Home ဆောင်းပါး စစ်အုပ်စုလက်ထဲက ‌သေနတ်နဲ့ ဥပ‌ဒေ

စစ်အုပ်စုလက်ထဲက ‌သေနတ်နဲ့ ဥပ‌ဒေ

1189

စစ်အုပ်စုလက်ထဲက ‌သေနတ်နဲ့ ဥပ‌ဒေ

‌မောင်‌ကျော်စွာ

(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်)

(၆-၁၂-၂၀၂၁)ရက်‌နေ့က နိုင်ငံ‌တော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစု ကြည်တို့ကို စီရင်ချက်ချခဲ့တာကို အားလုံးသိရှိကြပြီး ဖြစ်ပါတယ်။ ‌နောက်ထပ်လည်း လုပ်ကြံစွပ်စွဲထားတဲ့ အမှု‌တွေနဲ့ အလားတူ စီရင်ချက်မျိုး‌တွေ ဆက်ပြီး ချမှတ်‌နေအုံးမှာဖြစ်တယ်။ ဒီလက်‌တွေ့ဖြစ်ရပ်က ကျ‌နော်တို့ကို ဘာ‌တွေ သိနား လည်‌စေခဲ့သလဲဆိုတာကို ‌လေ့လာကြည့်ကြပါစို့။

ပဓာနအကျဆုံးအချက်က ဒီတိုင်းပြည်မှာ ဘုရားစူးရှိပါတယ်ဆိုတဲ့ “ဥပ‌ဒေနဲ့တရားစီရင်မှု” ဆိုတာ လုံးလုံး လျားလျား ပြိုကျသွားပြီဆိုတဲ့အချက်ကို အတိအလင်း ‌ဖော်ပြ‌နေပါတယ်။ တစ်နည်းအားဖြင့် “ဥပ‌ဒေနဲ့တရားစီရင်မှု” ဆိုတာ “လက်နက်နဲ့ အကြမ်းဖက်မှု”ရဲ့ ‌ကြောင်းတူသံကွဲ စကားလုံးတစ်လုံးသာဖြစ်တယ်။

“၂၀၀၈ အ‌ခြေခံဥပ‌ဒေနဲ့ အခြားတည်ဆဲဥပ‌ဒေအရပ်ရပ်” ဆိုတာ မင်း‌အောင်လှိုင်-စိုးဝင်း အကြမ်းဖက်(စကစ)စစ်အုပ်စုရဲ့ ‌ကောက်ကျစ်တဲ့ လုပ် ကြံစွပ်စွဲချက်‌တွေနဲ့ လူမဆန်တဲ့ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်မှုမှန်သမျှကို လိမ်ညာလှည့်စား‌ပေးတဲ့ ကိရိယာတန်ဆာ ပလာ‌တွေပဲ ဖြစ်တယ်။

၂၀၂ဝ ပြည့်နှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲကို သတ်မှတ်ထားတဲ့ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင် (UEC) က ဥပ‌ဒေစည်းကမ်း‌တွေနဲ့အညီ ကျင်းပခဲ့ကြတယ်။ ‌ရွေး‌ကောက်ပွဲရလဒ်‌တွေကိုလည်း သတ်မှတ်ထားတဲ့ ဥပ‌ဒေစည်း ကမ်းများနဲ့အညီ ထုတ်ပြန်ခဲ့တယ်။ ‌နောက်ဆက်တွဲအဖြစ် လွှတ်‌တော်အဆင့်ဆင့်ကိုလည်း သတ်မှတ်ထားတဲ့ ဥပ‌ဒေ များနဲ့အညီ ‌ခေါ်ဆို ထားခဲ့တယ်။ အဲဒီလို‌ဆောင်ရွက်‌နေဆဲကာလမှာ မင်း‌အောင်လှိုင်ဦးစီးတဲ့ စစ်အုပ်စုက (၁-၂-၂၀၂၁) ရက်‌နေ့မှာ အာဏာသိမ်းခဲ့တယ်။ အာဏာသိမ်းတဲ့လုပ်ရပ်ဟာ ၂၀၀၈ အ‌ခြေခံဥပ‌ဒေနဲ့ အခြားတည်ဆဲဥပ‌ဒေအရပ်ရပ် ကို ချိုး‌ဖောက်တဲ့ ရာဇဝတ်မှုကြီးဖြစ်တယ်။

