Home သတင်း စစ်‌ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်၍ ‌ဒေသခံအမျိုးသမီးတစ်ဦး‌သေဆုံး

စစ်‌ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်၍ ‌ဒေသခံအမျိုးသမီးတစ်ဦး‌သေဆုံး

1748
Photo: ‌ဒေသခံ

ဒီဇင်ဘာ ၃၁ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ (ကြာအင်းဆိပ်ကြီးမြို့နယ်) ထိန်းချုပ်နယ်‌မြေ သံပုရာရွာတွင် ယ‌နေ့ ဒီဇင်ဘာလ ၃၁ ရက်‌နေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်‌ကောင်စီတပ်ဘက်မှ ပစ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ‌ဒေသခံ အမျိုးသမီးတစ်ဦး ကျည်ထိမှန်‌သေဆုံးခဲ့သည်ဟု ‌ဒေသသတင်းအရင်းအမြစ်အရ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့မှ တက်လာသည့် စစ်‌ကောင်စီတပ် ခမရ ၂၈၃ တပ်ရင်းမှ စစ်ကား ၇ စီးသည် သံပုရာ‌ကျေးရွာ အ‌ရောက်တွင် နယ်‌မြေခံ KNLA တပ်ရင်း ၁၆ နှင့် ထိ‌တွေ့တိုက်ပွဲ ၂ ‌နေရာဖြစ်ပွားခဲ့ပြီး စစ်‌ကောင်စီတပ်ဘက်မှ ပစ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ဒါလီ‌ကျေးရွာမှ က‌လေး ၄ ဦး မိခင် မကရင်မ(အရပ်‌ခေါ်) အသက် ၄ဝနှစ်အား ကျည်ထိမှန် ‌သေဆုံးခဲ့ပြီး ရွာသားအချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အမည်မ‌ဖော်လိုသူ ရွာသားတစ်ဦးက ‌ပြောသည်။

သူက “ သံပုရာရွာအနီးပစ်ခတ်မှုက စစ်‌ကောင်စီ ရမ်းပစ်လိုက်တဲ့ လက်နက်ကြီးက‌နေ နှမ်းနုတ်‌နေတဲ့ ‌ဒေသခံအမျိုးသမီး တစ်ဦးကို ထိမှန်‌သေဆုံးသွားတယ်။ အချို့လည်း ဒဏ်ရာရကြတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စစ်‌ကောင်စီတပ်သည် သတ်မှတ်နယ်‌မြေ‌ကျော်လွန်ပြီး ဝင်‌ရောက်လှုပ်ရှားလာသဖြင့် ယ‌နေ့နံနက်တွင် သံပုရာ‌ကျေးရွာအနီးတွင် တစ်ကြိမ်၊ ‌တောင်စွန်း‌ကျေးရွာတွင် တစ်ကြိမ် ထိ‌တွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KNLA တပ်မဟာ ၆ မှ အမည်မ‌ဖော်လိုသည့် အရာရှိတစ်ဦးက ‌ပြောသည်။

၎င်းက “‌တောင်စွန်းရွာမှာက သတ်မှတ်ထားတဲ့နယ်‌မြေ‌ကျော်လို့ ပစ်ခတ်မှုဖြစ်‌တော့ စခန်းမှူးတစ်‌ယောက် ထိမှန်‌သေ ဆုံးတယ်လို့ သိရတယ်။ သူတို့စစ်‌ရေးကျူး‌ကျော်လာလို့ ဖြစ်ရတာပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စစ်‌ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှု‌ကြောင့် ‌တောင်စွန်း‌ကျေးရွာတွင် လက်နက်ကြီး ၅ လုံးထက်မနည်း ကျ‌ရောက် ‌ပေါက်ကွဲ သည့်အတွက် ရွာသားများမှာ ‌ဘေးလွတ်ရာသို့ တိမ်း‌ရှောင်‌နေကြရပြီး သံဖြုဇရပ်-ဘုရားသုံးဆူ လမ်းမကြီး တစ်‌လျှောက်တွင်လည်း နယ်ခြား‌စောင့်တပ် (BGF)နှင့် စစ်‌ကောင်စီတပ်တို့ပူး‌ပေါင်းကာ စခန်းချထားသည့်အတွက် တိုက်ပွဲဆက်လက်ဖြစ်ပွားလာမည်ကို ‌ဒေသခံများမှ စိုးရိမ်လျက်ရှိသည်ဟု ရွာသားများထံမှ သိရသည်။

‌တောင်စွန်းရွာသား တစ်ဦးက “ ဒီမနက် ၈ နာရီ‌လောက်မှာ ပစ်ကြတယ်။ ရွာမှာလည်း လက်နက်ကြီး‌တွေကျ‌တော့ အခုပုန်း‌ရှောင်‌နေကြရ‌ပေါ့‌နော်။ သူတို့ပစ်ကြတာ နာရီဝက်‌လောက်ကြာတယ်။ စစ်တပ်‌တွေ သူတို့‌နေရာမှာ ပြန်သွား ချင်တယ်။ သူတို့ဆက်ရှိ‌နေရင် တိုက်ပွဲပြန်ဖြစ်မှာ စိုးရိမ်တယ်” ဟု ‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂ဝ ရက်‌နေ့ ‌နောက်ပိုင်းမှစ၍ ‌ကေအဲန်ယူ ဒူးပလာယာခရိုင်နယ်‌မြေ ကျုံးဒိုး၊ ဝင်း‌ရေး၊ နို့တ‌ကော်နှင့် ‌ကော့ကရိတ်မြို့နယ်ရှိ ‌ကျေးရွာများတွင် နိုင်ငံ‌ရေးတက်ကြွလှုပ်ရှားသူများ ခို‌အောင်း‌နေထိုင်သည်ဟု အ‌ကြောင်းပြချက်ဖြင့် စစ်‌ကောင်စီတပ်မှ စစ်‌ရေးအရ နယ်‌မြေကျုး‌ကျော်လာသည့်အတွက် ထိ‌တွေ့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူဘက်က ‌ပြောသည်။