Home သတင်း (ပ.က.ဖ) ကရင်ပြည်နယ် အဖွဲ့‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ ‌စောဆာက‌ပေါ်နှင့် ‌မေးမြန်းချက်

(ပ.က.ဖ) ကရင်ပြည်နယ် အဖွဲ့‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ ‌စောဆာက‌ပေါ်နှင့် ‌မေးမြန်းချက်

912

ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌နွေဦး‌တော်လှန်‌ရေးတွင် ပါဝင်ခဲ့ကြ‌သော CDM ဝန်ထမ်းများနှင့် ‌တော်လှန်‌ရေးရဲ‌ဘော်များအား အာဏာသိမ်း စစ်‌ကောင်စီက အင်အားအလုံးအရင်းဖြင့် ဖိနှိပ်လာသဖြင့် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့-ကရင်ပြည်နယ်(ပ.က.ဖ)အ‌နေဖြင့် ဒီဇင် ဘာလ ၁၈ရက်‌နေ့မှစ၍ တိုက်ပွဲ‌ဖော်‌ဆောင်သွားမည်ဟု ‌ကြေညာချက်အမှတ် ၁/၂၀၂၁ဖြင့် ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်နှင့်ပတ်သက်၍ (ပ.က.ဖ )ကရင်ပြည်နယ် အဖွဲ့‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ ‌စောဆာက‌ပေါ်ကို ဆက်သွယ်‌မေးမြန်းထားသည်။

အခုဖြစ်‌နေတဲ့ကိစ္စက ကျ‌နော်တို့ဘက် ရည်ရွယ်ချက်ရှိရှိ ‌ဆောင်ရွက်ခဲ့တာ မဟုတ်ဘူး။ အစကတည်းက ကရင်လက်နက် ကိုင်တစ်ဖွဲ့ဖြစ်တဲ့ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ မူအတိုင်း ကျ‌နော်တို့ ‌ဆောင်ရွက်ခဲ့တယ်။ ရပ်တည်ခဲ့တယ်။ အဲဒီ‌ဆောင်ရွက်ချက်အတိုင်းပဲ သွားခဲ့တယ်။ မဟာမိတ်တို့ရဲ့ သ‌ဘောတူညီချက်အတိုင်း‌ဆောင်ရွက်ခဲ့တယ်။ ဒီအ‌ပေါ်မှာ စကစ ဘက်ခြမ်းက ပြည်သူလူထုကို ဖမ်းဆီးတယ်။ နှိပ်စက်တယ်။ အထူးသဖြင့် ငြိမ်းချမ်း‌ရေးမြို့‌တော်ဖြစ်တဲ့ ‌လေး‌ကေ‌ကော်လိုမျိုးအ‌နေအထားကို‌တောင်မှ ကျူး‌ကျော်ဝင်‌ရောက်ပြီး‌တော့ ဖမ်းဆီးတယ်။ ထိန်းသိမ်းတယ်။ ရိုက်နှက်တယ်။ သတ်ဖြတ်တယ်။ ဒီအ‌နေအထားအ‌ပေါ်မှာ မူတည်ပြီး‌တော့ ကျ‌နော်တို့က ထုတ်ပြန်‌ကြေညာချက်နဲ့အတူ အဓိကက‌တော့ ထိ‌တွေ့မှုဖြစ်တယ်။ ဒီထိ‌တွေ့မှုအ‌ပေါ်မှာ မူတည်ပြီး‌တော့ ကျ‌နော်တို့ မဟာမိတ်နဲ့အတူရှိ‌နေတယ်။ အတူတူတိုက်ပွဲဝင်သွားမယ်ဆိုတဲ့ အ‌နေအထားနဲ့ ဒီစာကို ထုတ်ပြန်ဖြစ်တဲ့သ‌ဘောမှာဖြစ်ပါတယ်။ အဓိက‌တော့ ‌ကေအဲန်ယူရဲ့ ‌ပေါ်လစီအတိုင်း၊ မူအတိုင်း၊ အဲန်စီ‌အေ လမ်း‌ကြောင်း‌ပေါ်ကပဲ ရပ်တည်တယ်။ ဒီအ‌နောက်ပိုင်းမှ အ‌ခြေအ‌နေ‌ပေါ်မှာ မူတည်ပြီး‌တော့ ကျ‌နော်တို့ ကရင်ပြည်နယ် တစ်ခုလုံးကို စတင်ပြီး‌တော့ စစ်မျက်နှာဖွင့်ဖို့အတွက် ဒီစာကို ထုတ်ပြန်ရခြင်းဖြစ်တယ်။

