Home သတင်း စစ်‌ကောင်စီအ‌ပေါ် တရားစွဲဆိုမှုများကို ပိုမိုဝိုင်းဝန်းပံ့ပိုးကြရန် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့နှင့် အရပ်ဖက်အဖွဲ့များ တိုက်တွန်း

စစ်‌ကောင်စီအ‌ပေါ် တရားစွဲဆိုမှုများကို ပိုမိုဝိုင်းဝန်းပံ့ပိုးကြရန် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့နှင့် အရပ်ဖက်အဖွဲ့များ တိုက်တွန်း

1539
Photo: Internet

ဒီဇင်ဘာ ၂၁ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု နှင့် လူမျိုးတုံးသတ်ဖြတ်မှုများအတွက် စစ်‌ကောင်စီမှ ကျူးလွန်သူများအား တရားစွဲဆိုမှုဆိုင်ရာ လုပ်‌ဆောင်ချက်များကို ကြိုဆို‌ထောက်ခံ‌ကြောင်း နှင့် ပိုမို ဝိုင်းဝန်းပံ့ပိုးကူညီသွားကြရန် အရပ်ဖက်အဖွဲ့အစည်း‌ပေါင်း ၉ဝ ပါဝင်လက်မှတ်‌ရေးထိုးထားသည့် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ (KHRG)၏ တိုက်တွန်းထုတ်ပြန်ချက်တစ်‌စောင် ယမန်‌နေ့ ဒီဇင်ဘာလ ၂ဝ ရက် ‌နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ရိုဟင်ဂျာများအ‌ပေါ် ကျူးလွန်သည့် အစုလိုက်အပြုံလိုက် နှင့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တရားစွဲဆိုမှု လုပ်‌ဆောင်ချက် သုံးရပ်ဖြစ်‌သော အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)သို့ ‌လျှောက်တင်ထားသည့် လူမျိုးတုံး သတ်ဖြတ်မှု၊ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး(ICC)တွင် အတင်းအဓမ္မ‌နေရပ်ပြန်ခိုင်း‌စေခြင်းတို့ကို စုံစမ်း စစ်‌ဆေးခြင်းနှင့် အာဂျင်တီးနားတွင်ရရှိခဲ့သည့် အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် စသည့် လုပ်‌ဆောင် ချက်များအ‌ပေါ် ကြိုဆို‌ထောက်ခံ လိုက်ခြင်းဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက‌နေ ကျယ်ကျယ်ပြန့်ပြန့် တွန်းအား‌ပေးသွားရန် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

အဆိုပါ တရားစွဲဆိုမှုဆိုင်ရာ လုပ်‌ဆောင်ချက်များသည် နိုင်ငံအတွင်း တရားမျှတမှု ရရှိ‌စေရန် လုပ်‌ဆောင်ရာ ၌ မဖြစ်နိုင်သည့်အ‌နေအထားတွင်ရှိ‌နေပြီး မြန်မာနိုင်ငံ၏ ဥပ‌ဒေများ တရား‌ရေးစနစ်များသည် လွတ်လပ်မှု မရှိခြင်း နှင့် စွမ်းရည်မရှိခြင်းတို့‌ကြောင့် တရားမျှတမှု မရှိ‌အောင် အတားအဆီးဖြစ်‌နေ‌ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်၌ ‌ထောက်ပြထားသည်။

မြန်မာစစ်တပ်အ‌နေဖြင့် ယခင်ရိုဟင်ဂျာများအ‌ပေါ် အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သလို စစ်အာဏာ မသိမ်းခင်အချိန်နှင့်သိမ်းပြီးချိန်မှစ၍လည်း အခြား‌သော လူနည်းစု လူမျိုးများအ‌ပေါ် လူ့အခွင့်အ‌ရေး ချိုး ‌ဖောက်မှုများ ဆက်လက်ကျူးလွန်‌နေပြီး ၎င်းကိုအဆုံးသတ်နိုင်ရန်နှင့် စစ်တပ်၏ အပြစ်ကင်းလွတ်ခွင့်ရ ‌နေခြင်းအ‌ပေါ် အဆုံးသတ်သွားရန် လက်ရှိတွင် အခွင့်အ‌ရေးများစွာရှိ‌နေ‌ကြောင်းလည်း ဆက်လက် ‌ဖော်ပြထားသည်။

