Home သတင်း ‌နော်ဘူ‌ဘော ဆု‌တောင်း‌တောင်သို့ ‌နေ့ချင်းပြန် လည်ပတ်ခွင့်ပြန်‌ပေး

‌နော်ဘူ‌ဘော ဆု‌တောင်း‌တောင်သို့ ‌နေ့ချင်းပြန် လည်ပတ်ခွင့်ပြန်‌ပေး

2443

ဒီဇင်ဘာ ၆ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

သံ‌တောင်ကြီးမြို့နယ်ရှိ အထင်ကရ ‌နော်ဘူ‌ဘော ဆု‌တောင်း‌တောင်ကို ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုမှ တားဆီးရန် ဆု‌တောင်းလည်ပတ်ခွင့်ပိတ်ထားရာမှ ဒီဇင်ဘာလဆန်းပိုင်းတွင် ‌နေ့ချင်းပြန် လည်ပတ်ရန် ပြန်လည်ခွင့်ပြုထား ‌ကြောင်း သံ‌တောင်ကြီးမြို့ခံများက ‌ပြောသည်။

“‌နော်ဘူ‌ဘော ဆု‌တောင်းပြည့်‌တောင်ကို ပြီးခဲ့တဲ့အပတ်ကစပြီး ‌နေ့ချင်းပြန်လည်ပတ်ခွင့် ပြုထားပါတယ်။ အရင်ကလို ‌တောင်‌ပေါ်မှာ ညအိပ်ဆု‌တောင်းခွင့် မပြု‌တော့ဘူး။ လာလည်တဲ့သူ‌တွေကို သံ‌တောင်ကြီးမြို့အဝင်မှာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ထားခြင်း ရှိမရှိကို နှာ‌ခေါင်းတို့ပတ် စစ်တယ်”ဟု သံ‌တောင်ကြီးရှိ လူမှုအဖွဲ့အစည်းမှ‌ဒေသခံတစ်ဦးက ‌ကေအိုင် စီသို့ ‌ပြောသည်။

‌နော်ဘူ‌ဘော ဆု‌တောင်းပြည့်‌တောင်ကို ကိုဗစ် ဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုမှ ထိန်းချုပ်နိုင်‌ရေးအတွက် ဆု‌တောင်း‌တောင် ၏‌ဂေါပကအဖွဲ့က ၂၀၂ဝပြည့်နှစ်၊ မတ်လ ၂၃ရက်‌နေ့တွင် စတင် ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။ သို့‌သော် ထိုစဉ်က အမှန် တကယ် ဆု‌တောင်းလိုသည့် သံ‌တောင်ကြီး‌ဒေသခံများကို ၅ဦးထက်မပို‌သော လူအ‌ရေအတွက်ဖြင့် တက်‌ရောက်ကာ ဆု‌တောင်း ခွင့်ပြုခဲ့သည်။

‌နော်ဘူ‌ဘောဆု‌တောင်း‌တောင်သည် ကရင်ပြည်နယ်၏ အမြင့်ဆုံး‌တောင်များထဲတွင် တစ်ခုပါဝင်ကာ ပင်လယ်‌ရေမျက် နှာပြင်အထက် ‌ပေ ၄,၈၂၄ မြင့်ပြီး ‌တောင်ထိပ်သို့တက်‌ရောက်ရမည့် ‌လှေကားထစ်‌ပေါင်း ၃၇၄ထစ် ရှိသည်။