Home လူထုအသံ ပေးစာကဏ္ဍ လူထုအသံ

လူထုအသံ

2013
Photo-Mahar FB

လူထုအသံ

တံတားကျိုးစစ်‌ဆေး‌ရေးဂိတ်နဲ့ ‌ဒေသတွင်းကုန်သည်
ကျ‌နော် ‌ကော့ကရိတ်‌ဒေသကပါ။ ဒီဇင်ဘာ ၁ရက်‌နေ့ ဂိတ်‌ပြောင်းမယ်လို့ ၁၁လ၊ ၉ရက်‌နေ့က သိတယ်။ ကျ‌နော်က ကွမ်းသီး‌တွေကို အစွန်း၊ လန်းဖား၊ ကမိန်ဒွတ် စတဲ့ရွာ‌တွေကဝယ်ယူပြီး ‌မော်လမြိုင်ကို ပို့တယ်။ အဲဒါ ဒီဇင် ဘာ ၂ရက်‌နေ့မှာ ဂိတ်ဖြတ်လို့ မရဘူးတဲ့။ ‌ဒေသထွက်ကုန်‌လေ လိုလို့လား‌ပေါ့။ ‌မေး‌တော့ နယ်‌မြေခံ ခွင့်ပြုချက်ပါလား တဲ့။ နယ်လုံဆီက လက်မှတ်ယူရမယ်တဲ့။ ၂သိန်း‌တောင်းတယ်။

တစ်ဖက်နိုင်ငံကလာတဲ့ ကွမ်းသီးကား‌တွေ ၂၂ဘီး အစီးလိုက်‌တော့ ရတယ်။ BGF ကားကျ‌တော့ လွှတ်‌ပေးတယ်။ ကိုယ့် ကုန်‌တွေကျ‌တော့ ထိန်းထားတယ်တဲ့။ ဂိတ်သစ်ဖွင့်တယ်သာ‌ပြောတာ အရင်အတိုင်းပါပဲ။ လှိုင်ဝမှာဆို လဝကနဲ့ ကာစ တန်တို့ပဲ မရှိတာ။ ကျန်တာက မူလအတိုင်းပါပဲ။ တံတားလုံခြုံ‌ရေးတဲ့။ ရဲ၊ တပ်‌တွေက ၁၀၀၀(ကျပ်) အရင်အတိုင်းပါပဲ။

‌ဒေသထွက်ကုန် ကွမ်းသီး‌တွေကို ‌ကော့ကရိတ်-‌မော်လမြိုင်ယာဉ်လိုင်းနဲ့ တင်သွားတာ မ‌ပေးသွားဘူး။ ‌ထောင်ကျခံမှာ လား၊ ပြန်လှည့်မှာလားတဲ့။ ပြန်သယ်လာရပါတယ်။ ဝမ်းစာ‌ရေးအတွက် အလုပ်လုပ်‌နေရတာပါ။ လုပ်ပုံက ကိုယ်က သူတို့ကို လုပ်‌ကျွေး‌နေရသလိုပဲ။ ‌ပြောရင်လည်း ကိုယ့်‌ပေါင်ကိုယ်လှန်‌ထောင်းသလိုဖြစ်ပြီး ကျ‌နော့်မှာ အခုထိ ကား‌တွေ လိုက်ချိတ်‌နေရတုန်းပါပဲ။
—————————————————

