Home သတင်း ရန်ကုန်တိုင်း ကရင်စာ/ယဉ် အစားထိုးပြန်ဖွဲ့

ရန်ကုန်တိုင်း ကရင်စာ/ယဉ် အစားထိုးပြန်ဖွဲ့

1342

နိုဝင်ဘာ ၂၂ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ရန်ကုန်တိုင်း‌ဒေသကြီးရှိ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီများကို မြို့နယ်၊ ခရိုင်၊ တိုင်း‌ဒေသကြီးအဆင့်ထိ အစား ထိုးကာ ပြန်လည်ဖွဲ့စည်းလိုက်ပြီးဖြစ်‌ကြောင်း ‌ကော်မတီတာဝန်ရှိသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဖေ‌ဖော်ဝါရီ ၁ရက်‌နေ့၊ စစ်တပ်က အာဏာသိမ်းပြီး‌နောက်ပိုင်း ယခင် ရန်ကုန်တိုင်း၏ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော် မတီ ဥက္ကဌဖြစ်သူ ကရင်‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ္ဇာမျိုး ဖမ်းဆီးခံခဲ့ရပြီး စစ်‌ကောင်စီလက်ထက်တွင် ယခင် ကရင်စာ/ ယဉ်‌ကော်မတီဝင်‌နေရာ အများအပြား လစ်လပ်သွားခဲ့သည်။

စစ်‌ကောင်စီလက်ထက် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်လိုခြင်းမရှိသူများနှင့် အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ‌ကော်မတီဝင်အဖြစ်မှ အနားယူသွားသူများရှိသည့်အတွက် လစ်လပ်‌နေသည့် ၎င်း‌ကော်မ တီဝင်‌နေရာများကို အသီးသီး အစားထိုး ဖွဲ့စည်းလိုက်ခြင်းဖြစ်‌ကြောင်း သိရသည်။

ယခု ပြန်လည်ဖွဲ့စည်းလိုက်သည့် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီတွင် ဥက္ကဌအဖြစ် ယခင် တိုင်းစာယဉ် အတွင်း‌ရေးမှူးဖြစ်သူ မန်းသန်းဝင်းဦးက ‌ပြောင်းလဲတာဝန်ယူလိုက်ပြီး ရန်ကုန်တိုင်း အ‌နောက်ပိုင်း ခရိုင်ဥက္ကဌ မန်းသန်း‌ဌေးကို တိုင်းစာယဉ် အတွင်း‌ရေးမှူးအ‌နေဖြင့် တာဝန်‌ပေးအပ်လိုက်‌ကြောင်း သိရသည်။

“ဘယ်လို အ‌ခြေအ‌နေပဲ ဖြစ်ဖြစ် ကိုယ့်ကရင်စာ‌ပေနဲ့ ယဉ်‌ကျေးမှုကိစ္စ‌တွေက လုပ်နိုင်သ‌လောက် ဆက်လုပ်သွားရမှာ ပဲ။ ဒါ‌ကြောင့် အခုလို နိုင်သ‌လောက် ဆက်လုပ်တာပါ။”ဟု စာယဉ် ဥက္ကဌဖြစ်လာသူ မန်းသန်းဝင်းဦးက ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၂ဝ ပြည့်နှစ် မတ်လတွင် မြန်မာနိုင်ငံ၌ ကိုဗစ် ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခဲ့ပြီး‌နောက် လူစုလူ‌ဝေးများ မပြုလုပ် ရန် အစိုးရက ကန့်သတ်ထားခဲ့ပြီး‌နောက် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ လုပ်ငန်းများ တွင်တွင်ကျယ်ကျယ် လုပ် ကိုင်နိုင်ခြင်း မရှိ‌တော့သလို လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေအရ စာယဉ်လုပ်ငန်းများ တုံ့ဆိုင်းသွားသည့် အ‌ခြေအ‌နေမျိုးရှိ ‌ကြောင်း စာယဉ်အဖွဲ့ဝင်များက ‌ပြောဆိုသည်။

အမည်မ‌ဖော်လိုသူ မြို့နယ် စာ/ယဉ် အတွင်း‌ရေးမှူးတစ်ဦးက “စာ‌ပေနဲ့ ယဉ်‌ကျေးမှု‌ကော်မတီ ကိစ္စ‌တွေက ကိုယ့်အိတ် စိုက်နဲ့ ကိုယ်လုပ်ရတာပါ။ ကျ‌နော့်မြို့နယ်မှာ အခုချိန် စာ/ယဉ် အလုပ်မလုပ်နိုင်ဘူးဆိုပြီး ဥက္ကဌကလည်း နားတယ်။ ဒီ‌တော့ ဒီလိုပဲ လူစုပြီး ပြန်ဖွဲ့တယ်။ လူလည်း များများမရှိဘူး။ ‌နောက် ဒီအသိုင်းအဝိုင်းက သိ‌နေကြတာပဲ။ ဒီလိုပဲ ကူ‌ပေး‌နေရတယ်။”ဟု ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီကို ၂၀၁၄ခုနှစ်တွင် စတင်ဖွဲ့စည်းစဉ်က ယခင် ရန်ကုန် တိုင်း ကရင့်‌ရေးရာဝန်ကြီးက ဥက္ကဌအဖြစ် တာဝန်ယူခဲ့သလို ၂၀၁၆ခုနှစ်တွင် ပြန်လည် ပြင်ဆင်ဖွဲ့စည်းစဉ်ကလည်း မူလ ကရင်‌ရေးရာဝန်ကြီးကသာ ထပ်မံ တာဝန်ယူခဲ့သည်။

သို့‌သော် ယခုပြန်လည်ဖွဲ့စည်းရာတွင် ဥက္ကဌအဖြစ် တာဝန်ယူသူမှာ ၂၀၂ဝ ပါတီစုံအ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲက ရန်ကုန် တိုင်း‌ဒေသကြီး၏ ကရင့်‌ရေးရာဝန်ကြီး‌နေရာအတွက် ကရင်ပြည်သူ့ပါတီ ကိုယ်စားပြု လွှတ်‌တော်ကိုယ်စားလှယ် ‌လောင်းအဖြစ် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။