Home သတင်း လူ့‌ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ပြည်သူနှင့်တစ်သားတည်းဟု UNDP ‌ပြောဆို

လူ့‌ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ပြည်သူနှင့်တစ်သားတည်းဟု UNDP ‌ပြောဆို

1492

‌အောက်တိုဘာ ၁၅ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

လူ့‌ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် တိုက်ပွဲကြားက ‌ပေါ်ထွက်လာသည့်ပါတီဖြစ်ပြီး နိုင်ငံ‌ရေးရပ်တည်ချက်နှင့် နိုင်ငံ‌ရေးသ‌ဘောထားတို့မှာ ပြည်သူနှင့်တစ်သားတည်းရှိ‌ကြောင်း ၎င်းတို့၏ ၃၃နှစ်‌မြောက် ပါတီတည်‌ထောင်ခြင်း‌နေ့ အတွက် ‌ပေးပို့သည့် ညီညွတ်‌သောတိုင်းရင်းသားများဒီမိုက‌ရေစီပါတီ(UNDP) သဝဏ်လွှာတွင် ‌ရေးသား‌ဖော်ပြထား သည်။

‌အောက်တိုဘာလ ၁၄ရက်‌နေ့တွင် ကျ‌ရောက်ခဲ့သည့် ပါတီ၏ နှစ်ပတ်လည်‌နေ့တွင် ‌ပေးပို့သည့် UNDP သဝဏ်လွှာထဲ တွင် လူ့‌ဘောင်သစ်ပါတီသည် အမျိုးသားတန်းတူ‌ရေး၊ ဖက်ဒရယ်ဒီမိုက‌ရေစီ ‌ပေါ်ထွန်း‌ရေးတို့အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ယုံကြည်အားကိုးသည့် ပါတီဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

ထို့အပြင် လူ့‌ဘောင်သစ်ပါတီသည် “ပြည်သူသာအမိ၊ ပြည်သူသာအဖ”ဟူ‌သော ၎င်းတို့၏‌ဆောင်ပုဒ်အတိုင်း ပြည်သူလူ ထုဘက်မှ ပြည်သူ့ဆန္ဒအတိုင်း ရပ်တည်‌ပေးခဲ့သည့် ပါတီ၏သမိုင်းကို‌တွေ့ရှိရ‌ကြောင်း၊ သမိုင်းအဆက်ဆက် ဖိနှိပ်အုပ် ချုပ်သူ စစ်အာဏာရှင်များနှင့် အာဏာရှင်အဆက်ဆက်တို့အား ဒူးမ‌ထောက် အညံ့မခံ ‌တော်လှန်‌နေသည်ကို အ‌လေး အနက် ဦးညွှတ်ပါ‌ကြောင်းလည်း သဝဏ်လွှာတွင် ထည့်သွင်း‌ရေးသားထားသည်။

လူ့‌ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ၃၃နှစ်‌မြောက် အခမ်းအနားကို အွန်လိုင်းကွန်ဖရင့်ဖြင့် ကျင်းပခဲ့ကြရာ ပါတီဥက္ကဌ ဦး‌အောင်မိုး‌ဇော်က “ကျ‌နော်တို့လူ့‌ဘောင်သစ်ဒီမိုကရက်တစ်ပါတီအ‌နေနဲ့‌တော့ က‌နေ့ လူထု‌တောင်းဆိုချက်ဖြစ်တဲ့ ဖက်ဆစ်ဆန်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း‌ရေးကိစ္စ၊ တိုင်းပြည်မှာ တိုင်းရင်းသားလူမျိုးအချင်းချင်း အများ ကြီးပြန်ပြီး‌တော့ ‌သွေးစည်းညီညွတ်နိုင်တဲ့ အ‌ခြေအ‌နေ၊ ဖက်ဒရယ်ဒီမိုက‌ရေစီ‌အောက်မှာ အားလုံး ‌သွေးစည်းနိုင်တဲ့ အ‌ခြေအ‌နေလည်း ဖြစ်ထွန်း‌နေပြီ။ ဒီလိုအ‌ခြေအ‌နေမျိုးကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ ကျ‌နော်တို့ကြိုးစားသွားမှာ ဖြစ် တယ်။”ဟု ‌ပြောဆိုသွားခဲ့သည်။

အဆိုပါနှစ်ပတ်လည် အခမ်းအနားတွင် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင် ငံ)၊ တအာင်းအမျိုးသမီးသမဂ္ဂ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ကရင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုက‌ရေစီအဖွဲ့ချုပ်၊ သျှမ်းအမျိုးသမီး‌ရေးရာ ဆက်သွယ်လှုပ်ရှားမှုကွန်ရက်(SWAN), မြန်မာအ မျိုးသမီးသမဂ္ဂ(BWU), မြန်မာနိုင်ငံ ‌ကျောင်းသားလူငယ်များကွန်ဂရက်(SYCB), AASYC စသည့် နိုင်ငံ‌ရေးပါတီများနှင့် အရပ်ဖက်အဖွဲ့‌ပေါင်း ၁၀‌ကျော်က သဝဏ်လွှာများ အသီးသီး ‌ပေးပို့ခဲ့ကြသည်။

လက်ရှိ အမျိုးသားညီညွှတ်‌ရေးအစိုးရ၏ အမျိုးသမီးနှင့် က‌လေးသူငယ်များဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မအိသဉ္ဇာ‌မောင်သည်လည်း လူ့‌ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်‌လောင်းအဖြစ် ပြီးခဲ့သည့် ၂၀၂ဝ အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်အ‌ရွေးခံကာ ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။

လူ့‌ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ရှစ်‌လေးလုံး အ‌ရေးအခင်းအပြီး ၁၉၈၈ခုနှစ်၊ ‌အောက်တိုဘာလ ၁၄ရက်‌နေ့က ရန်ကုန်မြို့တွင် စတင် ဖွဲ့စည်းတည်‌ထောင်ခဲ့ပြီး ၁၉၉၁ခုနှစ်တွင် နယ်စပ်သို့ ‌ရောက်ရှိလာခဲ့သည်။ ထို့‌နောက် ၂၀၁၄ခု နှစ်၊ ‌အောက်တိုဘာလ ၂၄ရက်‌နေ့တွင် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်၏ ပါတီမှတ်ပုံတင်ခွင့်ပြု အမှတ်စဉ် (၇၇)ဖြင့် မှတ်ပုံတင်ခွင့် ထပ်မံ ရရှိခဲ့သည်။