ကျ‌နော်တို့ တစ်ဦးတစ်‌ယောက်၊ တစ်ဖွဲ့တည်း ‌ဆောင်ရွက်လို့မရဘူး။ ကျ‌နော်တို့ ကရင်ပြည်နယ်မှာရှိတဲ့ ပ.က.ဖပဲ ‌ဆောင်ရွက်လို့မရဘူး။ ‌ကေအဲန်ယူချည်းပဲ ‌ဆောင်ရွက်လို့မရပါဘူး။ အားလုံးပူး‌ပေါင်း‌ဆောင်ရွက်ရမယ့်အချက်ဖြစ်တယ်။ ဒီ‌တော်လှန်‌ရေးက ၂၁ ရာစုရဲ့ ‌နွေဦး‌တော်လှန်‌ရေးအရ ‌ပေါက်ဖွားလာတဲ့ ဒီ‌နွေဦး‌တော်လှန်‌ရေးဟာ တစ်နိုင်ငံလုံးရဲ့ အ‌ရေးနဲ့ဆိုင်သလို ၊ တစ်နိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုအားလုံးနဲ့သက်ဆိုင်တယ်။

အဲ‌တော့ အကြမ်းဖက် စစ်‌ကောင်စီဘက်မှ တပ်မ‌တော်သားများအ‌နေဖြင့်လည်း သူတို့တိုက်‌နေရတာဟာ ပြည်သူလူထုနဲ့တိုက်‌နေရတယ်ဆိုတာ သူတို့သိဖို့လိုတယ်။ အဓိကက သူတို့ကာကွယ်‌နေတာ လူတစ်‌ယောက်ကို ကာကွယ်‌နေတာဖြစ်တယ်။ အဖွဲ့တစ်ခုကို ကာကွယ်‌နေတာဖြစ်တယ်ဆိုတာကို သူတို့သိဖို့လိုတယ်။ သူတို့တိုက်‌နေတာက ပြည်သူလူထု‌တွေနဲ့တိုက်‌နေရတာဖြစ်တယ်။ အခုချိန်မှာ ပြည်သူလူထု‌တွေက သတ်ဖြတ်ခံ‌နေရတာဖြစ်တယ်။ ဖမ်းဆီးခံ‌နေရတယ်။ ထိန်းသိမ်းခံရ‌နေတယ်။ မလိုအပ်ဘဲနဲ့လည်း ဖမ်းဆီးထိန်းသိမ်းတာ‌တွေ၊ ညဉ်းပမ်းနှိပ်စက်တာ‌တွေ ရှိတယ်။ ဒီလိုမျိုး ဖမ်းဆီးထိန်းသိမ်းတဲ့ကာလမှာပဲ စစ်‌ကြော‌ရေးမှာပဲ ‌သေသွားတဲ့လူ‌တွေရှိတယ်။ ဒီလိုမျိုးအ‌နေအထား‌တွေကို သူတို့ သိဖို့လိုတယ်။ ဒီလို သိလာမယ်ဆိုရင် ကျ‌နော်တို့ ‌နွေဦး‌တော်လှန်‌ရေးဟာ ပြည်သူလူထုကို ကာကွယ်ဖို့အတွက် ‌ပေါက်ဖွားလာတဲ့ ‌တော်လှန်‌ရေးရဲ‌ဘော်ရဲဘက်‌တွေဖြစ်တယ်။