ထို့အပြင် အခြားလူနည်းစုများအ‌ပေါ် စစ်တပ်၏ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအ‌ပေါ် စုံစမ်းစစ်‌ဆေးခြင်း မရှိ‌သေးသည့်အတွက် အဆိုပါ ကျူးလွန်မှုများအတွက် တရာမျှတမှုရရှိ‌ရေး နှင့် ဆက်လက်ဖြစ်‌ပေါ်‌နေသည့် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကို အဆုံးသတ်နိုင်‌ရေးသည် လက်ရှိ ရိုဟင်ဂျာအမှု ဆုံးဖြတ်ချက်‌ပေါ်တွင် များစွာ မူတည်‌နေ‌ကြောင်းလည်း ဆိုထားသည်။

အကြမ်းဖက် ကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှု ရရှိ‌ရေးနှင့် စစ်တပ်၏ အကြမ်းဖက်မှု ရပ်တန့်နိုင်‌ရေး အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအ‌နေဖြင့် က‌နေဒါနှင့် နယ်သာလန်နိုင်ငံတို့ဖြင့် ပူး‌ပေါင်းပြီး ICJတွင်ရှိ‌သော လူမျိုးတုံးသတ်ဖြတ်မှုကို ဝင်‌ရောက်စွက်ဖက်ရန်၊ ‌ငွေ‌ကြေး နှင့် တရား‌ရေး အကူအညီ‌ပေးသွားရန်အတွက် ထုတ်ပြန်ချက်တွင် ‌တောင်းဆိုခဲ့သည်။

ထို့အပြင် နိုင်ငံအသီးသီး ၏ ပူး‌ပေါင်းမှုဖြင့် ICC သို့ အမှုလွှဲ‌ပြောင်းမှု ဝိုင်းဝန်း‌ထောက်ခံရန် အကြမ်းဖက်မှု ရင်ဆိုင်‌နေရသည့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာ‌ထောက်ထားမှု အကူအညီရရှိ‌စေရန်နှင့် နိုင်ငံအသီးသီးဖြစ်‌စေ၊ ကုလသမဂ္ဂအဆင့်တွင်ဖြစ်‌စေ အဖွဲ့အစည်းအ‌နေဖြင့် ဖြစ်‌စေ စစ်တပ်အ‌ပေါ် အသိအမှတ်ပြုမှု မ‌ပေးရန်နှင့် စီးပွား‌ရေးနှင့် လက်နက်‌ရောင်းချမှုများကို ပိတ်ပင်တားဆီးရန်ကိုလည်း အထက်ပါ အရပ်ဘက်အဖွဲ့များက ထပ်မံ‌တောင်းဆိုထားသည်။

ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ (KHRG)ကို ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လွတ်လပ်သည့် အဖွဲ့အစည် ဖြစ်ကာ မြန်မာပြည်အ‌ရှေ့‌တောင်ပိုင်းရှိ ‌ဒေသခံများ ကြုံ‌တွေ့‌နေရသည့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို မှတ်တမ်းယူ၍ အစီရင်ခံစာ ထုတ်ပြန်ခြင်း၊ ဖြန့်‌ဝေခြင်းနှင့် လူ့အခွင့်‌ရေး ကာကွယ်‌ရေး ဆိုင်ရာ ကိစ္စရပ်များကို ပြည်သူများအား အသိပညာ‌ပေး လုပ်‌ဆောင်‌နေသည့် အဖွဲ့ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့် ယခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့ ‌နောက်ပိုင်း မြန်မာပြည်အ‌ရှေ့ ‌တောင်ပိုင်း‌ဒေသများတွင် စစ်‌ရေးပဋိပက္ခများ ပြန်လည် ဖြစ်ပွားလာမှုများ၌ စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များသည် အရပ်သားအ‌ပေါ် ကျူးလွန်သည့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများပိုတိုးလာ‌ကြောင်းကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်‌နေ့တွင် ကရင်လူ့အခွင့်အရင်းအဖွဲ့ (KHRG)က အစီရင်ခံစာ ထုတ်ပြန်ခဲ့‌သေးသည်။