Home သတင်း ပု‌လောမြို့နယ်တွင် ‌ဒေသခံအမျိုးသမီးတစ်ဦးကို စစ်‌ကောင်စီတပ် ပစ်သတ်

ပု‌လောမြို့နယ်တွင် ‌ဒေသခံအမျိုးသမီးတစ်ဦးကို စစ်‌ကောင်စီတပ် ပစ်သတ်

2154
Photo: ‌ဒေသခံ

နိုဝင်ဘာ ၁၁ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မြိတ်(ဘိတ်)ခရိုင်၊ ပု‌လောမြို့နယ် ဂျက်ဂါး‌ကျေးရွာ ‌ရော်ဘာခြံတစ်ခုတွင် အလုပ်လုပ်‌နေသည့် ‌ရော်ဘာခြံ အလုပ် သမတစ်ဦးကို စစ်‌ကောင်စီတပ်က အ‌ကြောင်းမဲ့ ပစ်သတ်သွားခဲ့သည်ဟု ‌ဒေသခံများက ‌ပြောသည်။

စစ်‌ကောင်စီတပ် ခလရ ၂၈၅ နှင့် ပြည်သူ့စစ်ပူး‌ပေါင်းတပ်ဖွဲ့တို့သည် ပု‌လောမြို့နယ်၊ ဂျက်ဂါး‌ကျေးရွာသို့ ဝင်‌ရောက်လှုပ်ရှားရာတွင် ‌ရော်ဘာခြံတစ်ခြံ၌ အလုပ်လုပ်‌နေသည့် အလုပ်သမ မဝင်းလဲ့သူ အသက် ၂၃ နှစ်အား ယမန်‌နေ့ နံနက် ၃ နာရီဝန်းကျင်ခန့်တွင် ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ပစ်သတ်ပြီး‌နောက် စစ်‌ကောင်စီတပ်က ‌သေဆုံးသူ မဝင်းလဲ့သူ၏ ရုပ်အ‌လောင်းကိုယူ‌ဆောင်သွားကာ တံတားတစ်ခု‌အောက်တွင် မြှုပ်နှံထားလိုက်ပြီး ယ‌နေ့ နိုဝင်ဘာလ ၁၁ ရက်‌နေ့ ‌နေ့လည်အချိန်မှ ထို မြှုပ်နှံထား ‌သော အ‌လောင်းကို ရွာသားများက ပြန်လည်တူး‌ဖော်ခဲ့ကြသည်ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

“အ‌လောင်းကို တံတား‌အောက်မှာ မြှုပ်နှံထားတယ်ကွယ်။ ၁၂ နာရီအချိန်မှာ ပြန်‌တွေ့တာ။ သူ့‌ယောက်ျား၊ သူ့အ‌မေ‌တွေက ပြန်‌ဖော်တာ‌ပေါ့‌နော်။ အခုစစ်တပ်က လာပြီးစစ်‌ဆေးမှု‌တွေ လာလုပ်‌နေတယ်။ အခုထိ အ‌လောင်း ‌ဘေးနားမှာ စစ်သား‌တွေ သက်သက်ပဲ။ အ‌လောင်းက ရုပ်ပျက်ဆင်းပျက်လို့ ကြည့်လို့‌တောင်မ‌ကောင်းဘူး”ဟု ယ‌နေ့ ည‌နေ ၄ နာရီအချိန်တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ပစ်သတ်ခံရသူ မဝင်းလဲ့သူသည် အိမ်‌ထောင်ရှင်အမျိုးသမီးဖြစ်ပြီး သမီးတစ်ဦးရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။ လက်ရှိတွင် မဝင်းလဲ့သူ၏ ‌ယောက်ျားဖြစ်သူ ကို‌ပြေဇင်‌အောင်ကိုလည်း စစ်‌ကောင်စီတပ်က ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့ပြီဟု အဆိုပါ ‌ဒေသခံက ‌ပြောသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာနကလည်း စစ်‌ကောင်စီတပ်က ‌ရော်ဘာခြံအလုပ်သမ မဝင်းလဲ့သူအား အ‌ကြောင်းမဲ့ ပစ်သတ်သွားသည်ဟု ယ‌နေ့ အတည်ပြု သတင်းထုတ်ပြန်ထားသည်။

စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာန ထုတ်ပြန်ချက်အရ ဘိတ်ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ် ဂျက်ဂါး‌ကျေးရွာ ‌ရော်ဘာခြံတွင် အလုပ်လုပ်ကိုင်‌နေ‌သော ‌ရော်ဘာလုပ်သမတစ်ဦးဖြစ်သူ မ‌ဝေလင်းသူ( မဝင်းလဲ့သူ)၊ အသက် (၂၇)အား ထို‌နေ့ နံနက် ၃ နာရီဝန်းကျင်ခန့် အချိန်တွင် စစ်‌ကောင်စီတပ်များ၏ အ‌ကြောင်းမဲ့ ပစ်ခတ်‌သော‌ကြောင့် ကျည်ဆံထိမှန်ပြီး ‌သေဆုံးသွားသည်ဟု ‌ဖော်ပြထားသည်။

ယမန်‌နေ့ နိုဝင်ဘာလ ၁ဝရက်‌နေ့ ည‌နေပိုင်းတွင်လည်း မြိတ်(ဘိတ်)ခရိုင်၊ ပု‌လောမြို့နယ်အတွင်းက အာဏာဖီဆန်‌ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သူ အ‌ယောက် ၂ဝခန့်ကို စစ်‌ကောင်စီတပ်က ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့‌သေးသည်ဟု ‌ဒေသခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။

လတ်တ‌လောတွင် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များသည် ပု‌လောမြို့နယ် ရှမ်းဒွတ်၊ မ‌ဒေါ၊ ‌ရေရှမ်း၊ ဂျက်ဂါ၊ မိ‌ချောင်းသိုက်၊ ‌ချောင်းလှ အစရှိသည့် ‌ကျေးရွာအုပ်စုအတွင်း စစ်‌ရေး ဝင်‌ရောက်လှုပ်ရှားမှု များလာသလို ယမန်‌နေ့က စစ်အင်အား ၆ဝ ဖြင့်တက်လာပြီး ယ‌နေ့တွင်လည်း ‌နောက်ထပ် စစ်အင်အား ၅ဝခန့် တိုးမြှင့် လာ‌ကြောင်း ‌ဒေသခံများက ဆိုသည်။