အဲ‌တော့ သူတို့တိုက်‌နေရတာသည် ‌နွေဦး‌တော်လှန်‌ရေးအရ ‌ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ကို တိုက်ခိုက်‌နေတာဖြစ်တဲ့အတွက် ပြည်သူလူထုနဲ့တိုက်ခိုက်‌နေရတယ်ဆိုတဲ့ သတင်းအချက်အလက်ကို သူတို့ သိဖို့လိုတယ်။ ပြည်သူလူထုနဲ့ တိုက်ခိုက်‌နေရတယ်ဆိုတာ သူတို့ သိပြီးဆိုရင် သူတို့က ဘယ်သူ့အတွက် တိုက်‌ပေး‌နေရလဲဆိုတာ သူတို့ သိဖို့လိုတယ်။ ဒါက တပ်မ‌တော်သားဘက်က ပြန်ပြီး‌တော့ ပြန်စဉ်းစားဖို့ပါ။ စကစ ‌အောက်‌ခြေရဲ‌ဘော်များသိဖို့ဖြစ်တယ်။ နှစ်အချက်က ဒီမှာရှိတဲ့ ပြည်သူလူထု အားလုံးကလည်း ကျ‌နော်တို့နဲ့အတူ ပူး‌ပေါင်းပြီး‌တော့ ကူညီဖို့လိုတယ်။ အထူးသဖြင့် ကျ‌နော်တို့ ထုတ်ပြန်ချက်ထဲမှာပါတဲ့စကစရဲ့ ယာဉ်တန်း‌တွေမှာ မလိုက်ကြဖို့နဲ့ စစ်အသွားအလာ၊ အသုံးအ‌ဆောင်‌တွေရှိတဲ့ လမ်း‌ကြောင်း‌တွေမှာ မသွားဖို့ အဲဒါ ကျ‌နော်တို့ ထုတ်ပြန်ချက်ထဲမှာ ပါပြီးသားဖြစ်တယ်။ ဒါကိုလည်း အဓိက ထားပြီး‌တော့ ‌ဆောင်ရွက်သွား‌စေချင်တယ်။

‌နောက်တစ်ခုက ကျ‌နော်တို့ ပြည်နယ်မှာ၊ ကျ‌နော်တို့ ‌ဒေသမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ကျ‌နော်တို့ လက်နက်ကိုင်တာသည် ပြည်သူလူထုကို ကာကွယ်ဖို့အတွက် ‌ပေါက်ဖွားလာတာဖြစ်တဲ့အတွက် ပြည်သူလူထုကို ဝိုင်းပြီး‌တော့ ကာကွယ်‌ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ လူတစ်စု၊ တဖွဲ့အတွက် ကာကွယ်ဖို့ မလိုဘူး။ တစ်ဦးတစ်‌ယောက်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့မလိုဘူး။ ပြည်သူလူထုကို ကာကွယ်တယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့ အကျိုးစီးပွားကို ကာကွယ် တာနဲ့အတူတူပဲ ။ ပြည်သူလူထုအကျိုးဖြစ်ထွန်းရင်၊ ကိုယ့်အကျိုးဖြစ်ထွန်းမယ်။ ပြည်သူလူထုနစ်နာမယ်ဆိုရင် ကျ‌နော်တို့ နစ်နာမယ်။ ပြည်သူလူထုထိခိုက်မယ်ဆိုရင် ကျ‌နော်တို့ထိခိုက်မယ်။ အဲ‌တော့ လက်နက်ကိုင်ထားတဲ့အဖွဲ့အစည်းများအားလုံး ပြည်သူလူထုဘက်က ရပ်တည်ပြီး‌တော့ ပြည်သူလူထုကို အကာအကွယ်ပြုကြပါလို့ ‌ပြောချင်တယ်။ ပြည်သူလူထုကို သတ်ဖြတ်‌နေတဲ့ လူတစ်စုနဲ့ မ‌ပေါင်းကြဖို့ ဒီ‌နေရာက‌နေ ‌ပြောချင်တယ်။