Home သတင်း ယခုနှစ် (၁၁)လ အတွင်း ထိုင်းသို့ တရားမဝင် ဝင်‌ရောက်ခဲ့သူ (၃၀,၃၄၃)ဦး ဖမ်းဆီးရမိခဲ့

ယခုနှစ် (၁၁)လ အတွင်း ထိုင်းသို့ တရားမဝင် ဝင်‌ရောက်ခဲ့သူ (၃၀,၃၄၃)ဦး ဖမ်းဆီးရမိခဲ့

923
Photo: AEC

နိုဝင်ဘာ ၃ ရက် ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

Covid-19 ဂယက်‌ကြောင့် ထိုင်းဘက်ခြမ်းမှ ကုန်စည်မှအပ လူဝင်ထွက်မှု ပိတ်ထားချိန် ၂၀၂၁ ခုနှစ် ‌အောက်တိုဘာလကုန်အထိ (၁၁) လအတွင်း ထိုင်းနိုင်ငံဘက်သို့ တရားမဝင် နယ်စပ် ဖြတ်‌ကျော်ဝင်‌ရောက်ခဲ့သူများအနက် ( ၃၀,၃၄၃) ဦး ဖမ်းဆီးရမိခဲ့‌ကြောင်း ထိုင်းလူကုန်ကူးမှု တိုက်ဖျက်‌ရေးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာလ ပထမအပတ်မှစ၍ ဘန်‌ကောက်နှင့်အနီးပတ်ဝန်းကျင်တွင် အ‌ထောက်အထားမဲ့လုပ်သားများအား CI Passport အပါအဝင် အ‌ထောက်အထား စာရွက်စာတမ်းများ ပြုလုပ်‌ပေးမည်ဟု သတင်းထွက်ပြီး‌နောက် တရားမဝင်နယ်စပ်ဖြတ်‌ကျော် ဝင်‌ရောက်မှုမှာ ပိုမို မြှင့်တက်လာပြီးမြန်မာနိုင်ငံသား အများအပြား ဖမ်းဆီးခံရကာ ၂၀၂၁ ခုနှစ် ‌အောက်တိုဘာလကုန်ထိ တရားမဝင် ဝင်‌ရောက်သူ ၃၀,၃၄၃ ဦးနှင့် လမ်းပြဦး‌ဆောင်သူလူကယ်ရီပွဲစား ၁၀ဝ ဦးတို့ကို ဖမ်းဆီးခဲ့‌ကြောင်း ထိုင်းနိုင်ငံ လူကုန်ကူမှုတိုက်ဖျက်‌ရေးဌာနက သတင်းထုတ်ပြန်ထားသည်။

ထိုသို့ ဖမ်းဆီးရမိ‌သော နိုင်ငံခြားသား ‌ရွှေ့‌ပြောင်းလုပ်သားများမှာ မြန်မာနိုင်ငံသားအများဆုံးဖြစ်ပြီး ထိုထဲတွင် ကမာ္ဘယားနိုင်ငံသား (၇၀၀) ‌ကျော် ပါဝင်သည်ဟု ‌ဖော်ပြထားသည်။

Photo: AEC

မြန်မာ-ထိုင်းနယ်စပ်ဖြစ်‌သော တာ့ခ်ခရိုင် မဲ‌ဆောက် နှင့် ချင်းမိုင်၊ ကန်ကျနပူရီ ဘက်ခြမ်းတွင် မြန်မာ နိုင်ငံသားအများဆုံး ဖမ်းဆီးရမိ‌ကြောင်း၊ ကျန်ထဘုရီခရိုင် က‌မော္ဘဒီးယားနယ်စပ် နှင့် ထိုင်း-မ‌လေးရှား နယ်စပ်ဘက်တွင်လည်း မြန်မာနိုင်ငံသား မကြာခဏ ဖမ်းဆီးရမိ‌ကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြပါရှိသည်။

ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်‌ရောက်ခြင်း‌ကြောင့် ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားများသည် လူကယ်ရီပွဲစားခ ဘတ် ၁၅,၀၀ဝ မှ ၂၀,၀၀ဝ ထိ‌ပေးပြီး သွားကြရ‌ကြောင်း၊ ယခုလို အခက်အခဲ အများကြားမှ တဖက်နိုင်ငံသို့ သွား‌ရောက်ကြခြင်းမှာ ပြည်တွင်း၌ နိုင်ငံ‌ရေးမငြိမ်သက်မှုနှင့် ကိုဗစ်ဂယက်များ‌ကြောင့် အလုပ်အကိုင်ရှားပါးလာပြီး စီးပွား‌ရေး ကြပ်တည်းမှု‌ကြောင့်ဖြစ်သည်ဟု မြန်မာ‌ရွှေ့‌ပြောင်းလုပ်သားအ‌ရေး ‌ဆောင်ရွက်သူများက ဆိုသည်။

ထိုသို့ တရားမဝင်နယ်စပ် ဖြတ်‌ကျော်မှုများကို တားဆီးနိုင်‌ရေး နှင့် နယ်စပ်အ‌ခြေအ‌နေအား ထိုင်းအစိုးရမှ ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်တွင် ‌လေယာဉ်ဖြင့် နိုဝင်ဘာလ ၁ ရက် မှ ၅ ရက်‌နေ့ထိ ကင်းလှည့်‌စောင့်ကြည့်သွားမည်ဟု မြဝတီခရိုင် စစ်‌ကောင်စီအဖွဲ့ထံ အ‌ကြောင်းကြားစာ ‌ပေးပို့ထား‌ကြောင်း သိရသည်။