Home သတင်း ‌ပျောက်ဆုံးသွားသည့် သာမည‌ကျေးရွာ အုပ်ချုပ်‌ရေးရုံး စာ‌ရေး(၃)ဦး အ‌လောင်းသာပြန်‌တွေ့

‌ပျောက်ဆုံးသွားသည့် သာမည‌ကျေးရွာ အုပ်ချုပ်‌ရေးရုံး စာ‌ရေး(၃)ဦး အ‌လောင်းသာပြန်‌တွေ့

2397

နိုဝင်ဘာ ၂၂ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့နယ် သာမည‌ကျေးရွာတွင် ‌ပျောက်ဆုံးသွားသည့် အုပ်ချုပ်‌ရေးမှူးရုံးမှ စာ‌ရေးသုံးဦး၏ ရုပ်အ‌လောင်းများကို နိုဝင်ဘာလ ၂၁ရက်၊ ‌နေ့လယ်အချိန်ခန့်က ဝဲကရင်‌ကျေးရွာသုဿာန်အတွင်းရှိ ခြုံများသည့်‌နေရာတွင် သွား‌ရောက်‌တွေ့ ရှိခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ အုပ်ချုပ်‌ရေးမှူး၏ ‌ပြောပြချက်အရ သိရသည်။

အဆိုပါအသတ်ခံရသူ သုံးဦးမှာ ‌ပျောက်ဆုံးသွားပြီး (၁၃)ရက်အကြာ ယမန်‌နေ့ကမှ သာမညနယ်‌မြေ အပြင်ဘက်ရှိ ဝဲကရင်‌ကျေးရွာသုဿာန်တွင် အ‌လောင်းများကိုသာ ပြန်လည်‌တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သာမည‌ကျေးရွာအုပ်စု အုပ် ချုပ်‌ရေးမှူး ‌စောသိန်းတင်က ‌ပြောသည်။

၎င်းက “‌ပျောက်သွားတဲ့ ‌နောက်ပိုင်း လိုက်စုံစမ်းတယ်။ ဘာအစအနမှ မ‌တွေ့ရဘူး။ မ‌နေ့က မီးပုံးပျံလိုက်‌နေတဲ့ က‌လေးက သွား‌တွေ့‌တော့ အနီးနားက လယ်သမားကိုသွား‌ပြောပြတာ။ အဲဒီက‌နေမှ ရာအိမ်မှူးက‌နေတစ်ဆင့် နယ် ထိန်းကို သူတို့သွားပြန်‌ပြောပြီး‌တော့ ကျ‌နော်တို့ ပြန်သိရတာ‌ပေါ့။ ခန့်မှန်း‌ခြေအရ အသတ်ခံရတာက ‌ပျောက်သွားတဲ့ ‌နေ့ကတည်းက ထင်တယ်။ ဘာဖြစ်လဲဆို‌တော့ အ‌လောင်း‌တွေက အကုန်ရုပ်ပျက်ကုန်ပြီး။ သူတို့အဝတ်အစား‌တွေ ကြည့်ပြီး သူတို့ဖြစ်တယ်လို့ အတည်ပြုလို့ရနိုင်တာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းစာ‌ရေးသုံးဦး အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ လက်ရှိအချိန်ထိ မည်သူလက်ချက်ဖြစ်သည်ကို မသိရ‌သေး သည့်အပြင် တရားခံများ ဖမ်းဆီးမိနိုင်‌ရေး ဆက်လက် ကြိုးစားအုံးမည်ဖြစ်‌ကြောင်း ၎င်းအုပ်ချုပ်‌ရေးမှူးက ‌ပြောသည်။

အသတ်ခံရသည့် အဆိုပါရုံးစာ‌ရေးသုံးဦးမှာ ဦး‌အောင်‌ကျော်သူ အသက် ၄ဝနှစ်၊ ကိုကြည်ချို အသက်၂၆နှစ်၊ ကို‌သော် ‌သော်သွင် အသက် ၃ဝနှစ်တို့ဖြစ်ကြပြီး နိုဝင်ဘာ (၈)ရက်‌နေ့ ည(၈)နာရီဝန်းကျင်အချိန် ရုံးထဲ၌ရှိ‌နေစဉ် အမည်မသိ လူတစ်စုက Honda Fit ခဲ‌ရောင်ကားနှင့် လာ‌ရောက်‌ခေါ်‌ဆောင်သွားခဲ့ပြီးချိန်မှစ၍ ‌ပျောက်ဆုံးသွားခြင်းဖြစ်သည်။

ယင်းသို့ ‌ပျောက်ဆုံးကာ ‌သေဆုံးသွားခဲ့သူ သုံးဦးအနက် ဦး‌အောင်‌ကျော်သူမှာ ပြီးခဲ့သည့် ‌အောက်တိုဘာလ (၃၀)ရက် ‌နေ့က ဖားအံမြို့၌ ပြုလုပ်ခဲ့သည့် တပ်မ‌တော်‌ထောက်ခံပွဲတွင် သွား‌ရောက်ပူး‌ပေါင်းပါဝင်ခဲ့ခြင်းလည်း ရှိသည်ဟု သာမ ည‌ဒေသခံများထံမှ သိရသည်။

သာမည‌ကျေးရွာအုပ်စုတွင် ရပ်ကွက်‌ပေါင်း ၂၄ရပ်ကွက်ရှိပြီ အသတ်ခံရသူများသည် ‌အောင်ချမ်းသာ(၂)ရပ်ကွက်၊ သာမ ည‌တောင်‌ခြေ(တယ်လီဖုန်း)ရပ်ကွက်နှင့် ‌တောင်ညို (၁)ရပ်ကွက်တို့တွင် ‌နေထိုင်ကြသူများဖြစ်သည်ဟု သိရသည်။