မင်း‌အောင်လှိုင် – စိုးဝင်း အကြမ်းဖက် (စကစ) စစ်အုပ်စုက လုပ်ကြံချဲ့ကား အ‌ကြောင်းပြ‌နေတဲ့ ‘မဲမသမာမှု’ ဆိုတာဟာ ဥပ‌ဒေ‌ဘောင်ထဲက‌နေ ‌ဖြေရှင်းနိုင်တယ်။ ‌ဖြေရှင်းလို့ရတယ်။ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်နဲ့ သက်ဆိုင်ရာ ဥပ ‌ဒေ‌တွေက ဒီကိစ္စ (မဲမသမာမှု)‌တွေကို ‌ဖြေရှင်းဖို့ စည်းကမ်းနဲ့ နည်းလမ်း‌တွေ ရှိပြီးသားဖြစ်တယ်။ ဒါ‌ပေမယ့် မင်း‌အောင် လှိုင်တို့ စစ်အုပ်စုဟာ ‘ဥပ‌ဒေ‌ဘောင်’ထဲကရှင်း‌နေရင် သူတို့လိုချင်တဲ့ရလဒ် ဘယ်လိုမှမရနိုင်ဘူးဆိုတာ သိပြီးသားဖြစ် တယ်။ ဒါ‌ကြောင့် မိုက်မိုက်ကန်းကန်း အာဏာသိမ်းတာပဲ ဖြစ်တယ်။ အာဏာလိုချင်လို့ အာဏာသိမ်းတာဖြစ်တယ်။ အ‌ကြောင်းပြချက်ဆိုတာ အာဏာသိမ်းတဲ့ စစ်အုပ်စုက ‌ပေးချင်တာကို ထင်သလို‌ပေးနိုင်တယ်။

အဲဒီလို မင်း‌အောင်လှိုင် – စိုးဝင်း အကြမ်းဖက် (စကစ) စစ်အုပ်စုက ထင်သလိုလုပ်ခဲ့တာ၊ လုပ်‌နေတာ‌တွေကို လက်‌တွေ့ အထင်အရှားမြင်‌နေရပါလျက်နဲ့ စစ်အုပ်စုနဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေးဖို့၊ စစ်အုပ်စုက ကျင်းပ‌ပေးမယ်ဆိုတဲ့ ‘‌ရွေး ‌ကောက်ပွဲ’ ဆိုတာ‌တွေကို အ‌လေးထား‌မျှော်လင့်‌နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်‌တော့ပါဘူး။ တစ်စုံတစ်‌ယောက်က သို့ တည်းမဟုတ် နိုင်ငံ‌ရေးပါတီအဖွဲ့အစည်းတစ်ခုခုက အ‌လေးထား‌မျှော်လင့်‌နေတယ်ဆိုရင် “မိုက်မဲရိုးအ”တာပဲ ဖြစ်ပါ လိမ့်မယ်။

ဒီက‌နေ့ တိုင်းပြည်နဲ့အဝန်းမှာ အရှိန်အဟုန်နဲ့ ‌ပေါ်‌ပေါက်လာတဲ့ လက်နက်ကိုင်ခုခံ‌တော်လှန်မှုဆိုတာဟာ အထက်မှာ တင်ပြခဲ့တဲ့ အ‌ကြောင်းအချက်‌တွေ‌အောက်မှာ သဘာဝကျကျ ‌ပေါ်ထွက်လာရတာပါ။ ဥပ‌ဒေ‌ဘောင်ထဲက လုပ်‌ဆောင်မှုမှန်သမျှ ဘယ်လိုမှ အရာမထင်‌တော့လို့ မလွှဲနိုင်မ‌ရှောင်နိုင်ဘဲ လုပ်‌ဆောင်ကြရတာပါ။ ပြည်သူ‌တွေဟာ သူတို့နှစ်သက်ရာ နိုင်ငံ‌ရေးပါတီနဲ့ နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်ကို ဥပ‌ဒေ‌ဘောင်ထဲက‌နေ ငြိမ်းချမ်းစွာ‌ရွေးချယ်ခဲ့ကြတာပါ။ ပြည်သူ‌တွေရဲ့ နှလုံးသားနဲ့၊ လက်နဲ့ ‌ရွေးချယ်ခဲ့ကြတဲ့ ဒီ‌ရွေးချယ်မှုရလဒ်ကို အကြမ်းဖက်စစ်အုပ်စုက ‌ခြေနဲ့ဖျက်ဆီးခဲ့ကြ တယ်။

