Home သတင်း သုံးလ‌ကျော်အတွင်း ကရင်ပြည်နယ်တွင် ကိုဗစ်‌ရောဂါ‌ကြောင့် လူ‌ပေါင်း ၆ဝဝ ‌ကျော် အသက်ဆုံးရှုူံးခဲ့ရ

သုံးလ‌ကျော်အတွင်း ကရင်ပြည်နယ်တွင် ကိုဗစ်‌ရောဂါ‌ကြောင့် လူ‌ပေါင်း ၆ဝဝ ‌ကျော် အသက်ဆုံးရှုူံးခဲ့ရ

1182

‌အောက်တိုဘာ ၁၅ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

ကရင်ပြည်နယ်ရှိ မြို့နယ် ၇ ခုတွင် ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ တတိယလှိုင်း ကိုဗစ်-၁၉ ‌ရောဂါကူးစက်မှု ပြင်းထန်လာခဲ့ပြီး ‌အောက်ဆီဂျင်လုံ‌လောက်စွာ မရရှိခဲ့သည့်အတွက် ယခုလ ‌အောက်တိုဘာလ ဒုတိယပတ်အထိ ကိုဗစ်‌ရောဂါ‌ကြောင့် လူ‌ပေါင်း ၆ဝဝ ‌ကျော် အသက်ဆုံးရှုံးခဲ့ရ‌ကြောင်း ပြည်နယ်စစ်‌ကောင်စီ တာဝန်ရှိသူထံမှ သိရ သည်။

ပြည်နယ်တစ်ခုလုံးအ‌နေဖြင့် လူ‌ပေါင်း ၇၇ဝဝ နီးပါး ကိုဗစ်‌ရောဂါကူးစက်ခံခဲ့ရပြီး ‌အောက်တိုဘာ ၁၃ ရက်‌နေ့အထိ ကိုဗစ်‌ရောဂါ‌ကြောင့် လူ ၆၀၅ ဦး အသက်ဆုံးရှုံးခဲ့ရကာ ပြည်သူ့‌ဆေးရုံအသီးသီးတွင်လည်း ကုသမှုခံယူ‌နေရသူ ၃ဝဝ နီးပါးရှိ‌ကြောင်း ပြည်နယ်‌ကောင်စီ ဥက္ကဋ္ဌ ‌စောမြင့်ဦးက ယမန်‌နေ့ ‌အောက်တိုဘာလ ၁၄ ရက်‌နေ့တွင် ပြုလုပ် သည့် ကြာအင်းဆိပ်ကြီးမြို့ ‌အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်း‌ပြောဆိုခဲ့သည်။

“ကိုဗစ်တတိယလှိုင်းမှာ အပြင်းအထန်ကူးစက်မှု‌တွေဖြစ်‌တော့ အဆိုးဝါးဆုံးကြုံ‌တွေ့ခဲ့ရတယ်။ ကူးစက် နှုန်းမြန် သလို ‌သေဆုံးမှုနှုန်းလည်း များတယ်။ ‌အောက်ဆီဂျင်အပြည့်အဝမရတဲ့ ပြဿနာ‌တွေ ရင်ဆိုင်ခဲ့ရတယ်။ လုံလုံ ‌လောက်‌လောက်ရရှိဖို့ နည်းလမ်း‌ပေါင်းစုံ ကြိုးစားခဲ့ရတယ်။ အခု‌တော့ ကူးစက်မှု ၃ ရာခိုင်နှုန်းပဲ ရှိတယ်။ ကာကွယ်‌ဆေး‌တွေ လူတိုင်း‌စေ့ထိုးနိုင်‌အောင် ကြိုးစား‌ဆောင်ရွက်‌နေတယ်” ဟု ပြည်နယ်‌ကောင်စီဥက္ကဋ္ဌက ‌ပြောသည်။

ကရင်ပြည်နယ်အ‌နေဖြင့် ကိုဗစ်‌ရောဂါဖြစ်ပွား‌နေသည့် လူနာများအတွက် ‌အောက်ဆီဂျင်လုံလုံ‌လောက်‌လောက် ရရှိနိုင်ရန် ဖားအံ၊ ကြာအင်းဆိပ်ကြီး၊ ‌ကော့ကရိတ်၊ မြဝတီနှင့် လှိုင်းဘွဲ့မြို့များတွင် ‌အောက်ဆီဂျင်စက်ရုံအသီးသီး တည်‌ဆောက်ပြီးစီး‌နေပြီး နိုဝင်ဘာ ၆ ရက်‌နေ့တွင် စက်ရုံအချို့ ဖွင့်လှစ်သွားမည်ဟု ပြည်နယ်‌ကောင်စီ တာဝန်ရှိ ထံမှ သိရသည်။

မြို့နယ်အသီးသီးရှိ စာသင်‌ကျောင်းများတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်‌ရောဂါကာကွယ် ထိန်းချုပ်‌ရေးစင်တာများကို အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ ‌ကျောင်းများပြန်လည်ဖွင့်လှစ်ရန်အတွက် ကိုဗစ်စင်တာအား ‌ပြောင်း‌ရွှေ့‌ပေးရန် ညွှန်ကြားလာပြီး‌နောက် ‌အောက်တိုဘာ ၁ဝ ရက်‌နေ့‌နောက်ပိုင်းတွင် ကိုဗစ်စင်တာအသီးသီးမှ ‌နေရာ‌ပြောင်း‌ရွှေ့ ခဲ့ကြရပြီး လူနာများရှိ‌နေ‌သေးသည့်အ‌ပေါ် ကူညီကယ်ဆယ်‌ရေးလုပ်ငန်းများ အခက်အခဲရှိသည်ဟု ပရဟိတ အဖွဲ့များထံမှ သိရသည်။

ကရင်ပြည်နယ်အ‌နေဖြင့် ပြီးခဲ့သည့် ဇူလိုင်လမှစပြီး တတိယလှိုင်း ကိုဗစ်-၁၉ ‌ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွား လာပြီး‌နောက် ‌ကျေးရွာများတွင် ကိုယ်ထူကိုယ်ထဖြင့်သာ ကိုဗစ်‌ရောဂါ ကာကွယ်ထိန်းချုပ်‌ရေးစင်တာများကို ဖွင့်လှစ်‌ဆောင်ရွက်‌နေရလျက်ရှိပြီး လူအများစုမှာ ယ‌နေ့ထိတိုင် ကိုဗစ်ကာကွယ်‌ဆေး မထိုးနှံရ‌သေး‌ကြောင်း ကူညီကယ်ဆယ်‌ရေးအဖွဲ့များထံမှ သိရသည်။