသို့ ထပ်မံ‌ရွှေ့‌ပြောင်း‌နေရကြသည်ဟု သိရသည်။

ဒီဇင်ဘာလ ၁၉ ရက်‌နေ့က ဖြစ်ပွားခဲ့သည့် ဖလူးကြီး‌ကျေးရွာ စစ်‌ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ် ‌မြောက်‌ရေးတပ်မ‌တော် -KNLA ပူး‌ပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ‌ကြောင့် စစ်‌ရှောင်‌ကျေးရွာ ၅ ရွာမှ ‌ဒေသခံပြည် သူများသည် မူလစစ်‌ဘေး‌ရှောင်‌နေသည့် ဖလူးကြီး‌ကျေးရွာ စစ်‌ဘေး‌ရှောင်စုရပ်များမှ ထိုင်းနိုင်ငံဘက်သို့ လူ ၁၅၀ဝ ‌ကျော် ‌သောင်ရင်းမြစ် ဖြတ်ကူး၍ မဲ့ကိုကင်း ‌ကျေးရွာဘက်သို့ ခိုလှုံရန်သွား‌ရောက်ကြပြီး မြစ်ကူး၍ မရဘဲ ကျန်ရှိသူ ၂၀၀ဝ ခန့်မှာ ဖလူး‌လေးရွာဘက်သို့ ညတွင်းချင်း ဆက်လက်‌ရွှေ့‌ပြောင်းခဲ့ကြသည်။

အဆိုပါ စစ်‌ရှောင်များကို ကူညီကယ်ဆယ်‌ရေးလုပ်‌ဆောင်‌နေသူတစ်ဦးက ” အခုဆို ဖလူးကြီး၊ ဖလူး‌လေး ရွာဘက်ကိုပဲ ‌လေး‌ကေ‌ကော် ၊ ထီးမယ်ဝါးခီး၊ မယ်‌ထော်သ‌လေး၊ မင်းလက်ပံ၊ ရ‌သေ့ဂူ ‌ကျေးရွာ ‌တွေက စုပြုံ ‌ရှောင်လာကြ‌တော့ အခု ဒီ ၂ရွာမှာ လူ‌တွေ စုပုံ လာတယ်။ စစ်‌ရှောင်‌တွေကတအား များလာ‌နေ‌တော့ အိမ်သာ အခက်အခဲ သုံး‌ရေ‌သောက်‌ရေ အခက်အခဲ‌တော့ရှိ တယ်။ စားစရာက‌တော့ရွာက ကုန်စုံဆိုင်‌တွေရှိတာ နဲ့မဲ‌ဆောက် ဘက်အခြမ်းက ကူညီသူ‌တွေ ပို့လာတဲ့ စား‌သောက်စရာ‌တွေ ရှိတာ အကုန်ချက်ပြုတ် ‌ကျွေး‌နေပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ဒီဇင်ဘာလ ၂၁ရက်‌နေ့တွင် တိုက်ပွဲများ ငြိမ်သက်‌နေ‌သော်လည်း ‌လေး‌ကေ‌ကော် စွယ်‌တော် အ‌မြှောက်ကုန်းနှင့် ဖလူးဘုရားကုန်း အ‌မြှောက်ကုန်းရှိ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် အရာရှိများနှင့် လက်‌အောက်ခံ ရဲ‌ဘော်များအကြား ယုံကြည်မှု၊ နာခံမှုများပျက်ပြား‌နေကြပြီး ရိက္ခာပြတ်လပ်၊ ‌သောက်‌ရေပြတ်လပ်‌နေ၍ ‌ဒေသခံ‌ကျေးရွာတာဝန်ရှိသူများထံသို့ ဆက်သွယ်ကာ အကူအညီ‌တောင်းခံမှု များရှိသည်ဟု သိရသည်။

အဆိုပါ ‌လေး‌ကေ‌ကော် နှင့် ဖလူး‌ကျေးနယ် အတွင်း ၆ ရက်တာ ကြာမြင့်လာ‌နေပြီဖြစ်သည့် တိုက်ပွဲများ‌ကြောင့် ထိုင်းဘက်ကူးသွားသူနှင့် မြန်မာဘက်ကမ်း‌ကျေးရွာများတွင် ကျန်ရှိ‌နေသူ နှစ်ရပ်‌ပေါင်း လူဦး‌ရေ တစ်‌သောင်းခန့် ရှိလာ‌နေပြီး ဆက်လက်၍ ‌မြေပြင်တိုက်ပွဲဖြစ်ပွားလာမည့်အ‌ရေး ၊ စစ်‌လေယာဉ်များဖြင့် တိုက်ခိုက်လာမည့် အ‌ရေးအား စစ်‌ရှောင်ပြည်သူများ စိုးရိမ်မှုမြှင့်တက် ‌နေကြသည်။