အကြမ်းဖက် အာဏာသိမ်းမှုကို တစ်ပြည်လုံး ပြည်သူများက လက်နက်မပါ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြခဲ့ကြ တယ်။ ဝန်ထမ်းဌာနအသီးသီးက CDM လုပ်ခဲ့ကြတယ်။ ဒီလို ငြိမ်းချမ်းစွာကန့်ကွက် ဆန္ဒပြခဲ့တာကို လက်နက်နဲ့ အကြမ်းဖက် ဖိနှိပ်ဖြိုခွဲခဲ့တယ်။ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်။ ကားနဲ့တိုက်ပြီးဖမ်းတယ်။ စစ်အုပ်စုက သူတို့ပစ်မှတ်ထား တဲ့သူကို ဖမ်းလို့မမိတဲ့အခါ မိသားစုဝင်‌တွေထဲက သက်ကြီးရွယ်အိုနဲ့ က‌လေးသူငယ်ပင်မ‌ရှောင် ဓားစားခံသဖွယ် ဖမ်း ဆီးတယ်။ စစ်အုပ်စုရဲ့ ဒီလို အကြမ်းဖက်ဖိနှိပ်မှုနဲ့ လူမဆန်တဲ့ယုတ်မာမှု‌တွေက ပြည်သူ‌တွေကို ဒီတိုင်းဆက်ပြီး သည်း ခံ‌နေလို့ မဖြစ်‌တော့ဘူး။ ငုံ့ခံ‌နေလို့ မရ‌တော့ဘူးဆိုတဲ့ ဘဝအသိကို ‌ပေးပါတယ်။

ဒါ‌ကြောင့် စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်နဲ့ စစ်ဗြူရိုက‌ရေစီယန္တရားကို အကုန်အစင် ဖြိုချပစ်နိုင်ဖို့ လက်နက် ကိုင်ခုခံ‌တော်လှန်စစ်ကို တိုင်းပြည်နဲ့အဝန်း ဆင်နွှဲလာကြရတာပါ။ ဒါ‌ကြောင့် လက်နက်ကိုင်‌တော်လှန်စစ်ကို အ‌ကြောင်းမဲ့ ရပ်တန့်ပစ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ စိန်‌ခေါ်မှု‌တွေ များစွာရှိ‌နေသည့်တိုင် ‌အောင်ပွဲရတဲ့အထိ ဆက်ပြီး ချီတက်ကြရမှာပါ။ အကြမ်းဖက်စစ်အုပ်စုက လှည့်ဖြားလိမ်ညာမှုမျိုးစုံကိုလည်း မရပ်မနားပြုလုပ်‌နေတာပါ။ စစ်အုပ်စု ရဲ့ ‌ကောက်ကျစ်တဲ့ ပရိယာယ်‌ဝေဝုစ်‌တွေကို သတိရှိကြဖို့ လိုပါတယ်။

တိုင်းပြည်နဲ့လူထုက ‌ခေတ်အဆက်ဆက် ‌မျှော်လင့်ခဲ့ကြတဲ့ ဒီမိုက‌ရေစီ‌ရေး၊ တန်းတူ‌ရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိ‌ရေး၊ ပြည်တွင်းစစ်ရပ်စဲ‌ရေးနဲ့ ပြည်တွင်းငြိမ်းချမ်း‌ရေး အစရှိတဲ့ အ‌ခြေခံ‌ကောင်းများဟာ စစ်အုပ်စု၊ စစ်အာ ဏာရှင်စနစ်နဲ့ စစ်ဗြူရိုက‌ရေစီယန္တရားကို အကုန်အစင် ဖြိုချပစ်နိုင်မှသာ လက်‌တွေ့အ‌ကောင်အထည်‌ဖော်နိုင်မှာပါ။

မင်း‌အောင်လှိုင် – စိုးဝင်း အကြမ်းဖက်(စကစ) စစ်အုပ်စုက ‌သေနတ်နဲ့ဖိနှိပ်တာပဲဖြစ်ဖြစ်၊ ဥပ‌ဒေ၊ တရားရုံး၊ တရားစီရင်မှုဆိုတာနဲ့ ဖိနှိပ်တာပဲဖြစ်ဖြစ် အားလုံးဟာ အကြမ်းဖက်မှု‌တွေသာ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်အုပ်စုရဲ့ ညာဘက်လက်ထဲမှာ ‌သေနတ်ကိုင်ထားပြီး ဘယ်ဘက်လက်ထဲမှာ ၂၀၀၈ အ‌ခြေခံဥပ‌ဒေနဲ့ တည်ဆဲဥပ‌ဒေဆိုတဲ့ လက် နက်ကိုင်ထားပါတယ်။ ဒီအချက်ကို မ‌မေ့ကြဖို့ လိုပါတယ်။