Photo-CJ

‌လေး‌ကေ‌ကော်နဲ့ စစ်‌ဆေး‌ရေး
မြဝတီမြို့‌တောင်ဘက်က KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆နယ်‌မြေဖြစ်တဲ့ ‌လေး‌ကေ‌ကော်မြို့ သစ်ကို ဒီဇင်ဘာလ ၇ရက်‌နေ့၊ မနက် ၉နာရီအချိန်က ဒုတိယဗိုလ်မှုးကြီးထင်လင်း‌ဇော် ဦးစီးတဲ့ စစ်‌ကောင်စီ လက် ‌အောက်ခံ ‌ခြေလျင်တပ်ရင်း အမှတ်(၅၆၀) ‌ရှေ့တန်းတပ်ရင်းက အင်အား ၄၀‌ကျော်‌လောက်ရှိတဲ့ စစ်‌ကြောင်းတပ်ဖွဲ့ဝင် ‌တွေ ထပ်‌ရောက်လာခဲ့ပြီး စစ်‌ဆေး‌မေးမြန်းတာ၊ ဓာတ်ပုံမှတ်တမ်းရိုက်ယူသွားခဲ့ပါတယ်။ ဒီလိုမျိုး ‌လေး‌ကေ‌ကော်နဲ့ အနီးအနားရွာ‌တွေဘက်ကို စစ်‌ကြောင်းလိုက် နယ်‌မြေရှင်းလင်း‌ရေး လုပ်‌ဆောင်‌နေတဲ့ကိစ္စက ၇ကြိမ်ရှိပြီ။

အဲဒီ‌နေ့က စစ်‌ဘေး‌ရှောင်‌တွေ ပြန်လည်‌နေရာချထားတဲ့ ‌လေး‌ကေ‌ကော်မြို့သစ်က ရပ်ကွက်‌နေအိမ်‌တွေမှာ သွား‌ရောက်‌မေးမြန်းတာ၊ မှတ်တမ်းဓာတ်ပုံရယူတာ‌တွေလုပ်ခဲ့ပြီး ‌တောင်ဘက်က ‌မေတ္တာလင်းမြိုင်ရွာဘက်ကို ဆက် သွားခဲ့ကြတယ်လို့ သိရပါတယ်။ စစ်‌ကောင်စီတပ်ဟာ မြဝတီ-‌ဝေါ‌လေ လမ်းတစ်‌လျှောက်မှာရှိ‌နေတဲ့ မယ့်‌ထော်သ‌လေး လမ်းဆုံ၊ ဖလူး‌ကျေးရွာ‌တွေမှာ စစ်‌ကောင်စီနဲ့ ကရင်နယ်ခြား‌စောင့်တပ်‌တွေရဲ့ ပူးတွဲဂိတ်စခန်း၊ မြဝတီမြို့အဝင်၊ ‌မေတ္တာ လင်းမြိုင် BGFဂိတ်၊ တင့်လွင်ဆီဆိုင်‌ရှေ့ BGF ဂိတ်တို့အပြင် ‌ဝေါ‌လေ၊ ‌သေ‌ဘောဘိုး၊ ဖလူး၊ ‌လေး‌ကေ‌ကော်၊ ထီးမယ်ဝါး ခီး‌ကျေးရွာ‌တွေဘက်က‌နေ မြဝတီဘက်ကို သွားလာ‌နေကြတဲ့ ကားဆိုင်ကယ်‌တွေ စစ်‌ဆေးတာ၊ ဖမ်းဆီးတာ လုပ်‌နေ ကြတယ်။

ဒီလို စစ်‌ကောင်စီတပ်‌တွေ မကြာခဏ နယ်‌မြေ‌ကျော်လွန် ဝင်‌ရောက်ပြီး ဖလူး‌ကျေးရွာဘက်၊ ‌လေး‌ကေ‌ကော် မြို့သစ်ဘက် လာ‌ရောက်စစ်‌ဆေး‌နေတဲ့အတွက်‌ကြောင့် ကြာလာရင် အဆင်မ‌ပြေဖြစ်ပြီး KNU လက်‌အောက်ခံ KNLA ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်နဲ့ ပစ်ခတ်တိုက်ပွဲ‌တွေ ဖြစ်လာမှာကို မြို့သစ်က ရပ်ကွက်‌နေ ‌ဒေသခံ ပြည်သူ‌တွေက စိုးရိမ်မှု‌တွေ မြင့်တက်‌နေရပါတယ်။